ဈေးမြင့်တက်နေပေမယ့် ပုံမှန်ပေါက်ဈေးထက် လျော့ရောင်းနေရတဲ့ လက်ရှိကားစျေးကွက်

ကားဈေးမြင့်တက်နေပေမယ့် ပုံမှန်ပေါက်ဈေးထက် စျေးလျော့ရောင်းနေရတဲ့ လက်ရှိကားစျေးကွက်အခြေအနေ

ကားဈေးမြင့်တက်နေပေမယ့် ပုံမှန်ပေါက်ဈေးထက် စျေးလျော့ရောင်းနေရတဲ့ လက်ရှိကားစျေးကွက်အခြေအနေ

ပြည်ပမှကားတင်သွင်းခွင့်ကန့်သတ်မှုကြောင့် ပြည်တွင်းကားဈေးကွက်တစ်ခုလုံး မငြိမ်မသက်ဖြစ်လာနေတယ်လို့ ကားစျေးကွက်အတွင်းမှကြားသိရပါတယ်။

နစကအစိုးရအနေနဲ့ ပြည်ပမှလူတစ်ဦးချင်းမော်တော်ယာဉ်တင်သွင်းခွင့်ပိတ်လိုက်တာအပါအဝင် ကားတင်သွင်းခွင့်အချို့ကန့်သတ်လိုက်တာကြောင့်ပြည်တွင်းကားဈေးကွက်မှာ ဈေးကစားတဲ့အခြေအနေအချို့ဖြစ်ပေါ်လာပြီးမငြိမ်မသက်ဖြစ်လာနေတယ်လို့ဆိုပါတယ်။

စီးပွားကူးသန်းဝန်ကြီးဌာနအနေနဲ့မော်တော်ယာဉ်တင်သွင်းခွင့်နဲ့ပါတ်သက်ပြီး မူဝါဒတွေကို မကြာခဏချမှတ်နေတာဖြစ်ပါတယ်။လတ်တလောနိုင်ငံခြားငွေဈေးနှုန်းဆက်တိုက်မြင့်တက်လာတာကို ထိန်းချုပ်နိုင်ဖို့ကားအပါအဝင် ပြည်ပမှသွင်းကုန်တွေကိုကန့်သတ်လိုက်တာဖြစ်ပါတယ်။

အခုလိုပြည်ပကကားတင်သွင်းခွင့်ကန့်သတ်ချက်ကြောင့်ပြည်တွင်းတစ်ပတ်ရစ်ကားဈေးကွက်ကမငြိမ်မသက်ဖြစ်လာပြီး သိန်းဆယ်ဂဏန်းဝန်းကျင်ဈေးတက်သွားတယ်လို့ဝယ်ရောင်းတွေကဆိုကြပါတယ်။

ကားဈေးအနည်းငယ်မြင့်တက်နေပေမယ့်လည့် အမှန်တကယ်အရောင်းအဝယ်ဖြစ်တဲ့ အခြေအနေကတော့ပုံမှန်ပေါက်ဈေးထက်လျော့ရောင်းရတဲ့အနေအထားသာဖြစ်တယ်လို့ ဝါရင့်ကားဝယ်ရောင်း ဦးနီကဆိုပါတယ်။

ဦးနီက”ကားဈေးကသွင်းမရတော့လို့တက်ဈေးနဲ့ခေါ်ကြည့်ကြပေမယ့် အမှန်တကယ်အရောင်းအဝယ်ကတော့ပေါက်ဈေးထက်တောင်လျော့ရောင်းရပါတယ်၊ငွေသားနဲ့ချေရင်ပိုပြီးဈေးလျော့ပေးရတယ်ခုချိန်က”လို့ဆိုပါတယ်။

ပြည်တွင်းမှာတပ်ဆင်ထုတ်လုပ်နေတဲ့ကားတွေကတော့ဈေးနှုန်းသိသိသာသာပြောင်းလဲတာမျိုးမရှိဘူးလို့လည်းကားဝယ်ရောင်းတွေထံကသိရပါတယ်။

