ကာကွယ်ဆေး အရှိန်မြှင့်ဆေးထိုးနှံမှုမှာ နာကျင်မှုမရှိခဲ့ဘူး လို့ သမ္မတ ပူတင်က အာမခံချက်ပေးခဲ့ပါတယ်။

နိုဝင်ဘာ ၂၂

ရုရှားသမ္မတဗလာဒီမီယာ ပူတင်က သူဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို တတတိယအကြိမ်အဖြစ် ထိုးနှံခဲ့ပြီဖြစ်တဲ့အကြောင်း နိုဝင်ဘာ ၂၁ ရက်မှာ ပြောဆိုခဲ့ပါတယ်။အခုအချိန် ရုရှားနိုင်ငံတွင်းမှာလည်း ကိုဗစ်လှိုင်းသစ်တစ်ခုနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

နိုင်ငံပိုင်ရုပ်သံချိန်နယ် Rossiya 24 မှာ သမ္မတ ပူတင်က ‘ကျွန်တော် လွန်ခဲ့တဲ့ ၂ နာရီလောက်က ဆေးထိုးခဲ့ပါတယ်။” လို့ ပြောကြားခဲ့ပြီး Sputnik  ကာကွယ်ဆေး အရှိန်မြှင့်ဆေးထိုးနှံမှုမှာ နာကျင်မှုမရှိခဲ့ဘူးလို့ ကြည့်ရှုသူတွေကို အာမခံချက်ပေးခဲ့ပါတယ်။

7.jpg

နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှု နေ့စဉ် စံချိန်တင်နေချိန်မှာတောင် အာဏာပိုင်တွေကတော့ ကာကွယ်ဆေး ဆေးထိုးနှံကြဖို့ ပြည်သူတွေကို ကြိုးစားပမ်းစား တိုက်တွန်းနေရဆဲဖြစ်ပါတယ်။

ရုရှားနိုင်ငံမှာ ကိုယ်ပိုင်ထုတ်လုပ်တဲ့ ကာကွယ်ဆေးအမြောက်အများရှိနေပေမယ့် နိုင်ငံ့လူဦးရေရဲ့ ၃၆ ဒသမ ၇ ရာခိုင်နှုန်းကိုသာ ကာကွယ်ဆေးအပြည့်ထိုးပေးရသေးတယ်လို့ အချက်အလက် ဝက်ဘ်ဆိုက် Gogov မှာ ဖော်ပြပါတယ်။

9.jpg

မဖြစ်မနေ ကာကွယ်ဆေးထိုးကြဖို့ဆိုတဲ့ အစီအစဉ်ကို ဆန့်ကျင်တယ်လို့ ပြောဆိုထားဖူးတဲ့ သမ္မတပူတင်က ပြည်သူအမျိုးအစားတွေပေါ်လိုက်ပြီး တချို့ဒေသတွေမှာ ချမှတ်တဲ့ အစီအမံတွေကို ထောက်ခံတယ်လို့လည်း ဆိုပါတယ်။

11.jpg

ပြီးခဲ့တဲ့ဇွန်လတုန်းကတော့ မြို့တော်မော်စကိုမှာရှိတဲ့ အာဏာပိုင်တွေက ဝန်ဆောင်မှုပေးနေတဲ့ ကဏ္ဍမှာအလုပ်လုပ်နေတဲ့မည်သူမဆို ဆေးမဖြစ်မနေထိုးရမယ်လို့ ပြောကြားထားပါတယ်။ ရုရှားနိုင်ငံမှာ ကိုဗစ်ကူးစက်ခံရသူ ၉ ဒသမ ၃ သန်းကျော်ရှိထားပြီး ၂ သိန်းခွဲကျော် သေဆုံးထားပါတယ်။

Rosstat စာရင်းအင်းအေဂျင်စီရဲ့ အချက်အလက်တွေအရကတော့ ကပ်ရောဂါကြောင့် အမှန်တကယ်သေဆုံးသူအရေအတွက်သာ စက်တင်ဘာလကုန်ပိုင်းအထိ ၄ သိန်းခွဲနီးပါးအထိရှိနေပြီလို့ ဆိုထားပါတယ်။

……………….

