နေပြည်တော် ဇဗ္ဗူသီရိမြို့မှာ ကိုဗစ်ရောဂါ စစ်ဆေးပေးနေမှုအား ရှောင်တိမ်းနေကြသည့် နိုင်ငံ့ဝန်ထမ်းများရှိနေ

ဒီဇင်ဘာ ၂၆

နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် အတွင်းမှာ စစ်ကောင်စီက ကိုဗစ်-၁၉ရောဂါရှိမရှိ အခမဲ့စစ်ဆေးပေးမှုအား ရှောင်တိမ်းနေကြသည့် နိုင်ငံ့ဝန်ထမ်းများရှိနေတယ် လို့ သတင်းထုတ်ပြန်ချက် အရ သိရပါတယ်။

နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများ နေထိုင်ရာ ရပ်ကွက်များအတွင်း ကိုဗစ် ရောဂါစစ်ဆေးမှုအား အခမဲ့ ဆောင်ရွက်ပေးနေခြင်းနဲ့ စပ်လျဉ်းပြီး နိုင်ငံပိုင်သတင်းစာရဲ့ သတင်းထုတ်ပြန်ချက်အတွင်း ဖော်ပြထားတာဖြစ်ပါတယ်။

ဇဗ္ဗူသီရိမြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်းများနေထိုင်သော ရပ်ကွက်များအတွင်း မှာ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူများနဲ့ ထိတွေ့ဆက်စပ်မှုရှိသူများကို ခုတင် ၅၀ပြည်သူ့ဆေးရုံမှာ အခမဲ့ စစ်ဆေးဆောင်ရွက်ပေးလျက် ရှိတယ်လို့ သိရပါတယ်။

ထိုသို့စစ်ဆေးပေးရာမှာ အချို့နိုင်ငံ့ဝန်ထမ်းများသည် အကြောင်းအမျိုးမျိုးပြကာ ရှောင်တိမ်းနေကြခြင်းများရှိကြောင်းနဲ့ ယခုကဲ့သို့ ရှောင်တိမ်းနေသူများအား ကြပ်မတ်ပို့ဆောင်ပေးသင့်တယ်လို့ ဆိုပါတယ်။

နေပြည်တော်ရှိ ဇဗ္ဗူသီရိမြို့နယ်အတွင်းမှာ ဒီဇင်ဘာလ ၂၃ရက်နေ့နဲ့ ဒီဇင်ဘာလ ၂၄ရက်နေ့ ၂၄နာရီအတွင်း ကိုဗစ်ရောဂါပိုးတွေ့ရှိသူ ၁၉ဦးရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

 

><><><>< zawgyi ><><><><

 

ဒီဇင္ဘာ ၂၆

ေနျပည္ေတာ္ ဇဗၺဴသီရိၿမိဳ႕နယ္ အတြင္းမွာ စစ္ေကာင္စီက ကိုဗစ္-၁၉ေရာဂါရွိမရွိ အခမဲ့စစ္ေဆးေပးမႈအား ေရွာင္တိမ္းေနၾကသည့္ ႏိုင္ငံ့ဝန္ထမ္းမ်ားရွိေနတယ္ လို႔ သတင္းထုတ္ျပန္ခ်က္ အရ သိရပါတယ္။

ေနျပည္ေတာ္ ဇဗၺဴသီရိၿမိဳ႕နယ္ အတြင္းရွိ ႏိုင္ငံ့ဝန္ထမ္းမ်ား ေနထိုင္ရာ ရပ္ကြက္မ်ားအတြင္း ကိုဗစ္ ေရာဂါစစ္ေဆးမႈအား အခမဲ့ ေဆာင္႐ြက္ေပးေနျခင္းနဲ႔ စပ္လ်ဥ္းၿပီး ႏိုင္ငံပိုင္သတင္းစာရဲ႕ သတင္းထုတ္ျပန္ခ်က္အတြင္း ေဖာ္ျပထားတာျဖစ္ပါတယ္။

ဇဗၺဴသီရိၿမိဳ႕နယ္ရွိ ႏိုင္ငံ့ဝန္ထမ္းမ်ားေနထိုင္ေသာ ရပ္ကြက္မ်ားအတြင္း မွာ ကိုဗစ္-၁၉ေရာဂါပိုး ေတြ႕ရွိသူမ်ားနဲ႔ ထိေတြ႕ဆက္စပ္မႈရွိသူမ်ားကို ခုတင္ ၅၀ျပည္သူ႔ေဆး႐ုံမွာ အခမဲ့ စစ္ေဆးေဆာင္႐ြက္ေပးလ်က္ ရွိတယ္လို႔ သိရပါတယ္။

ထိုသို႔စစ္ေဆးေပးရာမွာ အခ်ိဳ႕ႏိုင္ငံ့ဝန္ထမ္းမ်ားသည္ အေၾကာင္းအမ်ိဳးမ်ိဳးျပကာ ေရွာင္တိမ္းေနၾကျခင္းမ်ားရွိေၾကာင္းနဲ႔ ယခုကဲ့သို႔ ေရွာင္တိမ္းေနသူမ်ားအား ၾကပ္မတ္ပို႔ေဆာင္ေပးသင့္တယ္လို႔ ဆိုပါတယ္။

ေနျပည္ေတာ္ရွိ ဇဗၺဴသီရိၿမိဳ႕နယ္အတြင္းမွာ ဒီဇင္ဘာလ ၂၃ရက္ေန႔နဲ႔ ဒီဇင္ဘာလ ၂၄ရက္ေန႔ ၂၄နာရီအတြင္း ကိုဗစ္ေရာဂါပိုးေတြ႕ရွိသူ ၁၉ဦးရွိခဲ့တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားတာျဖစ္ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*