စလင်းမြို့ Mytel တာဝါတိုင်အနီး လျှပ်စစ်ဝန်ထမ်း ၂ ဦး မိုင်းနင်းမိ

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ စေတီလှဝင်းထဲ Mytel တာဝါတိုင်မှာရှိတဲ့ လျှပ်စစ်မီတာယူနစ်ဖတ်တဲ့ လျှပ်စစ်ဝန်ထမ်း ၂ ဦး နိုဝင်ဘာ ၂ ရက် မနက် ၈ နာရီလောက်က စစ်ကောင်စီတပ်သားတွေ ထောင်ထားတဲ့ မိုင်းနင်းမိပြီး ၁ ဦးခြေထောက်ဖြတ်ရကာ ဒဏ်ရာပြင်းထန်ကြတယ်လို့ သိရပါတယ်။

လျှပ်စစ်ဝန်ထမ်း ၂ ဦးဟာ ကိုအောင်ဝင်းနဲ့ နေ့စားဝန်ထမ်း ကိုကျော်သူရတို့ ဖြစ်ကြတယ်လို့ သိရပါတယ်။

ဒေသခံတဦးက “ဗုံးကွဲသံကြားရပြီး အကူအညီလှမ်းတောင်းလို့သွားကြည့်တော့ လျှပ်စစ်ဝန်ထမ်းတွေ ဖြစ်နေတယ်။ ဒဏ်ရာပြင်းထန်ကြတယ်။ ကျော်သူရ ဆိုတဲ့ ဝန်ထမ်းလေးက မိုင်းနင်းမိပြီး ကျန်တယောက်ကတော့ မျက်လုံးထိသွားတယ်။ သနားပါတယ်ဗျာ” လို့ ပြောပါတယ်။

မိုင်းနင်းမိတဲ့ ကိုကျော်သူရကိုတော့ မကွေးဆေးရုံ ပို့ဆောင်လိုက်ရပြီး ခြေထောက်ဖြတ်လိုက်ရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လကထဲကလည်း မကွေးတိုင်းအတွင်း မြို့နယ်အချို့က Mytel တာဝါတိုင်အနီး အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ထောင်ထားတဲ့

မိုင်းတွေတက်နင်းမိလို့ လူနဲ့တိရစ္ဆာန်တွေ ထိခိုက်ဒဏ်ရာရရှိမှုတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

………………

မေကြးတိုင္း၊ စလင္းၿမိဳ႕နယ္၊ ဆင္ျဖဴကြၽန္းၿမိဳ႕၊ ေစတီလွဝင္းထဲ Mytel တာဝါတိုင္မွာရွိတဲ့ လွ်ပ္စစ္မီတာယူနစ္ဖတ္တဲ့ လွ်ပ္စစ္ဝန္ထမ္း ၂ ဦး ႏိုဝင္ဘာ ၂ ရက္ မနက္ ၈ နာရီေလာက္က စစ္ေကာင္စီတပ္သားေတြ ေထာင္ထားတဲ့ မိုင္းနင္းမိၿပီး ၁ ဦးေျခေထာက္ျဖတ္ရကာ ဒဏ္ရာျပင္းထန္ၾကတယ္လို႔ သိရပါတယ္။

လွ်ပ္စစ္ဝန္ထမ္း ၂ ဦးဟာ ကိုေအာင္ဝင္းနဲ႔ ေန႔စားဝန္ထမ္း ကိုေက်ာ္သူရတို႔ ျဖစ္ၾကတယ္လို႔ သိရပါတယ္။

ေဒသခံတဦးက “ဗုံးကြဲသံၾကားရၿပီး အကူအညီလွမ္းေတာင္းလို႔သြားၾကည့္ေတာ့ လွ်ပ္စစ္ဝန္ထမ္းေတြ ျဖစ္ေနတယ္။ ဒဏ္ရာျပင္းထန္ၾကတယ္။ ေက်ာ္သူရ ဆိုတဲ့ ဝန္ထမ္းေလးက မိုင္းနင္းမိၿပီး က်န္တေယာက္ကေတာ့ မ်က္လုံးထိသြားတယ္။ သနားပါတယ္ဗ်ာ” လို႔ ေျပာပါတယ္။

မိုင္းနင္းမိတဲ့ ကိုေက်ာ္သူရကိုေတာ့ မေကြးေဆး႐ုံ ပို႔ေဆာင္လိုက္ရၿပီး ေျခေထာက္ျဖတ္လိုက္ရတယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့လကထဲကလည္း မေကြးတိုင္းအတြင္း ၿမိဳ႕နယ္အခ်ိဳ႕က Mytel တာဝါတိုင္အနီး အၾကမ္းဖက္စစ္ေကာင္စီတပ္သားေတြ ေထာင္ထားတဲ့

မိုင္းေတြတက္နင္းမိလို႔ လူနဲ႔တိရစာၦန္ေတြ ထိခိုက္ဒဏ္ရာရရွိမႈေတြ ျဖစ္ခဲ့တယ္လို႔ သိရပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*