အမှုကိစ္စများ ထုတ်ဖော်မပြောဖို့ရှေ့နေဦးခင်မောင်ဇော်အား ပိတ်တာအကျင့်ဖြစ်နေသောစကစမှ ပိတ်ပင်

တပ်မတော်က အာဏာသိမ်းအပြီး ဖမ်းဆီး တရားစွဲဆိုထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ရဲ့ အမှုကိစ္စတွေနဲ့ပတ်သက်လို့ ပြည်တွင်း၊ ပြည်ပ

သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောဆိုတာ မလုပ်ဖို့ ဥပဒေအကျိုးဆောင်အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကို စစ်ကောင်စီအာဏာပိုင်တွေက တားမြစ်လိုက်ပါတယ်။

အောက်တိုဘာလ ၁၄ ရက်နေ့ ညနေပိုင်းမှာ ဦးခင်မောင်ဇော်ကို နေပြည်တော် ပျဉ်းမနား မြို့နယ်အထွထွေအုပ်ချုပ်ရေးမှူးရုံးက အမှုကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးစရာရှိတယ်ဆိုပြီး

ခေါ်ယူခဲ့အပြီး အခုလို သတင်းမီဒီယာတွေကိုဖြေကြားတာတွေ ရပ်တန့်ဖို့ ပိတ်ပင်ခဲ့တာလို့ အမှုနဲ့နီးစပ်တဲ့ ရှေ့နေအသိုင်းအဝိုင်းတစ်ဆင့် RFA က စုံစမ်းသိရပါတယ်။

သမ္မတဦးဝင်းမြင့်က အာဏာသိမ်းတဲ့နေ့က ကြုံတွေ့ခဲ့ရတဲ့အကြောင်းတွေကို အောက်တိုဘာ ၁၂ ရက် တရားရုံးမှာ ပထမဆုံးအကြိမ် ထွက်ဆိုခဲ့တာတွေကို ဥပဒေအကျိုးဆောင်အဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုထုတ်ပြန်ခဲ့အပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့က တပ်မတော်အာဏာသိမ်းယူမှုဟာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တရားဝင်မှုမရှိတာကို ပေါ်လွင်တယ်လို့ နိုင်ငံတကာက ဝေဖန်ထောက်ပြလာအပြီး ၂ ရက်အကြာမှာ အခုလို တားမြစ်လိုက်တာ ဖြစ်ပါတယ်။

ခေါ်ယူမေးမြန်းခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရှေ့နေ ဦးခင်မောင်ဇော်ကို RFA က ဒီကနေ့ည ၉ နာရီအချိန်မှာ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

ရှေ့နေဦးခင်မောင်ဇော်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ “ကျုပ်ပါးစပ်ကို 144 ထုတ်လိုက်သဗျ”ဆိုပြီး ညပိုင်းမှာပဲ ရေးသားထားပါတယ်။
သမ္မတဦးဝင်းမြင့် ထွက်ဆိုခဲ့တာကတော့

အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်အစောပိုင်းမှာ စစ်တပ်အရာရှိကြီးတွေက သူ့ကို ဖိအားပေး နုတ်ထွက်ခိုင်းတယ်ဆိုတဲ့ အကြောင်း ထွက်ဆိုခဲ့တာပါ။

သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အမှုလိုက်ရှေ့နေတစ်ဦးဖြစ်တဲ့ ဒေါ်စန်းမာလာညွန့်ကိုလည်း ပြီးခဲ့တဲ့သြဂုတ်ကတည်းက သူနေထိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကိုခေါ်ပြီး

ပြည်တွင်း၊ ပြည်ပမီဒီယာတွေနဲ့ ပြည်ပအဖွဲ့အစည်းတွေကို အင်တာဗျူးမဖြေဖို့နဲ့ မဆက်သွယ်ဖို့ ဝန်ခံကတိ လက်မှတ်ရေးထိုးခိုင်းခဲ့ရပါတယ်။

အလားတူ ဒီအမှုတွေနဲ့ပတ်သက်လို့ သတင်းမီဒီယာတွေကို ပုံမှန်ဖြေဆို သတင်းထုတ်ပြန်ပေးနေခဲ့တဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးကလည်း သတင်းမီဒီယာတွေရဲ့ ဆက်သွယ်မေးမြန်းတာကို မဖြေကြားတာ နှစ်ပတ်ရှိသွားပြီဖြစ်ပါတယ်။

လာမယ့် အောက်တိုဘာလ ၂၆ ရက်နေ့ရုံးချိန်းမှာ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာမျိုးအောင်တို့ သုံးဦးကို စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅ (ခ)နဲ့စွဲထားတဲ့ အမှုအတွက်လည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရုံးတော်မှာ ထွက်ဆိုဖို့ရှိနေပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး နိုင်ငံ့ခေါင်းဆောင်တွေကို ဖမ်းဆီးထိမ်းသိမ်းလိုက်တဲ့ နောက်ပိုင်း ပြည်သူတွေနဲ့ အဆက်အသွယ်ပြတ်ခဲ့ပေမယ့် အပတ်စဉ် တရားရုံးချိန်းအကြောင်းအရာတွေကို

ရှေ့နေအဖွဲ့တွေက ပုံမှန်သတင်းထုတ်ပြန်တာရှိခဲ့အတွက် သတင်းအချက်အလက်တွေ သိရှိခွင့်ရနေတာဖြစ်ပါတယ်။အခုလို သတင်းမီဒီယာနဲ့ဆက်သွယ်ပြောကြားခွင့် ပိတ်လိုက်တာနဲ့ ပတ်သက်လို့

အာဏာပိုင်တွေက တစုံတရာ ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ရှိအချိန်အထိ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

Be the first to comment

Leave a Reply

Your email address will not be published.


*