(၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ်အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာ

နိုဝင်ဘာ၊ ၂၈

တိုင်းရင်းသားပြည်သူများ အချင်းချင်း သံသယစိတ်ကင်းစွာနဲ့ အနာဂတ်နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြဖို့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားပါတယ်။

ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့မှာ ကျရောက်တဲ့ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ်အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ယခုလို ပြောကြားထားတာ ဖြစ်ပါတယ်။

“တိုင်းရင်းသား ပြည်သူများအနေနဲ့ အမိနိုင်ငံတော်ကြီးကို အမှန်တကယ် ချစ်မြတ်နိုးပြီး အချင်းချင်း သံသယစိတ်ကင်းရှင်းစွာဖြင့် အပြန်အလှန် လေးစားညီညွတ်လျက် အနာဂတ်နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်ကောင်းစေတနာ အပြည့်ဇွဲလုံ့လအပြည့်နဲ့

အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။ ယင်းအပြင် “နိုင်ငံတော်သာယာဝပြောဖို့၊ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စို့” ဆိုတဲ့ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဆောင်ပုဒ်နဲ့အညီ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဘိုးဘွားအမွေ ဖြစ်တဲ့

ပြည်ထောင်စု နိုင်ငံတော်ကြီးကို အမျိုးသားရေးစိတ်ဓာတ်ဖြင့် အလေးထား ကာကွယ်စောင့်ရှောက်ပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြဖို့ကိုလည်း ၎င်းက တိုက်တွန်းထားပါတယ်။

>>>zawgyi<<<<

ႏိုဝင္ဘာ၊ ၂၈

တိုင္းရင္းသားျပည္သူမ်ား အခ်င္းခ်င္း သံသယစိတ္ကင္းစြာနဲ႔ အနာဂတ္ႏိုင္ငံေတာ္ႀကီး ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အားသြန္ခြန္စိုက္ ႀကိဳးပမ္းေဆာင္႐ြက္ၾကဖို႔ စစ္ေကာင္စီဥကၠဌ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က တိုက္တြန္းေျပာၾကားပါတယ္။

ယေန႔ ျမန္မာသကၠရာဇ္ ၁၃၈၃ ခုႏွစ္၊ တန္ေဆာင္မုန္းလျပည့္ေက်ာ္ ၁၀ ရက္ေန႔မွာ က်ေရာက္တဲ့ (၁၀၁) ႏွစ္ေျမာက္ အမ်ိဳးသားေအာင္ပြဲေန႔ အထိမ္း အမွတ္အခမ္းအနားသို႔ ေပးပို႔တဲ့ သဝဏ္လႊာမွာ ယခုလို ေျပာၾကားထားတာ ျဖစ္ပါတယ္။

“တိုင္းရင္းသား ျပည္သူမ်ားအေနနဲ႔ အမိႏိုင္ငံေတာ္ႀကီးကို အမွန္တကယ္ ခ်စ္ျမတ္ႏိုးၿပီး အခ်င္းခ်င္း သံသယစိတ္ကင္းရွင္းစြာျဖင့္ အျပန္အလွန္ ေလးစားညီၫြတ္လ်က္ အနာဂတ္ႏိုင္ငံေတာ္ႀကီး ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ စိတ္ေကာင္းေစတနာ အျပည့္ဇြဲလုံ႔လအျပည့္နဲ႔

အားသြန္ခြန္စိုက္ ႀကိဳးပမ္းေဆာင္႐ြက္ၾကရမွာ ျဖစ္ပါတယ္။” လို႔ ၎က ေျပာပါတယ္။ ယင္းအျပင္ “ႏိုင္ငံေတာ္သာယာဝေျပာဖို႔၊ တိုင္းရင္းသားအားလုံး စည္းလုံးညီၫြတ္စို႔” ဆိုတဲ့ (၁၀၁)ႏွစ္ေျမာက္ အမ်ိဳးသားေအာင္ပြဲေန႔ ေဆာင္ပုဒ္နဲ႔အညီ တိုင္းရင္းသားျပည္သူတစ္ရပ္လုံးက ဘိုးဘြားအေမြ ျဖစ္တဲ့

ျပည္ေထာင္စု ႏိုင္ငံေတာ္ႀကီးကို အမ်ိဳးသားေရးစိတ္ဓာတ္ျဖင့္ အေလးထား ကာကြယ္ေစာင့္ေရွာက္ၿပီး ဖြံ႕ၿဖိဳးတိုးတက္ေအာင္ ေဆာင္႐ြက္သြားၾကဖို႔ကိုလည္း ၎က တိုက္တြန္းထားပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*