ပြန်လွှတ်ပေးသူများအနက် (၂၈)ဦးကို ထောင်ပေါက်ဝ အတွင်းဘက်ခြမ်းတွင်ပင် စစ်ကောင်စီက ပြန်လည်ဖမ်းဆီ

အောက်တိုဘာ -၁၉

မန္တလေးတိုင်း မြင်းခြံမြို့တွင် စစ်ကောင်စီက ဖမ်းဆီး ထောင်ချထားသူများအနက် ယနေ့ နေ့လည်ပိုင်းတွင် အမျိုးသား၊ အမျိုးသမီး (၃၀)ဦးကို ပြန်လွှတ်ပေးခဲ့ပြီးနောက် ၄င်းတို့အနက် (၂၈) ဦးကို အကြမ်းဖက် ပုဒ်မ နှင့်

ဆက်သွယ်ရေး ပုဒ်မများ တပ်ကာ ထောင်ပေါက်ဝ၌ပင် စစ်ကောင်စီက ပြန်လည်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။
ရာဇသတ်ကြီးဥပဒေ ၅၀၅(က)ဖြင့် စစ်ကောင်စီက ဖမ်းဆီးတရားဆွဲဆိုကာ မြင်းခြံထောင်၌

ထောင်ချထားသူများအနက် အမျိုးသမီး (၁၆)ဦးနှင့် အမျိုးသား (၁၄)ဦးကို ယနေ့ အောက်တိုဘာ (၁၉)ရက် နေ့လယ်ပိုင်းတွင် မြင်းခြံအကျဉ်းထောင်မှ ပြန်လွတ်ပေးခဲ့ကြောင်း၊ အဆိုပါ ပြန်လွှတ်ပေးသူများအနက် (၂၈)ဦးကို ထောင်ပေါက်ဝ

အတွင်းဘက်ခြမ်းတွင်ပင် စစ်ကောင်စီက ပြန်လည်ဖမ်းဆီးကာ ရဲကားနှင့် အချုပ်ကားများဖြင့် ရဲစခန်းသို့ ပြန်လည်ခေါ်ဆောင်သွားသည်ဟု ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များနှင့် နီးစပ်သူများက ပြောသည်။

“လွတ်တဲ့အထဲပါလို့ သွားကြိုတာ။ ဟိုရောက်တော့ ရဲကားနဲ့ ပြန်ခေါ်သွားတယ်။ အခုထိ အဆက်အသွယ် မရသေးဘူး ။ အကြမ်းဖက် ပုဒ်မနဲ့ PDFနဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး ပြန်ဖမ်းသွားတာလို့ ကြားရတယ် “ ဟု

ပြန်လည်ဖမ်းဆီးခံရသူ၏ မိသားစုဝင်တစ်ဦးက ပြောသည် ။မြင်းခြံထောင်မှ လူ(၃၀) လွှတ်ပေးသော်လည်း (၂၈)ဦး ပြန်လည်ဖမ်းဆီးခံရသဖြင့် အမျိုးသမီး နှစ်ဦးသာ ထောင်အပြ်ငထွက်နိုင်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။

စစ်ကောင်စီသည် အာဆီယံအစည်းအဝေး တက်ရောက်ခွင့် ပိတ်ပင်ခံရသလို အာဏာသိမ်းပြီး ရှစ်လကျော်ကြာချိန်အထိ အစိုးရအဖြစ် အသိအမှတ်ပြုမှု မခံရဘဲ နိုင်ငံတကာ၏ ဖိအားပေးမှုများ

မြင့်တက်လာပြီးနောက် ယခုကဲ့သို့ ၄င်းတိုပဖမ်းဆီးထားသည့် ပြည်သူများကို ပြန်လွှတ်ပေးခြင်း ဖြစ်သည်။သို့သော် လွှတ်ပေးပြီးနောက် ချက်ချင်းပြန်လည်ဖမ်းဆီးမှုများ ရှိနေပြီး ယမန်နေ့ အောက်တိုဘာ (၁၈)ရက်

ညပိုင်းကလည်း မန္တလေးတိုင်း မိတ္ထီလာမြို့ အကျဉ်းထောင်မှ ပြန်လည်လွှတ်မြောက်လာသူ (၃၈)ဦးအနက် (၁၁) ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မတပ်ကာ စစ်ကောင်စီက ထောင်ပေါက်ဝတွင်ပင် ပြန်လည် ဖမ်းဆီးသွားခဲ့သည် ။

Be the first to comment

Leave a Reply

Your email address will not be published.


*