ကိုဗစ် ပဉ္စမလှိုင်းကူးစက်ခံရမှုတွေ ဟာ သတိထားရ မယ့် နှုန်းထား နဲ့ မြင့်တက်လာနေပြီဟု ဆို

နိုဝင်ဘာ ၂၂

ပြင်သစ်နိုင်ငံမှာ ကိုဗစ် ပဉ္စမလှိုင်းကူးစက်ခံရမှုတွေဟာ သတိထားရမယ့်နှုန်းထားတဲ့ မြင့်တက်လာနေပြီလို့ အစိုးရက နိုဝင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်လိုက်ပြီး နေ့စဉ်ကိုဗစ်ကူးစက်နှုန်းတွေဟာ လွန်ခဲ့တဲ့ သီတင်းပတ်ကထက် နှစ်ဆနီးပါးအထိ မြင့်တက်လာခဲ့ပြီလည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၇ ရက်အတွင်း ပျှမ်းမျှရောဂါပိုးကူးစက်ခံရသူ အရေအတွက်မှာ လွန်ခဲ့တဲ့ သီတင်းပတ်တုန်းက ၉၄၅၈ ဦးသာရှိခဲ့ရာမှ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့က ၁၇၁၅၃ ဦးအထိ ၈၁ ရာခိုင်နှုန်းခန့်မြင့်လာခဲ့တယ်လို့ ကျန်းမာရေးဆိုင်ရာ အာဏာပိုင်တွေကဆိုပါတယ်။

၅.jpg

အစိုးရပြောခွင့်ရသူ ဂေဘရီယယ် အက်တယ်က “ပဉ္စမလှိုင်းဟာ လျှပ်စီးလို အလျင်နှုန်းနဲ့ စတင်လာနေပါပြီ” လို့ မီဒီယာတွေကို ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ ၇ ရက်တာ ကိုဗစ်ကူးစက်ခံရသူတိုးနှုန်းဟာ လွန်ခဲ့တဲ့ သီတင်း ၃ ပတ်အတွင်း

ကူးစက်ခံခဲ့ရသူ အရေအတွက်ထက် ကျော်လွန်သွားခဲ့ပြီး ရောဂါပိုးကူးစက်ခံရမှုအရှိန်အဟုန်အလွန်ကောင်းလာပြီဆိုတာကို ပြသနေတယ်လို့လည်း ဆိုပါတယ်။

၈.jpg

အခုလိုမျိုး ရောဂါကူးစက်ခံရသူအရေအတွက် အရှိန်နှုန်းနဲ့ မြင့်တက်လာခဲ့ပေမယ့် ကိုဗစ်ရဲ့ အန္တရာယ်အများဆုံးပုံစံတွေကို ထိထိရောက်ရောက် တိုက်ထုတ်နိုင်တဲ့ ကာကွယ်ဆေးထိုးနှုန်းဟာ နိုင်ငံတဝန်းမှာ မြင့်တက်နေတဲ့အပြင်

ဆေးရုံတွေမှာ အထူးကြပ်မတ်ကုသရမယ့် လူနာအရေအတွက်ကို ကန့်သတ်အနေအထားနဲ့သာ လက်ခံမှာဖြစ်တာကြောင့် ဆေးရုံတွေမှာ လူနာတွေစုပြုံနေတာမျိုးရှိမှာမဟုတ်ဘူးလို့လည်း သိရပါတယ်။

၆.jpg

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်တုန်းက ဆေးရုံတွေမှာ ကုသခံနေရသူ ကိုဗစ်လူနာ အရေအတွက်ဟာ ၇၉၄၇ ဦးရှိနေပြီး အဲဒီအထဲက ၁၃၃၃ ဦးဟာ အထူးကြပ်မတ်ကုသခံယူနေရသူများဖြစ်တယ်လို့ သိရပါတယ်။ အစိုးရပြောခွင့်ရသူက “ရောဂါကူးစက်ခံရသူမှုတွေက တော်တော်လေးကို ပြင်းပြင်းထန်ထန် မြင့်တက်လာပါတယ်၊

ဒါပေမယ့် ပြင်သစ်နိုင်ငံဟာ အလွန်ကြီးမားတဲ့ ကာကွယ်ဆေး လွှမ်းခြုံမှုရှိနေပါပြီ၊ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတွေထက် အရင် ဆေးရှိန်မြှင့်ဆေးတွေ ထိုးနှံနိုင်တော့မှာဖြစ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ပြင်သစ်မှာပြီးခဲ့တဲ့ နွေရာသီကာလမှာကတည်းက တခြားနိုင်ငံတွေထက် အရင်ကျန်းမာရေးဆိုင်ရာ ခွင့်ပြုလက်မှတ်စနစ်ကို စတင်ခဲ့တာဖြစ်ပါတယ်။ ကာကွယ်ဆေး အပြည့်ထိုးပြီးထားသူ၊ ကိုဗစ်ကနေ ပြန်လည်ကျန်းမာလူသူနဲ့ ဗိုင်းရပ်စ် ပိုးမတွေ့ အဖြေထွက်ထားသူတွေကို သတ်မှတ်ပေးမယ့်

အဲဒီကျန်းမာရေးဆိုင်ရာ ခွင့်ပြုလက်မှတ်ကိုစားသောက်ဆိုင်၊ ကဖေးနဲ့တခြား ယဉ်ကျေးမှုဆိုင်ရာနေရာတွေဆီမှာ ပြသဖို့လိုအပ်မှာ ဖြ်စပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*