စစ်ခေါင်းဆောင် (သို့) ဝန်ကြီးကို ဖိတ်မှသာ အာဆီယံထိပ်သီး အစည်းအဝေး တက်မည်ဟု စစ်ကောင်စီမှ ခပ်ချေချေတုန့်ပြန်

မနက်ဖန် စတင်ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာကိုယ်စားလှယ်အဖြစ် အမြဲတမ်းအတွင်းဝန် အဆင့်ပုဂ္ဂိုလ်တက်ရောက်ဖို့ အဆင့်နှိမ့်ပြီး ဖိတ်ကြားတာကိုလက်မခံဘူးလို့

စစ်ကောင်စီ နိုင်ငံခြားရေးဌာနက အောက်တိုဘာ ၂၅ ရက် ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။ အာဆီယံထိပ်သီးအစည်းအဝေးတွေနဲ့ ဆက်စပ် ထိပ်သီးအစည်းအဝေးတွေကို နိုင်ငံအကြီးအကဲ သို့မဟုတ်

အစိုးရအဖွဲ့အကြီးအကဲ သို့မဟုတ် နိုင်ငံအကြီးအကဲကို ကိုယ်စားပြုမယ့် ပြည်ထောင်စုဝန်ကြီးအဆင့်ပုဂ္ဂိုလ်က ပါဝင်တက်ရောက် နိုင်ရေးကိုသာ မြန်မာနိုင်ငံက လက်ခံမယ်လို့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံကို အကြောင်းပြန်ထားတယ်လို့လည်းဆိုပါတယ်။

အာဆီယံအစည်းအဝေးတွေအားလုံးမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှ အဆင့်တူ၊ တန်းတူ တက်ရောက်ဖို့ အာဆီယံပဋိညာဉ်စာတမ်းမှ ပြဋ္ဌာန်းထားတဲ့အတွက် အာဆီယံအဖွဲ့ဝင် တစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံဟာလည်း

တခြားအာဆီယံနိုင်ငံတွေနည်းတူ အဆင့်တူ ကိုယ်စားပြု တက်ရောက်ရန် အခွင့်အရေး အပြည့်အဝရှိတယ်လို့လည်း စစ်ကောင်စီ နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

(၃၈) ကြိမ်မြောက်နဲ့ (၃၉)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွေနဲ့ ဆက်စပ်ထိပ်သီးအစည်းအဝေးတွေကို မနက်ဖန် အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ မြန်မာပြည်က အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်ကို တက်ခွင့်မပြုဘဲ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့သူကိုသာ ဖိတ်ကြားမယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာပါ။

ဒီဆုံးဖြတ်ချက်အတိုင်း မြန်မာနိုင်ငံမှ နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးကို အာဆီယံ အစည်းအဝေး တက်ရောက်ဖို့ လက်ရှိ

အာဆီယံဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။ ဒီလို ဖိတ်ကြားတာဟာ အာဆီယံ ပဋိညာဉ်စာတမ်းနှင့် မကိုက်ညီသကဲ့သို့ ၊ အာဆီယံရဲ့ လုပ်ထုံးလုပ်နည်းနှင့် အစဉ်အလာမှလည်း သွေဖည်နေတဲ့အပြင် အစည်းအဝေးတက်မယ့်

မြန်မာကိုယ်စားလှယ်ရဲ့ အဆင့်အတန်း ကိုနှိမ့်ပြီးဖိတ်ကြားတာနဲ့ အစည်းအဝေးတွေမှာ ဆွေးနွေးရာတွင် ကန့်သတ်မှုများထားတာဟာ အာဆီယံပဋိညာဉ်စာတမ်း အပိုဒ်-၅ နှင့်လည်း ကိုက်ညီမှုမရှိကြောင်းတွေ့ရပါသည်။

ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အာဆီယံက နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ကို ဖိတ်ကြားထားကြောင်း မြန်မာမီဒီယာတချို့ကို အတည်ပြုပြောထားပါတယ်။

ဒါပေမဲ့ မြန်မာအနေနဲ့ ထိပ်သီးအစည်းအဝေး တက်ဖြစ်မတက်ဖြစ် မသေချာသေးသလို အာဆီယံကို အကြောင်းလည်း မပြန်ရသေးဘူးလို့ စစ်ကောင်စီ ဒုဝန်ကြီးကပြောပါတယ်။

….

မနက္ဖန္ စတင္က်င္းပမယ့္ အာဆီယံထိပ္သီးအစည္းအေဝးမွာ ျမန္မာကိုယ္စားလွယ္အျဖစ္ အၿမဲတမ္းအတြင္းဝန္ အဆင့္ပုဂၢိဳလ္တက္ေရာက္ဖို႔ အဆင့္ႏွိမ့္ၿပီး ဖိတ္ၾကားတာကိုလက္မခံဘူးလို႔

စစ္ေကာင္စီ ႏိုင္ငံျခားေရးဌာနက ေအာက္တိုဘာ ၂၅ ရက္ ဒီကေန႔ ထုတ္ျပန္ေၾကညာပါတယ္။ အာဆီယံထိပ္သီးအစည္းအေဝးေတြနဲ႔ ဆက္စပ္ ထိပ္သီးအစည္းအေဝးေတြကို ႏိုင္ငံအႀကီးအကဲ သို႔မဟုတ္

