ကိုဂျင်မီ အကြမ်းဖက် ဖမ်းဆီးခံရမှု အကျိုးဆက်အားလုံး စစ်အုပ်စုတွင် တာဝန်ရှိ

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီ အဖမ်းခံရမှုနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေအားလုံးဟာ မတရားဖမ်းဆီးခဲ့တဲ့ စစ်အုပ်စုမှာ တာဝန်အပြည့်အဝရှိပြီး စစ်အုပ်စုအနေဲ့ တာဝန်ယူ၊ တာဝန်ခံရမှာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်း သားများကူညီစောင့်ရှောက်အသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီ(ခ) ကိုကျော်မင်းယုကို အာဏာသိမ်းစစ်အုပ်စုက အောက်တိုဘာ ၂၃ ရက်နေ့ ညပိုင်းက အင်အား အလွန်အကျွံသုံးပြီး အကြမ်းဖက်ဖမ်းဆီးခဲ့တာဖြစ်ပြီး အဲဒီလို ဖမ်းဆီးချိန်အတွင်း ဦးခေါင်းမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ သိရှိရပါတယ်။

ကိုဂျင်မီဟာ ဖမ်းဆီးခံရစဉ် ဒဏ်ရာပြင်းထန်စွာ ရရှိတဲ့အတွက် မင်္ဂလာဒုံ စစ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ စုံစမ်းသိရကြောင်း သူ့ရဲ့ ဇနီးဖြစ်သူ မနီလာသိန်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ အသိပေးထားပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ သူတို့နဲ့ အယူအဆမတူတွေကို ဖမ်းဆီးရာမှာ မလိုလားအပ် ဘဲ ကြမ်းတမ်းစွာဆက်ဆံတာတွေကို ပြုလုပ်နေတာကိုလည်း တွေ့ရှိနေရပြီး ဖမ်းဆီးစဉ် ပစ်ခတ်ခံရပြီး သေဆုံးတာတွေ၊ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်တာကြောင့် သေဆုံး တာတွေလည်း ရှိနေတာကို တွေ့ရှိနေရပါတယ်။

အဲဒီလို လုပ်ရပ်တွေဟာ အာဏာသိမ်း စစ်အုပ်စုက အာဏာတည်မြဲရေးအတွက် တရားဥပဒေကို မထေမဲ့မြင်ပြုပြီး အပြစ်မဲ့ ပြည်သူတွေကို စိတ်ထင်တိုင်း တရားမဲ့ပြုကျင့်နေကြောင်း ပေါ်လွင်နေတယ်လို့ အေအေပီပီက ပြောပါတယ်။

ဒါကြောင့်မို့ နိုင်ငံတကာအသိုက်အဝန်း အနေနဲ့လည်း ကိုဂျင်မီအပါအဝင် မတရားဖမ်းဆီး ခံထားရသူတွေကို ညှဉ်းပန်းနှိပ်စက်မှုတွေက ကာကွယ်ပေးဖို့နဲ့ လွတ်မြောက်ရေးအတွက် အား ထုတ်ဆောင်ရွက်ပေးဖို့ အေအေပီပီက အလေးအနက် မေတ္တာရပ်ခံထားပါတယ်။

…………..

၈၈ မ်ိဳးဆက္ ေက်ာင္းသားေခါင္းေဆာင္တဦးျဖစ္တဲ့ ကိုဂ်င္မီ အဖမ္းခံရမႈနဲ႔ ပတ္သက္ၿပီး ျဖစ္ေပၚလာမယ့္ အက်ိဳးဆက္ေတြအားလုံးဟာ မတရားဖမ္းဆီးခဲ့တဲ့ စစ္အုပ္စုမွာ တာဝန္အျပည့္အဝရွိၿပီး စစ္အုပ္စုအေနဲ႔ တာဝန္ယူ၊ တာဝန္ခံရမွာျဖစ္တယ္လို႔ ႏိုင္ငံေရးအက်ဥ္း သားမ်ားကူညီေစာင့္ေရွာက္အသင္း(ေအေအပီပီ)က ထုတ္ျပန္ပါတယ္။

၈၈ ၿငိမ္းခ်မ္းေရးႏွင့္ပြင့္လင္းလူ႔အဖြဲ႕အစည္းရဲ႕ ေခါင္းေဆာင္တဦးျဖစ္တဲ့ ကိုဂ်င္မီ(ခ) ကိုေက်ာ္မင္းယုကို အာဏာသိမ္းစစ္အုပ္စုက ေအာက္တိုဘာ ၂၃ ရက္ေန႔ ညပိုင္းက အင္အား အလြန္အကြၽံသုံးၿပီး အၾကမ္းဖက္ဖမ္းဆီးခဲ့တာျဖစ္ၿပီး အဲဒီလို ဖမ္းဆီးခ်ိန္အတြင္း ဦးေခါင္းမွာ အသက္အႏၲရာယ္ စိုးရိမ္ရတဲ့အထိ ထိခိုက္ဒဏ္ရာရရွိထားတယ္လို႔ သိရွိရပါတယ္။

ကိုဂ်င္မီဟာ ဖမ္းဆီးခံရစဥ္ ဒဏ္ရာျပင္းထန္စြာ ရရွိတဲ့အတြက္ မဂၤလာဒုံ စစ္ေဆး႐ုံမွာ ေဆးကုသမႈ ခံယူေနရတယ္လို႔ စုံစမ္းသိရေၾကာင္း သူ႔ရဲ႕ ဇနီးျဖစ္သူ မနီလာသိန္းက သူ႔ရဲ႕ ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္မွာ အသိေပးထားပါတယ္။

အာဏာသိမ္း စစ္အုပ္စုဟာ သူတို႔နဲ႔ အယူအဆမတူေတြကို ဖမ္းဆီးရာမွာ မလိုလားအပ္ ဘဲ ၾကမ္းတမ္းစြာဆက္ဆံတာေတြကို ျပဳလုပ္ေနတာကိုလည္း ေတြ႕ရွိေနရၿပီး ဖမ္းဆီးစဥ္ ပစ္ခတ္ခံရၿပီး ေသဆုံးတာေတြ၊ စစ္ေၾကာေရးမွာ ညႇဥ္းပန္းႏွိပ္စက္တာေၾကာင့္ ေသဆုံး တာေတြလည္း ရွိေနတာကို ေတြ႕ရွိေနရပါတယ္။

အဲဒီလို လုပ္ရပ္ေတြဟာ အာဏာသိမ္း စစ္အုပ္စုက အာဏာတည္ၿမဲေရးအတြက္ တရားဥပေဒကို မေထမဲ့ျမင္ျပဳၿပီး အျပစ္မဲ့ ျပည္သူေတြကို စိတ္ထင္တိုင္း တရားမဲ့ျပဳက်င့္ေနေၾကာင္း ေပၚလြင္ေနတယ္လို႔ ေအေအပီပီက ေျပာပါတယ္။

ဒါေၾကာင့္မို႔ ႏိုင္ငံတကာအသိုက္အဝန္း အေနနဲ႔လည္း ကိုဂ်င္မီအပါအဝင္ မတရားဖမ္းဆီး ခံထားရသူေတြကို ညႇဥ္းပန္းႏွိပ္စက္မႈေတြက ကာကြယ္ေပးဖို႔နဲ႔ လြတ္ေျမာက္ေရးအတြက္ အား ထုတ္ေဆာင္႐ြက္ေပးဖို႔ ေအေအပီပီက အေလးအနက္ ေမတၱာရပ္ခံထားပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*