ဒဂုံတက္ကသိုလ် တတိယနှစ်ကျောင်းသူ မသဉ္ဇာဇော်ကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ချ

ဒဂုံတက္ကသိုလ် တတိယနှစ်ကျောင်းသူ မသဉ္ဇာဇော်ကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ချ

ဒဂုံတက္ကသိုလ် ဓာတုဗေဒ တတိယနှစ်ကျောင်းသူ   မသဉ္ဇာဇော်ကို စစ်ကောင်စီက နိုဝင်ဘာ ၈ ရက် ဒီကနေ့မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၁၂၄ – ခ(က)နဲ့   ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တယ်လို့  ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂကနေ သိရပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် မသဉ္ဇာဇော်အပါအဝင် ဒဂုံတက္ကသိုလ် ကျောင်းသား‌ ကျောင်းသူ ၆ ယောက်ကို စက်တင်ဘာ ၁၄ ရက် ညပိုင်းက ရန်ကုန်၊ ကျောက်တံတားမြို့နယ်မှာ အကြမ်းဖက် စစ်တပ်က ဖမ်းဆီးခဲ့တာပါ။

အဲဒီ ၆ ယောက်ထဲက ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူးဟောင်း ကိုစည်သူအောင်တင်(ဥပဒေ-တတိယနှစ်)ကိုလည်း  ရာဇသတ်ကြီးပုဒ်မ ၁၂၄ – ခ(ဃ) ၊ ပုဒ်မ ၅၀၅ – တို့နဲ့  နိုဝင်ဘာ ၃ရက်နေ့က စစ်တရားရုံးကနေ ထောင်ဒဏ် ၁၀နှစ်ချမှတ်ခဲ့ပါတယ်။

ကျန်တဲ့ ကျောင်းသား‌၊ ကျောင်းသူ ၄ ယောက်ကိုတော့  ဖမ်းဆီးထားပြီး ဆက်လက် စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

………………..

ဒဂုံတကၠသိုလ္ တတိယႏွစ္ေက်ာင္းသူ မသၪၨာေဇာ္ကို စစ္ေကာင္စီက ေထာင္ဒဏ္ ၁၀ ႏွစ္ခ်

ဒဂုံတကၠသိုလ္ ဓာတုေဗဒ တတိယႏွစ္ေက်ာင္းသူ   မသၪၨာေဇာ္ကို စစ္ေကာင္စီက ႏိုဝင္ဘာ ၈ ရက္ ဒီကေန႔မွာ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ရာဇသတ္ႀကီး ပုဒ္မ ၁၂၄ – ခ(က)နဲ႔   ေထာင္ဒဏ္ ၁၀ ႏွစ္ခ်မွတ္လိုက္တယ္လို႔  ဒဂုံတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢကေန သိရပါတယ္။

ဒဂုံတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢအဖြဲ႕ဝင္ မသၪၨာေဇာ္အပါအဝင္ ဒဂုံတကၠသိုလ္ ေက်ာင္းသား‌ ေက်ာင္းသူ ၆ ေယာက္ကို စက္တင္ဘာ ၁၄ ရက္ ညပိုင္းက ရန္ကုန္၊ ေက်ာက္တံတားၿမိဳ႕နယ္မွာ အၾကမ္းဖက္ စစ္တပ္က ဖမ္းဆီးခဲ့တာပါ။

အဲဒီ ၆ ေယာက္ထဲက ဒဂုံတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ အတြင္းေရးမႉးေဟာင္း ကိုစည္သူေအာင္တင္(ဥပေဒ-တတိယႏွစ္)ကိုလည္း  ရာဇသတ္ႀကီးပုဒ္မ ၁၂၄ – ခ(ဃ) ၊ ပုဒ္မ ၅၀၅ – တို႔နဲ႔  ႏိုဝင္ဘာ ၃ရက္ေန႔က စစ္တရား႐ုံးကေန ေထာင္ဒဏ္ ၁၀ႏွစ္ခ်မွတ္ခဲ့ပါတယ္။

က်န္တဲ့ ေက်ာင္းသား‌၊ ေက်ာင္းသူ ၄ ေယာက္ကိုေတာ့  ဖမ္းဆီးထားၿပီး ဆက္လက္ စစ္ေဆးေနဆဲ ျဖစ္ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*