ပရိသတ်တစ်ဦး လဲကျသွားသဖြင့် စပါး-နယူးကာဆယ်ပွဲစဉ် ၁၅ မိနစ်ခန့် ရပ်နားခဲ့ရ

နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာ ပရိသတ်တစ်ဦး ပွဲကြည့်စင်ပေါ် လဲကျနေလို့ ကွင်းလယ်ဒိုင်လူ ကြီးနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ပုံကို စပါးနောက်ခံလူ ရက်ဂီလွန်က ပြန်လည်ရှင်းပြပါတယ်။

စပိန်နောက်ခံလူ ရက်ဂီလွန်ဟာ အရှေ့ဘက်ပွဲကြည့်စင်မှာ ပရိသတ်တစ်ဦးလဲကျနေတာကို ကစားသမားတွေထဲက ပထမဆုံးတွေ့မြင်ခဲ့သူဖြစ်ပြီး ဒိုင်လူကြီးဆီပြောပြခဲ့သူပါ။

ပွဲကြည့်စင်မှာ အမျိုးသားတစ်ဦး လဲကျနေတာကို မြင်တွေ့ခဲ့ရလို့ အံ့အားသင့်မိခဲ့ကာ ဒိုင်လူကြီးဆီသွားပြီး အခြေအနေကို တင်ပြခဲ့တယ်လို့ ရက်ဂီလွန်က ပြောပါတယ်။

ဒိုင်လူကြီးဆီသွားမပြောခင်မှာ ပရိသတ်တွေကလည်း ပွဲကို “ရပ် ရပ်” လို့ အော်ဟစ်နေပြီး မြင်လို့မကောင်းတဲ့ အခြေအနေကြောင့် ပွဲကို ခေတ္တရပ်ခိုင်းခဲ့တာလို့ ရက်ဂီလွန်က ရှင်းပြပါတယ်။

အဲဒီနောက် အသင်းဆေးအဖွဲ့ဝင်တစ်ဦးက ပွဲကြည့်စင်က ပရိသတ်တစ်ဦးကို အရေးပေါ်ဆေးကုသမှု ပြုလုပ်ပေးခဲ့ပါတယ်။

ပွဲစဉ်ကို ၁၅ မိနစ်လောက် ရပ်နားခဲ့ရပြီး လဲကျခဲ့တဲ့ ပရိသတ်ကိုတော့ ဆေးရုံပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီပွဲစဉ်မှာ စပါးအသင်းက ၃ ဂိုး ၂ ဂိုး နဲ့ အနိုင်ရခဲ့ပါတယ်။

…………..

နယူးကာဆယ္အသင္းနဲ႔ပြဲစဥ္မွာ ပရိသတ္တစ္ဦး ပြဲၾကည့္စင္ေပၚ လဲက်ေနလို႔ ကြင္းလယ္ဒိုင္လူ ႀကီးနဲ႔ ပူးေပါင္းလုပ္ေဆာင္ခဲ့ပုံကို စပါးေနာက္ခံလူ ရက္ဂီလြန္က ျပန္လည္ရွင္းျပပါတယ္။

စပိန္ေနာက္ခံလူ ရက္ဂီလြန္ဟာ အေရွ႕ဘက္ပြဲၾကည့္စင္မွာ ပရိသတ္တစ္ဦးလဲက်ေနတာကို ကစားသမားေတြထဲက ပထမဆုံးေတြ႕ျမင္ခဲ့သူျဖစ္ၿပီး ဒိုင္လူႀကီးဆီေျပာျပခဲ့သူပါ။

ပြဲၾကည့္စင္မွာ အမ်ိဳးသားတစ္ဦး လဲက်ေနတာကို ျမင္ေတြ႕ခဲ့ရလို႔ အံ့အားသင့္မိခဲ့ကာ ဒိုင္လူႀကီးဆီသြားၿပီး အေျခအေနကို တင္ျပခဲ့တယ္လို႔ ရက္ဂီလြန္က ေျပာပါတယ္။

ဒိုင္လူႀကီးဆီသြားမေျပာခင္မွာ ပရိသတ္ေတြကလည္း ပြဲကို “ရပ္ ရပ္” လို႔ ေအာ္ဟစ္ေနၿပီး ျမင္လို႔မေကာင္းတဲ့ အေျခအေနေၾကာင့္ ပြဲကို ေခတၱရပ္ခိုင္းခဲ့တာလို႔ ရက္ဂီလြန္က ရွင္းျပပါတယ္။

အဲဒီေနာက္ အသင္းေဆးအဖြဲ႕ဝင္တစ္ဦးက ပြဲၾကည့္စင္က ပရိသတ္တစ္ဦးကို အေရးေပၚေဆးကုသမႈ ျပဳလုပ္ေပးခဲ့ပါတယ္။

ပြဲစဥ္ကို ၁၅ မိနစ္ေလာက္ ရပ္နားခဲ့ရၿပီး လဲက်ခဲ့တဲ့ ပရိသတ္ကိုေတာ့ ေဆး႐ုံပို႔ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ အဲဒီပြဲစဥ္မွာ စပါးအသင္းက ၃ ဂိုး ၂ ဂိုး နဲ႔ အႏိုင္ရခဲ့ပါတယ္။

…………..

Be the first to comment

Leave a Reply

Your email address will not be published.


*