…………………

zawgyi

ကားေဈးျမင့္တက္ေနေပမယ့္ ပုံမွန္ေပါက္ေဈးထက္ ေစ်းေလ်ာ့ေရာင္းေနရတဲ့ လက္ရွိကားေစ်းကြက္အေျခအေန

 

ကားေဈးျမင့္တက္ေနေပမယ့္ ပုံမွန္ေပါက္ေဈးထက္ ေစ်းေလ်ာ့ေရာင္းေနရတဲ့ လက္ရွိကားေစ်းကြက္အေျခအေန

ျပည္ပမွကားတင္သြင္းခြင့္ကန႔္သတ္မႈေၾကာင့္ ျပည္တြင္းကားေဈးကြက္တစ္ခုလုံး မၿငိမ္မသက္ျဖစ္လာေနတယ္လို႔ ကားေစ်းကြက္အတြင္းမွၾကားသိရပါတယ္။

နစကအစိုးရအေနနဲ႔ ျပည္ပမွလူတစ္ဦးခ်င္းေမာ္ေတာ္ယာဥ္တင္သြင္းခြင့္ပိတ္လိုက္တာအပါအဝင္ ကားတင္သြင္းခြင့္အခ်ိဳ႕ကန႔္သတ္လိုက္တာေၾကာင့္ျပည္တြင္းကားေဈးကြက္မွာ ေဈးကစားတဲ့အေျခအေနအခ်ိဳ႕ျဖစ္ေပၚလာၿပီးမၿငိမ္မသက္ျဖစ္လာေနတယ္လို႔ဆိုပါတယ္။

စီးပြားကူးသန္းဝန္ႀကီးဌာနအေနနဲ႔ေမာ္ေတာ္ယာဥ္တင္သြင္းခြင့္နဲ႔ပါတ္သက္ၿပီး မူဝါဒေတြကို မၾကာခဏခ်မွတ္ေနတာျဖစ္ပါတယ္။လတ္တေလာႏိုင္ငံျခားေငြေဈးႏႈန္းဆက္တိုက္ျမင့္တက္လာတာကို ထိန္းခ်ဳပ္ႏိုင္ဖို႔ကားအပါအဝင္ ျပည္ပမွသြင္းကုန္ေတြကိုကန႔္သတ္လိုက္တာျဖစ္ပါတယ္။

အခုလိုျပည္ပကကားတင္သြင္းခြင့္ကန႔္သတ္ခ်က္ေၾကာင့္ျပည္တြင္းတစ္ပတ္ရစ္ကားေဈးကြက္ကမၿငိမ္မသက္ျဖစ္လာၿပီး သိန္းဆယ္ဂဏန္းဝန္းက်င္ေဈးတက္သြားတယ္လို႔ဝယ္ေရာင္းေတြကဆိုၾကပါတယ္။

ကားေဈးအနည္းငယ္ျမင့္တက္ေနေပမယ့္လည့္ အမွန္တကယ္အေရာင္းအဝယ္ျဖစ္တဲ့ အေျခအေနကေတာ့ပုံမွန္ေပါက္ေဈးထက္ေလ်ာ့ေရာင္းရတဲ့အေနအထားသာျဖစ္တယ္လို႔ ဝါရင့္ကားဝယ္ေရာင္း ဦးနီကဆိုပါတယ္။

ဦးနီက”ကားေဈးကသြင္းမရေတာ့လို႔တက္ေဈးနဲ႔ေခၚၾကည့္ၾကေပမယ့္ အမွန္တကယ္အေရာင္းအဝယ္ကေတာ့ေပါက္ေဈးထက္ေတာင္ေလ်ာ့ေရာင္းရပါတယ္၊ေငြသားနဲ႔ေခ်ရင္ပိုၿပီးေဈးေလ်ာ့ေပးရတယ္ခုခ်ိန္က”လို႔ဆိုပါတယ္။

ျပည္တြင္းမွာတပ္ဆင္ထုတ္လုပ္ေနတဲ့ကားေတြကေတာ့ေဈးႏႈန္းသိသိသာသာေျပာင္းလဲတာမ်ိဳးမရွိဘူးလို႔လည္းကားဝယ္ေရာင္းေတြထံကသိရပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*