ထောင်ဒဏ် ၁၁ နှစ် ကျခံထားရ တဲ့ အမေရိကန်သတင်းစာ ဆရာ ကို ပြည်နှင်ဒဏ်ပေးကာ ယနေ့မှာ ပြန်လွှတ်ပေး

နိုဝင်ဘာ၊ ၁၅

ထောင်ဒဏ် ၁၁ ကျခံထားရတဲ့ အမေရိကန်သတင်းစာဆရာ Danny Fenster ကို စစ်ကောင်စီက ပြည်နှင်ဒဏ်ပေးကာ ယနေ့မှာ ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်တယ်လို့ Frontier Myanmar သတင်းဌာနက ယနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

Frontier Myanmar သတင်းဌာနရဲ့ သတင်းခန်းအုပ်ချုပ်မှုအယ်ဒီတာ Danny Fenster ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ရက်နေ့က ထောင်ဒဏ် ၁၁နှစ် ချမှတ်ခဲ့ပြီး  ယနေ့ မွန်းလွဲပိုင်းမှာတော့ စစ်ကောင်စီက ပြည်နှင်ဒဏ်ပေးပြီး ပြန်လွှတ်ပေးလိုက်တာဖြစ်ပြီး

လက်ရှိမှာ Danny Fenster ဟာ လေယာဉ်ပေါ်ရောက်ရှိနေပြီ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ Danny Fenster ဟာ မေလထဲမှာ မိသားစုရှိရာ အမေရိကန်ပြည်ထောင်စုကို အပြန်၊ ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံရပြီး အင်းစိန် ထောင်ထဲကနေ ၅လကျော်ကြာ အမှုရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

၎င်းကို စွဲဆိုထားတဲ့အမှုတွေထဲက မတည်မငြိမ်ဖြစ်စေရန်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က နဲ့ ထောင်သုံးနှစ်၊ မတရားအသင်း ဆက်သွယ်မှုအက်ဥပဒေ ပုဒ်မ ၁၇ (၁) နဲ့ ထောင်သုံးနှစ်၊ လဝက အက်ဥပဒေပုဒ်မ ၁၃ (၁) နဲ့ ထောင်ဒဏ် ငါးနှစ်ရော ဒဏ်ငွေ ၁ သိန်းတို့ကို နိုဝင်ဘာ ၁၂ ရက် က ရန်ကုန်မြို့မှာရှိတဲ့

အင်းစိန်ထောင် အထူးတရားရုံးမှာ စုစုပေါင်း ထောင် ၁၁ နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

 

………………….

 

ႏိုဝင္ဘာ၊ ၁၅

ေထာင္ဒဏ္ ၁၁ က်ခံထားရတဲ့ အေမရိကန္သတင္းစာဆရာ Danny Fenster ကို စစ္ေကာင္စီက ျပည္ႏွင္ဒဏ္ေပးကာ ယေန႔မွာ ျပန္လႊတ္ေပးလိုက္ၿပီ ျဖစ္တယ္လို႔ Frontier Myanmar သတင္းဌာနက ယေန႔မွာ သတင္းထုတ္ျပန္လိုက္ပါတယ္။

Frontier Myanmar သတင္းဌာနရဲ႕ သတင္းခန္းအုပ္ခ်ဳပ္မႈအယ္ဒီတာ Danny Fenster ကို ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၁၂ရက္ေန႔က ေထာင္ဒဏ္ ၁၁ႏွစ္ ခ်မွတ္ခဲ့ၿပီး  ယေန႔ မြန္းလြဲပိုင္းမွာေတာ့ စစ္ေကာင္စီက ျပည္ႏွင္ဒဏ္ေပးၿပီး ျပန္လႊတ္ေပးလိုက္တာျဖစ္ၿပီး

လက္ရွိမွာ Danny Fenster ဟာ ေလယာဥ္ေပၚေရာက္ရွိေနၿပီ ျဖစ္တယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။ Danny Fenster ဟာ ေမလထဲမွာ မိသားစုရွိရာ အေမရိကန္ျပည္ေထာင္စုကို အျပန္၊ ရန္ကုန္ေလဆိပ္မွာ ဖမ္းဆီးခံရၿပီး အင္းစိန္ ေထာင္ထဲကေန ၅လေက်ာ္ၾကာ အမႈရင္ဆိုင္ေနရတာ ျဖစ္ပါတယ္။

၎ကို စြဲဆိုထားတဲ့အမႈေတြထဲက မတည္မၿငိမ္ျဖစ္ေစရန္လႈံ႕ေဆာ္မႈ ပုဒ္မ ၅၀၅-က နဲ႔ ေထာင္သုံးႏွစ္၊ မတရားအသင္း ဆက္သြယ္မႈအက္ဥပေဒ ပုဒ္မ ၁၇ (၁) နဲ႔ ေထာင္သုံးႏွစ္၊ လဝက အက္ဥပေဒပုဒ္မ ၁၃ (၁) နဲ႔ ေထာင္ဒဏ္ ငါးႏွစ္ေရာ ဒဏ္ေငြ ၁ သိန္းတို႔ကို ႏိုဝင္ဘာ ၁၂ ရက္ က ရန္ကုန္ၿမိဳ႕မွာရွိတဲ့

အင္းစိန္ေထာင္ အထူးတရား႐ုံးမွာ စုစုေပါင္း ေထာင္ ၁၁ ႏွစ္ ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*