ကချင် ရိန်းဂျား စစ်သည်တော်ဟောင်း တစ်ဦးကို ဂုဏ်ပြုကြောင်း ကန်သံရုံး ထုတ်ပြန်

နိုဝင်ဘာ ၁၁

ယနေ့မှကျရောက် သည့် အမေရိကန် စစ်ပြန်များနေ့ မှာ ကချင် ရိန်းဂျား စစ်သည်တော်ဟောင်း တစ်ဦးဖြစ်သည့်  Sara Kaba Joseph Nang Zing Htoi Wa ကို ဂုဏ်ပြုကြောင်း အမေရိကန်သံရုံး က ထုတ်ပြန်လိုက်ပါတယ်။

ယနေ့ နိုဝင်ဘာလ ၁၁ရက်နေ့မှာကျရောက်သည့် အမေရိကန် စစ်ပြန်များနေ့တွင် အမေရိကန်ပြည်ထောင်စုအတွက် တိုက်ပွဲဝင်ခဲ့ကြသည့် သူရဲကောင်းမျိုးဆက်အသီးသီးကို ဂုဏ်ပြုကြောင်း ထုတ်ပြန်ချက်မှာ ထည့်သွင်း ဖော်ပြထားတာ ဖြစ်ပါတယ်။

မိမိတို့နှင့်အတူတကွ လက်တွဲ၍ တိုက်ပွဲဝင်ခဲ့သည့် မဟာမိတ်ရဲဘော်ရဲဘက်များကိုလည်း လေးစားဦးညွတ်ကာ ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာပြည်မြောက်ပိုင်းတွင် အမေရိကန်တပ်များနဲ့အတူ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့သည့် ကချင်ရိန်းဂျားစစ်သည်တော်ဟောင်းကြီး

Sara Kaba Joseph Nang Zing Htoi Wa သည်လည်း အဆိုပါ သူရဲကောင်းများထဲမှ တစ်ဦးအပါအဝင်ဖြစ်တယ်လို့ ဆိုပါတယ်။

ကချင်ရိန်းဂျားစစ်သည် တော်ဟောင်းကြီးသည် အသက် ၉၇ နှစ်အရွယ်မှာ မြစ်ကြီးနားမြို့၌ မကြာသေးမီက ကွယ်လွန်ခဲ့ပြီ ဖြစ်သော်လည်း သူနှင့်ပတ်သက်ပြီး အမှတ်ရစရာများ သည် ဆက်လက် ရှင်သန်နေမှာဖြစ်တယ် လို့ ရေးသားထားပါတယ်။

ကွယ်လွန်သွားပြီ ဖြစ်သော ကရင် ရိန်းဂျားစစ်သည် တော်ဟောင်းကြီး မှာ ဇနီးသည်နဲ့ အတူ သားသမီး ၆ယောက်၊ မြေး ၁၈ ယောက်၊ မြစ် ၂၁ ယောက်နဲ့ တီ ၃ယောက် တို့ ကျန်ရစ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားချက်အရ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*