ပရော်ဖက်ဆာတစ်ဦး က မစင်ကနေ ဒီဂျစ်တယ် ငွေကြေး ရရှိနိုင် တဲ့ အိမ်သာကို တီထွင်

ကိုရီးယား နိုင်ငံ Ulsan National Institute of Science and Technology (UNIST) တက္ကသိုလ် မှ ပရော်ဖက်ဆာ Cho-Jae Won က တီထွင်ခဲ့တာဖြစ်ပြီး မစင်ကနေ စွမ်းအင်ထုတ်လုပ်နိုင်တဲ့ အိမ်သာဖြစ်ပါတယ်။

ဒီအိမ်သာကို‌တော့ BeeVi Toilet လို့ခေါ်ပြီး အိမ်သာကနေ ရတဲ့စွမ်းအင် ဟာ ဂတ်စ်မီးဖိုတွေ၊ ရေနွေးအိုးတွေ ကို စွမ်းအင်ပေးနိုင်ပါတယ်။ လူတစ်ယောက်က မစင် 500g (30 သား) ပါမယ်ဆိုရင် အဲ့ကထုတ်ပေးလိုက်တဲ့ စွမ်းအင်ဟာ 1.2km လောက်ထိ ကားမောင်း ဖို့စွမ်းအင်ရပါတယ်။

ဒီအိမ်သာကိုတော့ UNIST တက္ကသိုလ် မှာ အသုံးပြုလို့ရမှာ ဖြစ်ပြီး အသုံးပြုတဲ့ ကျောင်းသားတွေဟာ တစ်နေ့ကို 10 Ggool ရပါတယ်။ Ggool(꿀) ကတော့ ကိုရီးယားမှာ ရှိတဲ့ Digital Currency တစ်ခုပါ။

 

ဒီငွေနဲ့ ဆို ကျောင်းထဲ မှာ စာအုပ်၊ အသီးအနှံ၊ ခေါက်ဆွဲ‌ နဲ့ ကော်ဖီတွေ ဝယ်လို့ ရပါတယ်။ လောလော ဆယ်မှာတော့ UNIST ကျောင်းအတွင်းမှာ ပဲ အသုံးပြုလို့ရဦးမှာဖြစ်ပြီး တစ်နိုင်ငံလုံး အသုံးပြုနိုင် ဖို့ မျှော်လင့် နေကြပါတယ်။

 

……………………..

 

ကိုရီးယားနိုင်ငံ Ulsan National Institute of Science and Technology (UNIST) တက္ကသိုလ်မှ ပရော်ဖက်ဆာ Cho-Jae Won က တီထွင်ခဲ့တာဖြစ်ပြီး မစင်ကနေ စွမ်းအင်ထုတ်လုပ်နိုင်တဲ့ အိမ်သာဖြစ်ပါတယ်။

ဒီအိမ်သာကို‌တော့ BeeVi Toilet လို့ခေါ်ပြီး အိမ်သာကနေ ရတဲ့စွမ်းအင်ဟာ ဂတ်စ်မီးဖိုတွေ၊ ရေနွေးအိုးတွေကို စွမ်းအင်ပေးနိုင်ပါတယ်။ လူတစ်ယောက်က မစင် 500g (30 သား) ပါမယ်ဆိုရင် အဲ့ကထုတ်ပေးလိုက်တဲ့ စွမ်းအင်ဟာ 1.2km လောက်ထိ ကားမောင်းဖို့စွမ်းအင်ရပါတယ်။

ဒီအိမ်သာကိုတော့ UNIST တက္ကသိုလ်မှာ အသုံးပြုလို့ရမှာဖြစ်ပြီး အသုံးပြုတဲ့ကျောင်းသားတွေဟာ တစ်နေ့ကို 10 Ggool ရပါတယ်။ Ggool(꿀) ကတော့ ကိုရီးယားမှာ ရှိတဲ့ Digital Currency တစ်ခုပါ။

 

ဒီငွေနဲ့ဆို ကျောင်းထဲမှာ စာအုပ်၊ အသီးအနှံ၊ ခေါက်ဆွဲ‌နဲ့ ကော်ဖီတွေ ဝယ်လို့ရပါတယ်။ လောလောဆယ်မှာတော့ UNIST ကျောင်းအတွင်းမှာပဲ အသုံးပြုလို့ရဦးမှာဖြစ်ပြီး တစ်နိုင်ငံလုံး အသုံးပြုနိုင်ဖို့ မျှော်လင့်နေကြပါတယ်။

 

…………………….

 





Be the first to comment

Leave a Reply

Your email address will not be published.


*