အစိုးရအဖြဲ႕အႀကီးအကဲ သို႔မဟုတ္ ႏိုင္ငံအႀကီးအကဲကို ကိုယ္စားျပဳမယ့္ ျပည္ေထာင္စုဝန္ႀကီးအဆင့္ပုဂၢိဳလ္က ပါဝင္တက္ေရာက္ ႏိုင္ေရးကိုသာ ျမန္မာႏိုင္ငံက လက္ခံမယ္လို႔ အာဆီယံ အလွည့္က် ဥကၠ႒ ဘ႐ူႏိုင္းႏိုင္ငံကို အေၾကာင္းျပန္ထားတယ္လို႔လည္းဆိုပါတယ္။

အာဆီယံအစည္းအေဝးေတြအားလုံးမွာ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံေတြမွ အဆင့္တူ၊ တန္းတူ တက္ေရာက္ဖို႔ အာဆီယံပဋိညာဥ္စာတမ္းမွ ျပ႒ာန္းထားတဲ့အတြက္ အာဆီယံအဖြဲ႕ဝင္ တစ္ႏိုင္ငံျဖစ္တဲ့ ျမန္မာႏိုင္ငံဟာလည္း

တျခားအာဆီယံႏိုင္ငံေတြနည္းတူ အဆင့္တူ ကိုယ္စားျပဳ တက္ေရာက္ရန္ အခြင့္အေရး အျပည့္အဝရွိတယ္လို႔လည္း စစ္ေကာင္စီ ႏိုင္ငံျခားေရးဌာန ထုတ္ျပန္ခ်က္မွာေဖာ္ျပပါတယ္။

(၃၈) ႀကိမ္ေျမာက္နဲ႔ (၃၉)ႀကိမ္ေျမာက္ အာဆီယံထိပ္သီးအစည္းအေဝးေတြနဲ႔ ဆက္စပ္ထိပ္သီးအစည္းအေဝးေတြကို မနက္ဖန္ ေအာက္တိုဘာလ ၂၆ ရက္ေန႔မွ ၂၈ ရက္ေန႔အထိ က်င္းပမွာျဖစ္ပါတယ္။

ဒီအစည္းအေဝးမွာ ျမန္မာျပည္က အာဏာသိမ္းစစ္ေကာင္စီေခါင္းေဆာင္ကို တက္ခြင့္မျပဳဘဲ ႏိုင္ငံေရးနဲ႔ မသက္ဆိုင္တဲ့သူကိုသာ ဖိတ္ၾကားမယ္လို႔ ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၁၅ ရက္ေန႔ အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးမွာ ဆုံးျဖတ္ခဲ့တာပါ။

ဒီဆုံးျဖတ္ခ်က္အတိုင္း ျမန္မာႏိုင္ငံမွ ႏိုင္ငံေရးအရ ကိုယ္စားမျပဳတဲ့ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ အၿမဲတမ္းအတြင္းဝန္၊ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးခ်မ္းေအးကို အာဆီယံ အစည္းအေဝး တက္ေရာက္ဖို႔ လက္ရွိ

အာဆီယံဥကၠ႒ ဘ႐ူႏိုင္းႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ ဖိတ္ၾကားခဲ့တာျဖစ္ပါတယ္။ ဒီလို ဖိတ္ၾကားတာဟာ အာဆီယံ ပဋိညာဥ္စာတမ္းႏွင့္ မကိုက္ညီသကဲ့သို႔ ၊ အာဆီယံရဲ႕ လုပ္ထုံးလုပ္နည္းႏွင့္ အစဥ္အလာမွလည္း ေသြဖည္ေနတဲ့အျပင္ အစည္းအေဝးတက္မယ့္

ျမန္မာကိုယ္စားလွယ္ရဲ႕ အဆင့္အတန္း ကိုႏွိမ့္ၿပီးဖိတ္ၾကားတာနဲ႔ အစည္းအေဝးေတြမွာ ေဆြးေႏြးရာတြင္ ကန႔္သတ္မႈမ်ားထားတာဟာ အာဆီယံပဋိညာဥ္စာတမ္း အပိုဒ္-၅ ႏွင့္လည္း ကိုက္ညီမႈမရွိေၾကာင္းေတြ႕ရပါသည္။

ဒါနဲ႔ပတ္သက္ၿပီး စစ္ေကာင္စီသတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ျပန္ၾကားေရးဒုဝန္ႀကီး ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ အာဆီယံက ႏိုင္ငံျခားေရးဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ကို ဖိတ္ၾကားထားေၾကာင္း ျမန္မာမီဒီယာတခ်ိဳ႕ကို အတည္ျပဳေျပာထားပါတယ္။

ဒါေပမဲ့ ျမန္မာအေနနဲ႔ ထိပ္သီးအစည္းအေဝး တက္ျဖစ္မတက္ျဖစ္ မေသခ်ာေသးသလို အာဆီယံကို အေၾကာင္းလည္း မျပန္ရေသးဘူးလို႔ စစ္ေကာင္စီ ဒုဝန္ႀကီးကေျပာပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*