ကိုဗစ်ကာကွယ်ဆေး ထိုးရန်လာစဥ် သုံးဘီးယာဉ် ချောက်ထဲပြုတ်ကျ၍ နှစ်ဦးသေ၊ ခုနစ်ဦးခန့် ဒဏ်ရာရ

အောက်တိုဘာ – ၂၃

စစ်ကိုင်းတိုင်း၊ ကသာမြို့ပေါ်သို့ ကိုဗစ်ကာကွယ်ဆေးထိုးရန် လာရောက်စဉ် စီးနင်းလာသည့် သုံးဘီးယာဉ် ချောက်ထဲပြုတ်ကျပြီး နှစ်ဦးသေ၊ ခုနစ်ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ အောက်တိုဘာလ (၂၃)ရက် နံနက်ပိုင်းတွင် ကာကွယ်ဆေးထိုးရန် ထွက်လာသည့် နောင်ပင်ရွာသားများ စီးလာသော သုံးဘီးယာဉ်မှာ ရွှေပြည်သစ်ရွာအနီးသို့အရောက် ချောက်ထဲပြုတ်ကျခဲ့ခြင်း ဖြစ်ကြောင်း

ကသာအခြေစိုက် လူမှုကူညီရေးအသင်းတစ်ခုထံမှ သိရသည်။ ” တစ်ဦးက နေရာမှာတင် ပွဲချင်းပြီး ဆုံးတယ်။ တစ်ဦးက မန္တလေးဆေးရုံကို ပို့ရင်း လမ်းမှာဆုံးသွားတယ်။ ထိခိုက်ဒဏ်ရာရတာခုနစ်ဦး၊ ရှစ်ဦးလောက်ရှိတယ် ” ဟု အဆိုပါအသင်း တာဝန်ရှိသူက ပြောသည်။

ထိခိုက်ဒဏ်ရာ ရရှိသူများကို ကသာဆေးရုံသို့ ပို့ဆောင်ထားရကြောင်းလည်း အဆိုပါအသင်းထံမှ ထပ်မံ သိရှိရသည်။

……………

ေအာက္တိုဘာ – ၂၃

စစ္ကိုင္းတိုင္း၊ ကသာၿမိဳ႕ေပၚသို႔ ကိုဗစ္ကာကြယ္ေဆးထိုးရန္ လာေရာက္စဥ္ စီးနင္းလာသည့္ သုံးဘီးယာဥ္ ေခ်ာက္ထဲျပဳတ္က်ၿပီး ႏွစ္ဦးေသ၊ ခုနစ္ဦးခန႔္ ထိခိုက္ဒဏ္ရာရခဲ့ေၾကာင္း သတင္းရရွိသည္။

ယေန႔ ေအာက္တိုဘာလ (၂၃)ရက္ နံနက္ပိုင္းတြင္ ကာကြယ္ေဆးထိုးရန္ ထြက္လာသည့္ ေနာင္ပင္႐ြာသားမ်ား စီးလာေသာ သုံးဘီးယာဥ္မွာ ေ႐ႊျပည္သစ္႐ြာအနီးသို႔အေရာက္ ေခ်ာက္ထဲျပဳတ္က်ခဲ့ျခင္း ျဖစ္ေၾကာင္း

ကသာအေျခစိုက္ လူမႈကူညီေရးအသင္းတစ္ခုထံမွ သိရသည္။ ” တစ္ဦးက ေနရာမွာတင္ ပြဲခ်င္းၿပီး ဆုံးတယ္။ တစ္ဦးက မႏၲေလးေဆး႐ုံကို ပို႔ရင္း လမ္းမွာဆုံးသြားတယ္။ ထိခိုက္ဒဏ္ရာရတာခုနစ္ဦး၊ ရွစ္ဦးေလာက္ရွိတယ္ ” ဟု အဆိုပါအသင္း တာဝန္ရွိသူက ေျပာသည္။

ထိခိုက္ဒဏ္ရာ ရရွိသူမ်ားကို ကသာေဆး႐ုံသို႔ ပို႔ေဆာင္ထားရေၾကာင္းလည္း အဆိုပါအသင္းထံမွ ထပ္မံ သိရွိရသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*