ပြည်တွင်းရွှေစျေးနှုန်း ၁၈သိန်းအောက်နှင့် ပြည်တွင်းငွေလဲနှုန်းများ ၂၀၀၀ အောက်သို့ကျဆင်
ကမ္ဘာ့ရွှေစျေး ၁၈၀၄ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေးနှုန်း ၁၈သိန်းအောက်နှင့် ပြည်တွင်းငွေလဲနှုန်းများ ၂၀၀၀ အောက်သို့ကျဆင်း
ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ရက်တွင် ကမ္ဘာ့ရွှေစျေး ၁၇၃၃ ဒေါ်လာ ခန့်ရှိပြီး ပြည်တွင်းရွှေစျေးနှုန်းမှာ ၂၂၅၀၀၀၀ဝန်းကျင်သို့ စံချိန်တင် ရောက်ရှိခဲ့ပါတယ်။
အောက်တိုဘာ ၂၆ရက်နေ့တွင် အခေါက်ရွှေ တစ်ကျပ်သားကို ၁၈သိန်းအောက်သို့ ကျဆင်းလာတာတွေ့ရပါတယ်။ အောက်တိုဘာ ၂၆ ရက် ယနေ့တွင် ကမ္ဘာ့ရွှေစျေး ၁၈၀၄ သို့ တက်သွားပြီး
ပြည်တွင်းရွှေစျေးနှုန်း မှာ ၁၆ပဲရည် အခေါက်ရွှေ ကို ၁၇၈၅၀၀၀ဝန်းကျင်ဖြစ်ပီး ၁၅ပဲရည် ရွှေစျေးနှုန်းမှာ ၁၆၈၀၀၀၀သို့ ဆက်လက်ကျဆင်းနေပါတယ်။
ရန်ကုန်တိုင်းအတွင်း ရွှေစျေးကွက်မှာ ပုံမှန်အခြေနေတွင် တနေ့လျှင် ၅၀ နှင့် ၁၀၀ ပိဿာ ကြားရှိကြောင်း၊ အရောင်းဝယ်ပါးသည့်နေတွင် ၂၀ နှင့် ၂၅ ပိဿာ ကြားရှိကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့် က ပြောကြားထားပါတယ်။
ငွေလဲနှုန်းမှာ ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်း ၉၃ပွိုင့် ဝန်းကျင် ရှိနေပြီး နိုင်ငံခြား ငွေလဲနှုန်း တစ်ဒေါ်လာ လျှင် ကျပ်၂၀၀၀ အောက် ကျဆင်းလာတာ တွေ့ရပါတယ်။
အောက်တိုဘာ ၂၆ ရက် ယနေ့တွင် နိုင်ငံခြား ငွေလဲနှုန်းမှာ ဝယ်စျေး ၁၉၀၀ကျပ်နှင့် ရောင်းစျေး ၁၉၅၀ကျပ်ဝန်းကျင်ရှိကြောင်း ငွေကြေးရောင်းဝယ်သူများထံမှ သိရပါတယ်။
ပြည်တွင်း ငွေတန်ဖိုးကျဆင်းမှု ဆက်တိုက်ဖြစ်ပေါ်လျက်ရှိပြီး စက်တင်ဘာ ၂၉ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာလျှင် ၂၇၀၀ ကျပ်ဝန်းကျင်အထိ စံချိန်တင် မြင့်တက်ရာကနေ ကျပ်၂၀၀၀ အောက်သို့ကျဆင်းလာတာတွေ့ရပါတယ်။
အောက်တိုဘာ ၂၆ရက် ယနေ့ နိုင်ငံတကာ ငွေလဲနှုန်းများမှာ ယူရို၁ ၂၁၀၀ကျပ်၊စင်ကာပါ၁ဒေါ်လာ ၁၃၅၀ကျပ်၊ မလေးရှား ရင်းဂစ် ၄၂၀ကျပ်၊ ထိုင်းဘတ် ၅၇ကျပ်၊ ဂျပန်းယန်း ၁၇ ကျပ်နှင့် တရုတ်ယွမ် ၃၀၀ကျပ်တို့ဖြစ်ပါတယ်။
