ထားဝယ်ခရိုင်အတွင်း စစ်ဘေးရှောင်များ အစားအသောက်နှင့်ဆေးဝါးအကူအညီ လိုအပ်နေ

တနင်္သါရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်တွေရဲ့ ထိတွေ့ပစ်ခတ်မှုတွေကြောင့် တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အစားအသောက်နဲ့

ဆေးဝါးအကူအညီတွေေ လိုအပ်နေတယ်လို့ ဒီမိုကရေစီ အရေးလှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်) တာဝန်ရှိသူတဦးက ပြောပါတယ်။

ခရိုင်သပိတ်တာဝန်ရှိသူက “လက်ရှိ ကျနော်တို့လိုအပ်နေတာက ငွေကြေးပါပဲ။ ပြီးမှ ကျနော်တို့ လိုအပ်တဲ့ ရိက္ခာနဲ့ ဆေးဝါးတွေ ဝယ်ပြီး ပို့ပေးဖို့ စီစဉ်ထားပါတယ်။ အခုလက်ရှိ ၁ ထောင်ကနေ ၁ သိန်းအထိ လှူဒါန်းတွေ ရှိပါတယ်။” လို့ ပြောပါတယ်။

လက်ရှိမှာ စစ်ရှောင်ပြည်သူတွေအတွက် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီကို လှူဒါန်းထားတာ ငွေကျပ် ၅ သိန်းကျော် ရရှိထားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် သရက်ချောင်းမြို့နယ်က တောင်ပျောက်တိုက်နယ် ကျေးရွာ ၁၀ ရွာလောက်က စစ်ဘေးရှောင် ရွာသား ၁၀၀၀ ကျော်ဟာ လတ်တလောမှာတော့ တောတောင်တွေ၊ ဉယျာဉ်ခြံမြေတွေမှာ ဖြစ်သလို

နေထိုင်နေကြရပြီး အစားအသောက် အကူအညီတွေ လိုနေတယ်လို့ သိရပါတယ်။စစ်ရှောင်ပြည်သူတဦးက “’ဆန်တစ်အိတ် ၇၀၀၀၀ လောက်ပေးဝယ်နေရတာမျိုးတောင်ရှိပါတယ်။ ဒါတောင် ပိုက်ဆံရှိတဲ့သူတိုင်း ဝယ်လို့မရဘူး၊

ပိုက်ဆံက ရှိလည်း ဘာမှသုံးလို့မရဘဲဖြစ်နေတယ်။ အဓိကက ဆန်ပဲလိုတယ်၊ ဆန်ရှိနေရင် အဆင်ပြေသလိုချက်စားလို့ရတယ်” လို့ ပြောပါတယ်။

ဇူလိုင်လကတည်းက ဖွဲ့စည်းထားတဲ့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ထားဝယ်ခရိုင်အတွင်း စက်တင်ဘာလကစပြီး တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာဖြစ်ပြီး လက်ရှိမှာတော့ တိုက်ပွဲတွေ ငြိမ်နေတယ်လို့

ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ၅ ကြိမ်ဖြစ်ထားပြီး မစိုးရိမ်ရ ဒဏ်ရာရသူ ၂ ဦးသာရှိတယ်လို့ သူက ဆက်ပြောပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*