ဂျပန်ပင်လယ်တွင် ရုရှား-တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်

ရုရှား-တရုတ် ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဂျပန်ပင်လယ်မှာ အောက်တိုဘာ ၁၄ ရက်မှာ စတင်လိုက်တယ်လို့ ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ကြေညာပါတယ်။

စစ်တပ်ပြောကြားချက်အရ စစ်ရေးလေ့ကျင့်မှုဟာ အောက်တိုဘာ ၁၇ ရက်အထိကြာမြင့်မှာဖြစ်ပြီး ရေငုပ်သင်္ဘောနှိမ်နင်းရေးရေယာဉ်၊ တိုက်ရေယာဉ်၊ မိုင်းရှင်းရေယာဉ်နဲ့

ဒုံးကျည်လှေတစင်း အပါအဝင် ရုရှားရဲ့ပစိဖိတ်ရေယာဉ်အုပ်စုရဲ့ သင်္ဘောတွေပါဝင်မှာဖြစ်ပါတယ်။စစ်ရေးလေ့ကျင့်မှုမှာ လေယာဉ် ၁၂ စင်းနဲ့ ရဟတ်ယာဉ်တွေ ပါ၀င်မှာဖြစ်ကြောင်းလည်း ဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။

ရုရှား-တရုတ် နှစ်နိုင်ငံတို့ဟာ ၂၀၀၅ ခုနှစ်က စပြီး ရေတပ် ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့တယ်လို့ ရုရှားက ပြောပါတယ်။ ၂၀၂၀ မှာတော့ ကပ်ရောဂါကြောင့် လေ့ကျင့်ခန်းတွေ ဖျက်သိမ်းခဲ့ရတယ်လို့ ဆိုပါတယ်။

သြဂုတ်လက ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုးဂူဟာ မော်စကိုနဲ့ ပေကျင်းအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ချီးကျူးခဲ့ပြီး တပ်ဖွဲ့ဝင် ၁၀,၀၀၀ ကျော် ပါဝင်တဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုအတွက်

တရုတ်ကို လေကြောင်းခရီး သွားရောက်ပြီးနောက်မှာ ပိုမိုတိုးတက်လာနိုင်တယ်လို့လဲ အကြံပြုသွားပါတယ်။

…………………..

႐ုရွား-တ႐ုတ္ ေရတပ္ပူးတြဲစစ္ေရးေလ့က်င့္မႈကို ဂ်ပန္ပင္လယ္မွာ ေအာက္တိုဘာ ၁၄ ရက္မွာ စတင္လိုက္တယ္လို႔ ႐ုရွားကာကြယ္ေရး၀န္ႀကီးဌာနက ေၾကညာပါတယ္။

စစ္တပ္ေျပာၾကားခ်က္အရ စစ္ေရးေလ့က်င့္မႈဟာ ေအာက္တိုဘာ ၁၇ ရက္အထိၾကာျမင့္မွာျဖစ္ၿပီး ေရငုပ္သေဘၤာႏွိမ္နင္းေရးေရယာဥ္၊ တိုက္ေရယာဥ္၊ မိုင္းရွင္းေရယာဥ္နဲ႔

ဒုံးက်ည္ေလွတစင္း အပါအဝင္ ႐ုရွားရဲ႕ပစိဖိတ္ေရယာဥ္အုပ္စုရဲ႕ သေဘၤာေတြပါဝင္မွာျဖစ္ပါတယ္။စစ္ေရးေလ့က်င့္မႈမွာ ေလယာဥ္ ၁၂ စင္းနဲ႔ ရဟတ္ယာဥ္ေတြ ပါ၀င္မွာျဖစ္ေၾကာင္းလည္း ဝန္ႀကီးဌာနကေျပာၾကားခဲ့ပါတယ္။

႐ုရွား-တ႐ုတ္ ႏွစ္ႏိုင္ငံတို႔ဟာ ၂၀၀၅ ခုႏွစ္က စၿပီး ေရတပ္ ပူးတြဲ စစ္ေရးေလ့က်င့္မႈကို စတင္ခဲ့တယ္လို႔ ႐ုရွားက ေျပာပါတယ္။ ၂၀၂၀ မွာေတာ့ ကပ္ေရာဂါေၾကာင့္ ေလ့က်င့္ခန္းေတြ ဖ်က္သိမ္းခဲ့ရတယ္လို႔ ဆိုပါတယ္။

ၾသဂုတ္လက ႐ုရွားကာကြယ္ေရးဝန္ႀကီး ဆာဂ်ီရႈိးဂူဟာ ေမာ္စကိုနဲ႔ ေပက်င္းအၾကား စစ္ေရးပူးေပါင္းေဆာင္႐ြက္မႈကို ခ်ီးက်ဴးခဲ့ၿပီး တပ္ဖြဲ႕ဝင္ ၁၀,၀၀၀ ေက်ာ္ ပါဝင္တဲ့ ပူးေပါင္းစစ္ေရးေလ့က်င့္မႈအတြက္

တ႐ုတ္ကို ေလေၾကာင္းခရီး သြားေရာက္ၿပီးေနာက္မွာ ပိုမိုတိုးတက္လာႏိုင္တယ္လို႔လဲ အႀကံျပဳသြားပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*