အောက်တိုဘာ ၁၈ရက်နေ့တွင် ဗဟိုဘဏ်မှ နိုင်ငံခြားငွေ စျေးပြိုင်လေလံဖြင့် ဒေါ်လာ သန်း၅၀ ရောင်းချခဲ့ပြီး လေလံအတွက် ပျမ်းမျှ ငွေလဲနှုန်းမှာ ၁၈၂၀ကျပ်နှင့် အောက်တိုဘာ ၂၂ရက်တွင် ဒေါ်လာသန်း၃၀ ရောင်းချခဲ့ပြီး
လေလံအတွက် ပျမ်းမျှငွေလဲနှုန်းမှာ ၁၈၀၀ကျပ်ဖြစ်ပါတယ်။အောက်တိုဘာလအတွင်း ဗဟိုဘဏ်မှ စျေးပြိုင်လေလံဖြင့် ဒေါ်လာ သန်း၈၀ ထုတ်ရောင်းထားတယ်လို့ သိရပါတယ်။
…zawgyi…
ကမ္ဘာ့ရွှေဈေး ၁၈၀၄ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေဈေးနှုန်း ၁၈သိန်းအောက်နှင့် ပြည်တွင်းငွေလဲနှုန်းများ ၂၀၀၀ အောက်သို့ကျဆင်း
ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ရက်တွင် ကမ္ဘာ့ရွှေဈေး ၁၇၃၃ ဒေါ်လာ ခန့်ရှိပြီး ပြည်တွင်းရွှေဈေးနှုန်းမှာ ၂၂၅၀၀၀၀ဝန်းကျင်သို့ စံချိန်တင် ရောက်ရှိခဲ့ပါတယ်။
ပြည်တွင်းရွှေဈေးနှုန်း မှာ ၁၆ပဲရည် အခေါက်ရွှေ ကို ၁၇၈၅၀၀၀ဝန်းကျင်ဖြစ်ပီး ၁၅ပဲရည် ရွှေဈေးနှုန်းမှာ ၁၆၈၀၀၀၀သို့ ဆက်လက်ကျဆင်းနေပါတယ်။
ရန်ကုန်တိုင်းအတွင်း ရွှေဈေးကွက်မှာ ပုံမှန်အခြေနေတွင် တနေ့လျှင် ၅၀ နှင့် ၁၀၀ ပိဿာ ကြားရှိကြောင်း၊ အရောင်းဝယ်ပါးသည့်နေတွင် ၂၀ နှင့် ၂၅ ပိဿာ ကြားရှိကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့် က ပြောကြားထားပါတယ်။
ငွေလဲနှုန်းမှာ ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၃ပွိုင့် ဝန်းကျင် ရှိနေပြီး နိုင်ငံခြား ငွေလဲနှုန်း တစ်ဒေါ်လာ လျှင် ကျပ်၂၀၀၀ အောက် ကျဆင်းလာတာ တွေ့ရပါတယ်။
အောက်တိုဘာ ၂၆ ရက် ယနေ့တွင် နိုင်ငံခြား ငွေလဲနှုန်းမှာ ဝယ်ဈေး ၁၉၀၀ကျပ်နှင့် ရောင်းဈေး ၁၉၅၀ကျပ်ဝန်းကျင်ရှိကြောင်း ငွေကြေးရောင်းဝယ်သူများထံမှ သိရပါတယ်။
အောက်တိုဘာ ၁၈ရက်နေ့တွင် ဗဟိုဘဏ်မှ နိုင်ငံခြားငွေ ဈေးပြိုင်လေလံဖြင့် ဒေါ်လာ သန်း၅၀ ရောင်းချခဲ့ပြီး လေလံအတွက် ပျမ်းမျှ ငွေလဲနှုန်းမှာ ၁၈၂၀ကျပ်နှင့် အောက်တိုဘာ ၂၂ရက်တွင် ဒေါ်လာသန်း၃၀ ရောင်းချခဲ့ပြီး
Be the first to comment
Leave a Reply
Your email address will not be published.
*