ထန်တလန်မြို့ကို အကြမ်းဖက်စစ်တပ်က ထပ်မံမီးရှို့၊ နေအိမ် ၁၀၀ ကျော်မီးလောင်ကျွမ်း

ချင်းပြည်နယ်၊ ထန်တလန်မြို့ကို အောက်တိုဘာ ၂၉ ရက်ဒီကနေ့ အကြမ်းဖက်စစ်တပ်က ထပ်မံမီးရှိုတာကြောင့် ဒေသခံပြည်သူလူထုတွေရဲ့ လူနေအိမ်ခြေ ၁၀၀ ကျော်လောက်မီးလောင် ဆုံးရှုံးသွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ထန်တလန်မြို့ကို ဒီကနေ့ မနက် ၁၁ နာရီလောက်မှာ အကြမ်းဖက်စစ်တပ်က ဒုတိယ အကြိမ် ထပ်မံမီးရှိုတာကြောင့် နေအိမ် ၁၀၀ ကျော်လောက်မီးလောင်ကျွမ်းသွားပြီးတော့ မြို့လုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့

ထန်တလန်မြို့ခံတစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။ စစ်အုပ်စုတွေဟာ ဒီနေ့မနက်ပိုင်း ကနေ ညနေပိုင်းအထိ ထန်တလန်မြို့ကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ် မီးရှို့ဖျက်ဆီးတာကြောင့် ခရစ်ယာန်ဘုရားကျောင်း

တကျောင်းအပါဝင် နေအိမ် ၁၀၀ ကျော်လောက်မီးလောင်နေပြီးတော့ လက်ရှိအချိန်ထိ မီးမငြိမ်းသေးဘူးလို့လည်း ဆိုပါတယ်။ မြို့ထဲမှာ မပြေးနိုင်တဲ့ သက်ကြီးရွယ်အို နည်းနည်းလောက်ပဲကျန်ရစ်ပြီး မြို့ခံပြည်သူတွေ ဘေးလွတ်ရာကို

ထွက်ပြေးတိမ်းရှောင်နေကြရလို့ မီးငြှိမ်းသတ်မယ့်လူလည်းမရှိပါဘူး။ ဒီပုံစံအတိုင်းဆိုရင် အကြမ်းဖက်စစ်တပ်က တစ်မြို့လုံးကို မီးရှို့ဖျက်ဆီးသွားနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထန်တလန်မြို့မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ CNF တပ်ဖွဲ့တွေ မနက်ပိုင်းက အပြန်အလှန်တိုက်ပွဲဖြစ်ပွားပြီးနောက်မှာ စစ်ကောင်စီဘက်က အထိနာလို့ မီးရှို့ကြတာလို့ မြို့ခံတွေကဆိုပါတယ်။

ထန်တလန်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ် ၂၀ လောက်မီးလောင်ကျွမ်းခဲ့ပြီး မီးငြှိမ်းသတ်ဖို့လာတဲ့ ခရစ်ယာန် သင်းအုပ်ဆရာတစ်ယောက်ကိုလည်း သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။

………….

ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕ကို ေအာက္တိုဘာ ၂၉ ရက္ဒီကေန႔ အၾကမ္းဖက္စစ္တပ္က ထပ္မံမီးရႈိတာေၾကာင့္ ေဒသခံျပည္သူလူထုေတြရဲ႕ လူေနအိမ္ေျခ ၁၀၀ ေက်ာ္ေလာက္မီးေလာင္ ဆုံးရႈံးသြားတယ္လို႔ ၿမိဳ႕ခံေတြထံက သိရပါတယ္။

ထန္တလန္ၿမိဳ႕ကို ဒီကေန႔ မနက္ ၁၁ နာရီေလာက္မွာ အၾကမ္းဖက္စစ္တပ္က ဒုတိယ အႀကိမ္ ထပ္မံမီးရႈိတာေၾကာင့္ ေနအိမ္ ၁၀၀ ေက်ာ္ေလာက္မီးေလာင္ကြၽမ္းသြားၿပီးေတာ့ ၿမိဳ႕လုံးကြၽတ္ ေဘးလြတ္ရာကို ထြက္ေျပးေနၾကရတယ္လို႔

ထန္တလန္ၿမိဳ႕ခံတစ္ေယာက္က ဒီဗြီဘီကို ေျပာပါတယ္။ စစ္အုပ္စုေတြဟာ ဒီေန႔မနက္ပိုင္း ကေန ညေနပိုင္းအထိ ထန္တလန္ၿမိဳ႕ကို လက္နက္ႀကီးေတြနဲ႔ ဆက္တိုက္ပစ္ခတ္ မီးရႈိ႕ဖ်က္ဆီးတာေၾကာင့္ ခရစ္ယာန္ဘုရားေက်ာင္း

တေက်ာင္းအပါဝင္ ေနအိမ္ ၁၀၀ ေက်ာ္ေလာက္မီးေလာင္ေနၿပီးေတာ့ လက္ရွိအခ်ိန္ထိ မီးမၿငိမ္းေသးဘူးလို႔လည္း ဆိုပါတယ္။ ၿမိဳ႕ထဲမွာ မေျပးႏိုင္တဲ့ သက္ႀကီး႐ြယ္အို နည္းနည္းေလာက္ပဲက်န္ရစ္ၿပီး ၿမိဳ႕ခံျပည္သူေတြ ေဘးလြတ္ရာကို

ထြက္ေျပးတိမ္းေရွာင္ေနၾကရလို႔ မီးျငႇိမ္းသတ္မယ့္လူလည္းမရွိပါဘူး။ ဒီပုံစံအတိုင္းဆိုရင္ အၾကမ္းဖက္စစ္တပ္က တစ္ၿမိဳ႕လုံးကို မီးရႈိ႕ဖ်က္ဆီးသြားႏိုင္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ထန္တလန္ၿမိဳ႕မွာ တပ္စြဲထားတဲ့ အၾကမ္းဖက္စစ္ေကာင္စီတပ္နဲ႔ CNF တပ္ဖြဲ႕ေတြ မနက္ပိုင္းက အျပန္အလွန္တိုက္ပြဲျဖစ္ပြားၿပီးေနာက္မွာ စစ္ေကာင္စီဘက္က အထိနာလို႔ မီးရႈိ႕ၾကတာလို႔ ၿမိဳ႕ခံေတြကဆိုပါတယ္။

ထန္တလန္ၿမိဳ႕မွာ ၿပီးခဲ့တဲ့ စက္တင္ဘာလ ၁၆ ရက္ေန႔ကလည္း အၾကမ္းဖက္စစ္တပ္က မီးရႈိ႕ဖ်က္ဆီးတာေၾကာင့္ ေနအိမ္ ၂၀ ေလာက္မီးေလာင္ကြၽမ္းခဲ့ၿပီး မီးျငႇိမ္းသတ္ဖို႔လာတဲ့ ခရစ္ယာန္ သင္းအုပ္ဆရာတစ္ေယာက္ကိုလည္း ေသနတ္နဲ႔ ပစ္သတ္ခဲ့ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*