ကျောက်ဆည် ဟံမြင့်မိုရ်လမ်းတွင် မူးယစ်ဆေးများ ဖမ်းမိ

အောက်တိုဘာ -၂၁

မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် ရွာငံ – ဟံမြင့်မိုရ်သွားကားလမ်း ကင်းရွာအနီးတွင် အောက်တိုဘာ(၁၇)ရက် ညပိုင်းက ကျပ်သိန်း (၄၁၄၀၀)ကျော် တန်ဘိုးရှိ မူးယစ်ဆေးများ ဖမ်းမိခဲ့ကြောင်း စစ်ကောင်စီ လက်အောက်ခံ

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ကျောက်ဆည်မြို့နယ်၊ ရွာငံ-ဟံမြင့်မိုရ်လမ်း၊ ကင်းရွာအနီးတွင် အောက်တိုဘာ (၁၉)ရက် ည(၇)နာရီဝန်းကျင်က မော်တော်ယာဉ်များကို တားဆီးစစ်ဆေးရာမှ

ကုန်တင်ကားတစ်စီး၏ နောက်ခန်း၌ မြေပဲတောင့်အိတ်များ အောက်ရှိ ခရမ်းချဉ်သီး သေတ္တာများအတွင်း ဝှက်သယ်ဆောင်လာသည့် ပန်းရောင်စိတ်ကြွဆေးပြားများ တွေ့ရှိဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ ကုန်တင်ယာဉ်ပေါ်မှ ပန်းရောင်စိတ်ကြွဆေးပြား (၂၇)သိန်းကျော်၊ ကာလဒေသပေါက်စျေး တစ်ပြားလျှင် ကျပ်(၁၅၀၀)နှုန်းဖြင့် စုစုပေါင်း ကျပ်သိန်း (၄၁၄၀၀)ဖိုး ဖမ်းမိခဲ့သည်ဟု စစ်ကောင်စီ ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းက ဆိုသည်။

အဆိုပါ မူးယစ်ဆေးများ ဖမ်းမိမှုနှင့် ပတ်သက်၍ မူးယစ်ဆေးများ တင်ဆောင်လာသည့် ကုန်ကားမောင်းသူ အသက်(၃၀)ကျော်အရွယ် အမျိုးသားကို အမရပူရမြို့နယ် မြစ်ငယ်ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်

စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ-၁၉/၂၀(က)/၂၁ ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

…………………..

ေအာက္တိုဘာ -၂၁

မႏၲေလးတိုင္း ေက်ာက္ဆည္ၿမိဳ႕နယ္ ႐ြာငံ – ဟံျမင့္မိုရ္သြားကားလမ္း ကင္း႐ြာအနီးတြင္ ေအာက္တိုဘာ(၁၇)ရက္ ညပိုင္းက က်ပ္သိန္း (၄၁၄၀၀)ေက်ာ္ တန္ဘိုးရွိ မူးယစ္ေဆးမ်ား ဖမ္းမိခဲ့ေၾကာင္း စစ္ေကာင္စီ လက္ေအာက္ခံ

မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕က ထုတ္ျပန္သည္။ ေက်ာက္ဆည္ၿမိဳ႕နယ္၊ ႐ြာငံ-ဟံျမင့္မိုရ္လမ္း၊ ကင္း႐ြာအနီးတြင္ ေအာက္တိုဘာ (၁၉)ရက္ ည(၇)နာရီဝန္းက်င္က ေမာ္ေတာ္ယာဥ္မ်ားကို တားဆီးစစ္ေဆးရာမွ

ကုန္တင္ကားတစ္စီး၏ ေနာက္ခန္း၌ ေျမပဲေတာင့္အိတ္မ်ား ေအာက္ရွိ ခရမ္းခ်ဥ္သီး ေသတၱာမ်ားအတြင္း ဝွက္သယ္ေဆာင္လာသည့္ ပန္းေရာင္စိတ္ႂကြေဆးျပားမ်ား ေတြ႕ရွိဖမ္းဆီးႏိုင္ခဲ့သည္ဟု ဆိုသည္။

အဆိုပါ ကုန္တင္ယာဥ္ေပၚမွ ပန္းေရာင္စိတ္ႂကြေဆးျပား (၂၇)သိန္းေက်ာ္၊ ကာလေဒသေပါက္ေစ်း တစ္ျပားလွ်င္ က်ပ္(၁၅၀၀)ႏႈန္းျဖင့္ စုစုေပါင္း က်ပ္သိန္း (၄၁၄၀၀)ဖိုး ဖမ္းမိခဲ့သည္ဟု စစ္ေကာင္စီ ရဲတပ္ဖြဲ႕ အသိုင္းအဝိုင္းက ဆိုသည္။

အဆိုပါ မူးယစ္ေဆးမ်ား ဖမ္းမိမႈႏွင့္ ပတ္သက္၍ မူးယစ္ေဆးမ်ား တင္ေဆာင္လာသည့္ ကုန္ကားေမာင္းသူ အသက္(၃၀)ေက်ာ္အ႐ြယ္ အမ်ိဳးသားကို အမရပူရၿမိဳ႕နယ္ ျမစ္ငယ္ရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္

စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒ ပုဒ္မ-၁၉/၂၀(က)/၂၁ ျဖင့္ အမႈဖြင့္ထားေၾကာင္း သတင္းရရွိသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*