ဒေါက်တာဇော်မြင့်မောင် ထောင်အတွင်း ဖျားနာနေ

ဖမ်းဆီး တရားစွဲခံထားရသည့် မန္တလေးတိုင် းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် မန္တလေ းအိုးဘိုထောင်အတွင်း နေထိုင်မကောင်းဖြစ်နေကြောင်း မန္တလေးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အသိုက်အဝန်းထံ မှ သိရသည်။

“ဒီနေ့ရုံးထုတ်မှာ ဆရာဇော်ကအတော်လေးဖျားနေ လို့ မိသားစုက ဆေးဝါးပစ္စည်းပေးခဲ့ရတယ် ၊ အချုပ်ခန်းမိုးမလုံလို့မိုးမိပြီး အတော်လေးဖျားနေတာ လို့ပြောတာပဲ ။ ဆေးတော့ပေးခွင့်ရခဲ့တယ်တဲ့” ဟု

ဝန်ကြီးချုပ်မိသား စုနှင့်နီးစပ်သည့် မန္တလေးမြို့က အန်အယ်လ် ဒီပါတီဝင်တစ်ဦးက ပြော သည်။ သူ၏အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေအသိုင်းဝိုင်းကလည်း ဒေါက်တာဇော်မြင့်မောင် နေမကောင်းဖြစ်နေသည်ကို အတည်ပြုပြော သည်။

၀န်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် ကို စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်နေ့အာဏာသိမ်းပြီးနောက်၊ မန္တလေးအိုးဘိုထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းထားပြီး ၊

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုပုဒ်မ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပုဒ်မတို့နှင့် တရားစွဲထားခြင်းဖြစ်ပြီး ယနေ့ထောင်တွင်း အထူးတရားရုံးတွင် ဆက်လက် စစ်ဆေးခဲ့သည်။

…………..

ဖမ္းဆီး တရားစြဲခံထားရသည့္ မႏၲေလးတိုင္ းဝန္ႀကီးခ်ဳပ္ေဒါက္တာေဇာ္ျမင့္ေမာင္ မႏၲေလ းအိုးဘိုေထာင္အတြင္း ေနထိုင္မေကာင္းျဖစ္ေနေၾကာင္း မႏၲေလးအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အသိုက္အဝန္းထံ မွ သိရသည္။

“ဒီေန႔႐ုံးထုတ္မွာ ဆရာေဇာ္ကအေတာ္ေလးဖ်ားေန လို႔ မိသားစုက ေဆးဝါးပစၥည္းေပးခဲ့ရတယ္ ၊ အခ်ဳပ္ခန္းမိုးမလုံလို႔မိုးမိၿပီး အေတာ္ေလးဖ်ားေနတာ လို႔ေျပာတာပဲ ။ ေဆးေတာ့ေပးခြင့္ရခဲ့တယ္တဲ့” ဟု

ဝန္ႀကီးခ်ဳပ္မိသား စုႏွင့္နီးစပ္သည့္ မႏၲေလးၿမိဳ႕က အန္အယ္လ္ ဒီပါတီဝင္တစ္ဦးက ေျပာ သည္။ သူ၏အမႈလိုက္ပါေဆာင္႐ြက္ေပးေနသည့္ ေရွ႕ေနအသိုင္းဝိုင္းကလည္း ေဒါက္တာေဇာ္ျမင့္ေမာင္ ေနမေကာင္းျဖစ္ေနသည္ကို အတည္ျပဳေျပာ သည္။

၀န္ႀကီးခ်ဳပ္ေဒါက္တာေဇာ္ျမင့္ေမာင္ ကို စစ္တပ္က ေဖေဖာ္ဝါရီ ၁ ရက္ေန႔အာဏာသိမ္းၿပီးေနာက္၊ မႏၲေလးအိုးဘိုေထာင္အတြင္း ဖမ္းဆီးထိန္းသိမ္းထားၿပီး ၊

ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈပုဒ္မ၊ သဘာဝေဘးအႏၲရာယ္ ဆိုင္ရာစီမံခန႔္ခြဲမႈပုဒ္မ၊ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ပုဒ္မတို႔ႏွင့္ တရားစြဲထားျခင္းျဖစ္ၿပီး ယေန႔ေထာင္တြင္း အထူးတရား႐ုံးတြင္ ဆက္လက္ စစ္ေဆးခဲ့သည္။

Be the first to comment

Leave a Reply

Your email address will not be published.


*