ႏိုဝင္ဘာ ၂၂

႐ုရွားသမၼတဗလာဒီမီယာ ပူတင္က သူဟာ ကိုဗစ္-၁၉ ကာကြယ္ေဆးကို တတတိယအႀကိမ္အျဖစ္ ထိုးႏွံခဲ့ၿပီျဖစ္တဲ့အေၾကာင္း ႏိုဝင္ဘာ ၂၁ ရက္မွာ ေျပာဆိုခဲ့ပါတယ္။အခုအခ်ိန္ ႐ုရွားႏိုင္ငံတြင္းမွာလည္း ကိုဗစ္လႈိင္းသစ္တစ္ခုနဲ႔ ရင္ဆိုင္ေနရဆဲ ျဖစ္ပါတယ္။

ႏိုင္ငံပိုင္႐ုပ္သံခ်ိန္နယ္ Rossiya 24 မွာ သမၼတ ပူတင္က ‘ကြၽန္ေတာ္ လြန္ခဲ့တဲ့ ၂ နာရီေလာက္က ေဆးထိုးခဲ့ပါတယ္။” လို႔ ေျပာၾကားခဲ့ၿပီး Sputnik  ကာကြယ္ေဆး အရွိန္ျမႇင့္ေဆးထိုးႏွံမႈမွာ နာက်င္မႈမရွိခဲ့ဘူးလို႔ ၾကည့္ရႈသူေတြကို အာမခံခ်က္ေပးခဲ့ပါတယ္။

ႏိုင္ငံတြင္း ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ လူေသဆုံးမႈ ေန႔စဥ္ စံခ်ိန္တင္ေနခ်ိန္မွာေတာင္ အာဏာပိုင္ေတြကေတာ့ ကာကြယ္ေဆး ေဆးထိုးႏွံၾကဖို႔ ျပည္သူေတြကို ႀကိဳးစားပမ္းစား တိုက္တြန္းေနရဆဲျဖစ္ပါတယ္။

႐ုရွားႏိုင္ငံမွာ ကိုယ္ပိုင္ထုတ္လုပ္တဲ့ ကာကြယ္ေဆးအေျမာက္အမ်ားရွိေနေပမယ့္ ႏိုင္ငံ့လူဦးေရရဲ႕ ၃၆ ဒသမ ၇ ရာခိုင္ႏႈန္းကိုသာ ကာကြယ္ေဆးအျပည့္ထိုးေပးရေသးတယ္လို႔ အခ်က္အလက္ ဝက္ဘ္ဆိုက္ Gogov မွာ ေဖာ္ျပပါတယ္။

မျဖစ္မေန ကာကြယ္ေဆးထိုးၾကဖို႔ဆိုတဲ့ အစီအစဥ္ကို ဆန႔္က်င္တယ္လို႔ ေျပာဆိုထားဖူးတဲ့ သမၼတပူတင္က ျပည္သူအမ်ိဳးအစားေတြေပၚလိုက္ၿပီး တခ်ိဳ႕ေဒသေတြမွာ ခ်မွတ္တဲ့ အစီအမံေတြကို ေထာက္ခံတယ္လို႔လည္း ဆိုပါတယ္။

ၿပီးခဲ့တဲ့ဇြန္လတုန္းကေတာ့ ၿမိဳ႕ေတာ္ေမာ္စကိုမွာရွိတဲ့ အာဏာပိုင္ေတြက ဝန္ေဆာင္မႈေပးေနတဲ့ က႑မွာအလုပ္လုပ္ေနတဲ့မည္သူမဆို ေဆးမျဖစ္မေနထိုးရမယ္လို႔ ေျပာၾကားထားပါတယ္။ ႐ုရွားႏိုင္ငံမွာ ကိုဗစ္ကူးစက္ခံရသူ ၉ ဒသမ ၃ သန္းေက်ာ္ရွိထားၿပီး ၂ သိန္းခြဲေက်ာ္ ေသဆုံးထားပါတယ္။

Rosstat စာရင္းအင္းေအဂ်င္စီရဲ႕ အခ်က္အလက္ေတြအရကေတာ့ ကပ္ေရာဂါေၾကာင့္ အမွန္တကယ္ေသဆုံးသူအေရအတြက္သာ စက္တင္ဘာလကုန္ပိုင္းအထိ ၄ သိန္းခြဲနီးပါးအထိရွိေနၿပီလို႔ ဆိုထားပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*