ကိုဗစ်မျိုးကွဲသစ် အိုမေခရွန်ဟာ ပိုပြီးကူးစက်မှုမြန်တဲ့အန္တရာယ်ရှိနေတယ်လို့ WHO ပြောလာ

ကိုဗစ်မျိုးကွဲသစ် အိုမေခရွန်ဟာ ပိုပြီးကူးစက်မှုမြန်တဲ့အန္တရာယ်ရှိနေတယ်လို့ WHO ပြောလာ
တောင်အာဖရိကနိုင်ငံမှာ တွေ့ရတဲ့ ကိုဗစ်မျိုးကွဲသစ် B.1.1.529 က ပိုပြီးကူးစက်မှုမြန်ဆန်တဲ့ အန္တရာယ်ရှိနေတဲ့သက်သေအထောက်အထားတွေတွေ့ရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က နိုဝင်ဘာ ၂၆ရက်မှာ ထုတ်ပြန်ပြောလာပါတယ်။
ဂျနီဗာမှာ တစ်ရက်တာကျင်းပခဲ့တဲ့ အဲဒီမျိုးကွဲနဲ့ပတ်သက်တဲ့ဆွေးနွေးပွဲနောက်မှာ အခုကိုဗစ်မျိုးကွဲသစ်ဟာသန္ဓေပြောင်းလဲနိုင်တာကြောင့် စိုးရိမ်ရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကပြောလာတာပါ။ မျိုးကွဲရဲ့ ပြင်းထန်မှုနဲ့ကူးစက်နိုင်မှုတွေကို
တောင်အာဖရိကအပါအဝင် နိုင်ငံတော်တော်များများမှာ လေ့လာနေတယ်လို့ဆိုပါတယ်။ဒီမျိုးကွဲသစ်ကို အိုမေခရွန်လို့နာမည်ပေးထားပြီး ဒီမျိုးကွဲနဲ့ဆက်စပ်တဲ့မျိုးကွဲတွေကို ဘော့ဆွာနာ၊ ဟောင်ကောင်၊ဘယ်ဂျီယမ်နဲ့ အစ္စရေးတို့မှာတွေ့ရတယ်လို့ လည်းဆိုပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ နည်းပညာကွန်ဖရင့် မှာ ဒီမျိုးကွဲအသစ်နဲ့ပတ်သက်လို့ဆွေးနွေးအပြီးမှာ စိုးရိမ်သဖွယ်ကူးစက် ဖြစ်ပွားမှုများ ဖြစ်ပေါ်နိုင်တဲ့ မျိုးဗီဇပြောင်းပိုးများအုပ်စု (Variants of Concern) မှာ အယ်(လ်)ဖာ၊ ဘီတာ၊ ဂမ်မာ နဲ့ ဒယ်(လ်)တာ တို့နဲ့အတူ
အိုမေခရွန် (omicron) မျိုးဗီဇပြောင်းပိုးအဖြစ် ငါးခုမြောက်အမည်ပေးထည့်သွင်းလိုက်တာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြောခွင့်ရသူတွေကတော့ မြန်မာနိုင်ငံတွင်း ဒီမျိုးကွဲသစ်ကိုမတွေ့ရသေးပေမယ့် ပုံမှန် ကိုဗစ်ကာကွယ်ရေးနည်းလမ်းတွေဖြစ်တဲ့
နှာခေါင်းစည်းတပ်တာ၊လက်ဆေးတာနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးတာတွေကို စဉ်ဆက်မပြတ်လုပ်ကြဖို့ တိုက်တွန်းနေတာတွေ့ရပါတယ်။
>>>>zawgyi<<<<

ကိုဗစ္မ်ိဳးကြဲသစ္ အိုေမခ႐ြန္ဟာ ပိုၿပီးကူးစက္မႈျမန္တဲ့အႏၲရာယ္ရွိေနတယ္လို႔ WHO ေျပာလာ

ေတာင္အာဖရိကႏိုင္ငံမွာ ေတြ႕ရတဲ့ ကိုဗစ္မ်ိဳးကြဲသစ္ B.1.1.529 က ပိုၿပီးကူးစက္မႈျမန္ဆန္တဲ့ အႏၲရာယ္ရွိေနတဲ့သက္ေသအေထာက္အထားေတြေတြ႕ရတယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က ႏိုဝင္ဘာ ၂၆ရက္မွာ ထုတ္ျပန္ေျပာလာပါတယ္။

ဂ်နီဗာမွာ တစ္ရက္တာက်င္းပခဲ့တဲ့ အဲဒီမ်ိဳးကြဲနဲ႔ပတ္သက္တဲ့ေဆြးေႏြးပြဲေနာက္မွာ အခုကိုဗစ္မ်ိဳးကြဲသစ္ဟာသေႏၶေျပာင္းလဲႏိုင္တာေၾကာင့္ စိုးရိမ္ရတယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO ကေျပာလာတာပါ။ မ်ိဳးကြဲရဲ႕ ျပင္းထန္မႈနဲ႔ကူးစက္ႏိုင္မႈေတြကို

ေတာင္အာဖရိကအပါအဝင္ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ ေလ့လာေနတယ္လို႔ဆိုပါတယ္။ဒီမ်ိဳးကြဲသစ္ကို အိုေမခ႐ြန္လို႔နာမည္ေပးထားၿပီး ဒီမ်ိဳးကြဲနဲ႔ဆက္စပ္တဲ့မ်ိဳးကြဲေတြကို ေဘာ့ဆြာနာ၊ ေဟာင္ေကာင္၊ဘယ္ဂ်ီယမ္နဲ႔ အစၥေရးတို႔မွာေတြ႕ရတယ္လို႔ လည္းဆိုပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႕ရဲ႕ နည္းပညာကြန္ဖရင့္ မွာ ဒီမ်ိဳးကြဲအသစ္နဲ႔ပတ္သက္လို႔ေဆြးေႏြးအၿပီးမွာ စိုးရိမ္သဖြယ္ကူးစက္ ျဖစ္ပြားမႈမ်ား ျဖစ္ေပၚႏိုင္တဲ့ မ်ိဳးဗီဇေျပာင္းပိုးမ်ားအုပ္စု (Variants of Concern) မွာ အယ္(လ္)ဖာ၊ ဘီတာ၊ ဂမ္မာ နဲ႔ ဒယ္(လ္)တာ တို႔နဲ႔အတူ

အိုေမခ႐ြန္ (omicron) မ်ိဳးဗီဇေျပာင္းပိုးအျဖစ္ ငါးခုေျမာက္အမည္ေပးထည့္သြင္းလိုက္တာျဖစ္ပါတယ္။ စစ္ေကာင္စီရဲ႕ က်န္းမာေရးဝန္ႀကီးဌာနက ေျပာခြင့္ရသူေတြကေတာ့ ျမန္မာႏိုင္ငံတြင္း ဒီမ်ိဳးကြဲသစ္ကိုမေတြ႕ရေသးေပမယ့္ ပုံမွန္ ကိုဗစ္ကာကြယ္ေရးနည္းလမ္းေတြျဖစ္တဲ့

ႏွာေခါင္းစည္းတပ္တာ၊လက္ေဆးတာနဲ႔ ကိုဗစ္ကာကြယ္ေဆးထိုးတာေတြကို စဥ္ဆက္မျပတ္လုပ္ၾကဖို႔ တိုက္တြန္းေနတာေတြ႕ရပါတယ္။

 

Be the first to comment

Leave a Reply

Your email address will not be published.


*