တောင်ကိုရီးယား ပင်လယ်ပြင်တွင် တရုတ်ငါးဖမ်းသင်္ဘော နစ်မြုပ်

တောင်ကိုရီးယားနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းက ကမ်းလွန်ပင်လယ်ပြင်မှာ တရုတ် ငါးဖမ်း သင်္ဘော တစီး အောက်တိုဘာ ၂၀ ရက်က နစ်မြုပ်ခဲ့လို့ ပျောက်နေဆဲ လူ ၃ ယောက်ကို ရှာနေရတယ်လို့ တောင်ကိုရီးယားကမ်းရိုးတန်းစောင့်တပ်က ပြောပါတယ်။

လူ ၁၅ ယောက်ကို တင်လာတဲ့ ငါးဖမ်းသင်္ဘောဟာ တောင်ကိုရီးယား အနောက်တောင်ပိုင်း ဂန်စံဒေသနားမှာ နစ်မြုပ်ခဲ့တာပါ။

တောင်ကိုရီးယား ကမ်းရိုးတန်းစောင့်တပ်နဲ့ နစ်မြုပ်သင်္ဘောနဲ့အတူ ငါးဖမ်းနေတဲ့ တရုတ် ငါးဖမ်းလှေ နောက်တစီးတို့က သင်္ဘောသား ၈ ယောက်ကို ကယ်နိုင်ခဲ့တယ်လို့ တောင်ကိုရီးယား အခြေစိုက် ယုံဟပ်သတင်းဌာနက ဖော်ပြပါတယ်။

သတိလစ်နေတဲ့ လူ ၃ ယောက်အပါအဝင်တခြား သင်္ဘောသား ၄ ယောက်ကို နောက်ပိုင်းမှာ ရေထဲကနေ ကယ်နိုင်ခဲ့ပြီး လှေနစ်ရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

………………

ေတာင္ကိုရီးယားႏိုင္ငံ အေနာက္ဘက္ကမ္း႐ိုးတန္းက ကမ္းလြန္ပင္လယ္ျပင္မွာ တ႐ုတ္ ငါးဖမ္း သေဘၤာ တစီး ေအာက္တိုဘာ ၂၀ ရက္က နစ္ျမဳပ္ခဲ့လို႔ ေပ်ာက္ေနဆဲ လူ ၃ ေယာက္ကို ရွာေနရတယ္လို႔ ေတာင္ကိုရီးယားကမ္း႐ိုးတန္းေစာင့္တပ္က ေျပာပါတယ္။

လူ ၁၅ ေယာက္ကို တင္လာတဲ့ ငါးဖမ္းသေဘၤာဟာ ေတာင္ကိုရီးယား အေနာက္ေတာင္ပိုင္း ဂန္စံေဒသနားမွာ နစ္ျမဳပ္ခဲ့တာပါ။

ေတာင္ကိုရီးယား ကမ္း႐ိုးတန္းေစာင့္တပ္နဲ႔ နစ္ျမဳပ္သေဘၤာနဲ႔အတူ ငါးဖမ္းေနတဲ့ တ႐ုတ္ ငါးဖမ္းေလွ ေနာက္တစီးတို႔က သေဘၤာသား ၈ ေယာက္ကို ကယ္ႏိုင္ခဲ့တယ္လို႔ ေတာင္ကိုရီးယား အေျခစိုက္ ယုံဟပ္သတင္းဌာနက ေဖာ္ျပပါတယ္။

သတိလစ္ေနတဲ့ လူ ၃ ေယာက္အပါအဝင္တျခား သေဘၤာသား ၄ ေယာက္ကို ေနာက္ပိုင္းမွာ ေရထဲကေန ကယ္ႏိုင္ခဲ့ၿပီး ေလွနစ္ရတဲ့ အေၾကာင္းရင္းကို ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

Be the first to comment

Leave a Reply

Your email address will not be published.


*