ဆက်တိုက်ကျဆင်းလာနေတဲ့ ပြည်တွင်းရွှေစျေး စျေးထပ်တက်မလား ထပ်ကျနိုင်မလားဆိုတာ

ဆက်တိုက်ကျဆင်းလာနေတဲ့ ပြည်တွင်းရွှေစျေး စျေးထပ်တက်မလား ထပ်ကျနိုင်မလားဆိုတာ YEGA ဥက္ကဌပြောပြီ

ပြည်တွင်းရွှေစျေး ဆက်တိုက်ကျဆင်းလာတာနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း YGEA ဥက္ကဌ ဦးမျိုးမြင့်က ရွှေစျေးကွက်အနေအထားနဲ့ ရှေ့ဆက်ဖြစ်ပေါ်လာနိုင်တဲ့ ရွှေစျေးကွက်အခြေအနေတို့ကို သုံးသပ်ပြောဆိုထားပါတယ်။

YEGA ဥက္ကဌ ဦးမျိုးမြင့်က‘‘သူတို့ရောင်းပေးတဲ့အတွက် ဒီဘက်မှာဒေါ်လာဈေးကျတယ်။ကျတဲ့အခါ ဒေါ်လာနဲ့ကမ္ဘာ့ရွှေက ဆက်စပ်ထားတဲ့အခါကျတော့ရွှေဈေး ပြန်ကျတာပါ’’လို့ ပြောပါတယ်။

ပြည်တွင်းအခေါက်ရွှေတစ်ကျပ်သားက ယမန်နေ့ အောက်တိုဘာ ၂၅ ရက်နေ့ညနေ အပိတ်ဈေးအဖြစ် ကျပ် ၁၈ သိန်းအောက်ကိုကျဆင်းသွားခဲ့ပြီး ယနေ့ အောက်တိုဘာ ၂၆ ရက်နေ့ဈေးကွက်ဖွင့်ချိန်မှာတော့ ကျပ် ၁၇၈၀၀၀၀ ဖြင့်စတင်ခဲ့ပါတယ်။

YGEA ဥက္ကဌက‘‘နည်းနည်းဆီတော့ ကျနေဦးမှာဗျ။တအိအိကျမယ့် သဘောပါပဲ’’လို့ဆိုပါတယ်။လက်ရှိမှာရွှေဆိုင်အများစုကလည်း ပြန်လည်ဖွင့်လှစ်လာလို့အထည်ပျက်အဖြစ် လာရောက်ရောင်းချတဲ့ ကုန်ကြမ်းတွေလည်းဝင်လာပြီး

ရာသီဥတုကောင်းမွန်တာကြောင့်ရွှေတွင်းများက ကုန်ကြမ်းတွေလည်းဝင်ရောက်လျက်ရှိနေပါတယ်။ဗဟိုဘဏ်အနေနဲ့ငွေလဲအတက်အကျကြီးမားခြင်းကိုထိန်းချုပ်လိုတာကြောင့် ယခုလအတွင်း အမေရိကန်ဒေါ်လာသန်း ၈၀ ကိုဈေးပြိုင်လေလံနဲ့

ADလိုင်စင်ရဘဏ်များကတစ်ဆင့် နိုင်ငံခြားငွေလိုအပ်ချက်ရှိတဲ့လုပ်ငန်းများထံရောင်းချပေးထားပါတယ်။ဦးမျိုးမြင့်က‘‘လက်ရှိ အသင်းရုံးမှာတော့ ရောင်းလိုအားကများနေတယ်။ရောင်းလိုအားများတော့ရွှေဈေးကျတာဖြစ်တယ်။

ဆက်လက်ပြီးတော့လည်း ဗဟိုဘဏ်ကဒေါ်လာထုတ်ရောင်းပေးမယ်။ ဒါ့အပြင်ရွှေကုန်ကြမ်းတွေလည်းဝင်လာတဲ့အတွက် တဖြည်းဖြည်းတော့ကျနေမှာပဲ’’လို့ပြောပါတယ်။ကမ္ဘာ့ရွှေဈေးကတက်နေပါတယ်။

ဒါပေမယ့် ပြည်တွင်းမှာဗဟိုဘဏ်က ဒေါ်လာရောင်းပေးတဲ့အတွက်ဒေါ်လာဈေးကျသွားတယ်။နောက်ပြီး အသင်းကလည်း ပိဿာချိန် ၃၀ မှ ၅၀အထိ ရောင်းပေးနေတာဆိုတော့ရွှေဈေးကသိပ်ပြီးမတက်နိုင်တော့ဘူးလို့ခန့်မှန်းလို့ရပါတယ်’ဆိုပြီး

လက်ရှိရွှေစျေးကွက်အနေအထားကို သုံးသပ်ပြောဆိုထားပါတယ်။

……….

ဆက္တိုက္က်ဆင္းလာေနတဲ့ ျပည္တြင္းေ႐ႊေစ်း ေစ်းထပ္တက္မလား ထပ္က်ႏိုင္မလားဆိုတာ YEGA ဥကၠဌေျပာၿပီ

ျပည္တြင္းေ႐ႊေစ်း ဆက္တိုက္က်ဆင္းလာတာနဲ႔ပတ္သက္ၿပီး ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္အသင္း YGEA ဥကၠဌ ဦးမ်ိဳးျမင့္က ေ႐ႊေစ်းကြက္အေနအထားနဲ႔ ေရွ႕ဆက္ျဖစ္ေပၚလာႏိုင္တဲ့ ေ႐ႊေစ်းကြက္အေျခအေနတို႔ကို သုံးသပ္ေျပာဆိုထားပါတယ္။

YEGA ဥကၠဌ ဦးမ်ိဳးျမင့္က‘‘သူတို႔ေရာင္းေပးတဲ့အတြက္ ဒီဘက္မွာေဒၚလာေဈးက်တယ္။က်တဲ့အခါ ေဒၚလာနဲ႔ကမာၻ႔ေ႐ႊက ဆက္စပ္ထားတဲ့အခါက်ေတာ့ေ႐ႊေဈး ျပန္က်တာပါ’’လို႔ ေျပာပါတယ္။

ျပည္တြင္းအေခါက္ေ႐ႊတစ္က်ပ္သားက ယမန္ေန႔ ေအာက္တိုဘာ ၂၅ ရက္ေန႔ညေန အပိတ္ေဈးအျဖစ္ က်ပ္ ၁၈ သိန္းေအာက္ကိုက်ဆင္းသြားခဲ့ၿပီး ယေန႔ ေအာက္တိုဘာ ၂၆ ရက္ေန႔ေဈးကြက္ဖြင့္ခ်ိန္မွာေတာ့ က်ပ္ ၁၇၈၀၀၀၀ ျဖင့္စတင္ခဲ့ပါတယ္။

YGEA ဥကၠဌက‘‘နည္းနည္းဆီေတာ့ က်ေနဦးမွာဗ်။တအိအိက်မယ့္ သေဘာပါပဲ’’လို႔ဆိုပါတယ္။လက္ရွိမွာေ႐ႊဆိုင္အမ်ားစုကလည္း ျပန္လည္ဖြင့္လွစ္လာလို႔အထည္ပ်က္အျဖစ္ လာေရာက္ေရာင္းခ်တဲ့ ကုန္ၾကမ္းေတြလည္းဝင္လာၿပီး

ရာသီဥတုေကာင္းမြန္တာေၾကာင့္ေ႐ႊတြင္းမ်ားက ကုန္ၾကမ္းေတြလည္းဝင္ေရာက္လ်က္ရွိေနပါတယ္။ဗဟိုဘဏ္အေနနဲ႔ေငြလဲအတက္အက်ႀကီးမားျခင္းကိုထိန္းခ်ဳပ္လိုတာေၾကာင့္ ယခုလအတြင္း အေမရိကန္ေဒၚလာသန္း ၈၀ ကိုေဈးၿပိဳင္ေလလံနဲ႔

ADလိုင္စင္ရဘဏ္မ်ားကတစ္ဆင့္ ႏိုင္ငံျခားေငြလိုအပ္ခ်က္ရွိတဲ့လုပ္ငန္းမ်ားထံေရာင္းခ်ေပးထားပါတယ္။ဦးမ်ိဳးျမင့္က‘‘လက္ရွိ အသင္း႐ုံးမွာေတာ့ ေရာင္းလိုအားကမ်ားေနတယ္။ေရာင္းလိုအားမ်ားေတာ့ေ႐ႊေဈးက်တာျဖစ္တယ္။

ဆက္လက္ၿပီးေတာ့လည္း ဗဟိုဘဏ္ကေဒၚလာထုတ္ေရာင္းေပးမယ္။ ဒါ့အျပင္ေ႐ႊကုန္ၾကမ္းေတြလည္းဝင္လာတဲ့အတြက္ တျဖည္းျဖည္းေတာ့က်ေနမွာပဲ’’လို႔ေျပာပါတယ္။ကမာၻ႔ေ႐ႊေဈးကတက္ေနပါတယ္။

ဒါေပမယ့္ ျပည္တြင္းမွာဗဟိုဘဏ္က ေဒၚလာေရာင္းေပးတဲ့အတြက္ေဒၚလာေဈးက်သြားတယ္။ေနာက္ၿပီး အသင္းကလည္း ပိႆာခ်ိန္ ၃၀ မွ ၅၀အထိ ေရာင္းေပးေနတာဆိုေတာ့ေ႐ႊေဈးကသိပ္ၿပီးမတက္ႏိုင္ေတာ့ဘူးလို႔ခန႔္မွန္းလို႔ရပါတယ္’ဆိုၿပီး

လက္ရွိေ႐ႊေစ်းကြက္အေနအထားကို သုံးသပ္ေျပာဆိုထားပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*