ဖမ်းဆီးခံ အနုပညာညီအစ်ကို မောင်နှမများ အတွက် တွေ့ဆုံပွဲတက်ခဲ့ခြင်းဖြစ် ဟု အကယ်ဒမီ ရန်အောင် သစ္စာစကား ဆို

ဖမ်းဆီးခံ အနုပညာညီအစ်ကိုမောင်နှမတွေအတွက် အာဏာသိမ်း စစ်ခေါင်းဆောင်ဖိတ်တဲ့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တာဖြစ်တယ်လို့ ဝါရင့်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ ရန်အောင်က သူ့ရဲ့ လူမှုကွန်ရက်ကနေ ပြောကြားလိုက်ပါတယ်။

“ကျွန်တော်ရန်အောင်ရဲ့သစ္စာစကားပါ ခင်ဗျာ.. ဇေယျာသီရိဗိမ္မာန်မှာ တွေ့ဆုံပွဲလေးတက်ပေးဖို့ ဖိတ်ကြားခံခဲ့ရပါတယ်၊ အချိန်တော်တော်ကြာကြာ စဉ်းစားခဲ့ပါတယ်၊ မလွတ်မြောက်သေးတဲ့ ကျွန်တော့ရဲ့အနုပညာညီအစ်ကိုမောင်နှမတွေအတွက် ပြောဆိုတင်ပြဖို့

အခွင့်အရေးလေးတစ်ခု ရနိူင်ခဲ့ရင် ဆိုတဲ့ မျှော်လင့်ချက်တစ်ခုထဲနဲ့ ဒီပွဲကိုတက်မယ်လို့ ဆုံးဖြတ်တက်ရောက်ခဲ့ပါတယ်၊ ဒိထက်ပိုပြီး ဘာအပေးအယူ ဘာမျှော်လင့်ချက်မှ မရှိခဲ့ပါဘူး။” ဖမ်းဆီးခံထားရသူတွေ အမြန်ဆုံးလွတ်မြောက်ရေးအတွက်

သက်ညှာစွာစဉ်းစားပေးဖို့ တင်ပြခွင့်ရခဲ့တယ်လို့လည်း အကယ်ဒမီ ရန်အောင်က ပြောပါတယ်။ “ကျွန်တော့်စေတနာအမှန်ကြောင့် မလွတ်မြောက်သေးတဲ့အနုပညာရှင်ညီအစ်ကိုမောင်နှမတွေ အမြန်ဆုံးလွတ်မြောက်ဖို့အရေးကို သက်ညှာစွာစဉ်းစားပေးဖို့ တင်ပြခွင့်ရခဲ့ပါတယ်။

ဒါဟာ ဒီပွဲကိုတက်ရောက်ခဲ့တဲ့ အကြောင်းရင်းမှန်ကန်တဲ့ ကျွန်တော့်ရဲ့ သစ္စာစကားပါ။ အခုလို စေတနာအမှန်ရဲ့ သစ္စာစကားကြောင့် ကိုယ်စိတ်နှလုံးရွှင်လန်းချမ်းမြေ့စွာနေထိုင်ရပါစေသား။” လို့ မင်းသား ရန်အောင်က ပြောပါတယ်။

အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင်ဟာ စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်တွေကို အောက်တိုဘာ ၃၁ ရက်ညက ရန်ကုန်တိုင်းစစ်ဌာနချုပ်ကုန်းမြင့်သာ ဇေယျာသီရိဗိမ္မာန်မှာ မှာခေါ်ယူတွေ့ဆုံပြီး ငွေကျပ်သိန်း ၄၀၀၀၊ ဆန် ၁၀၀ အိတ်၊ ဆီ ၅၀၀ ပိဿာနဲ့ ပဲ ၃၀၀ ပိဿာ တို့ ပေးအပ်ခဲ့ပါတယ်။

စစ်ကောင်စီအကြမ်းဖက်အဖွဲ့ဟာ အကယ်ဒမီ လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်တို့ အပါအဝင် ပြည်သူဘက်က ရပ်တည်တဲ့ ထင်ရှားတဲ့ အနုပညာရှင်အများအပြားကို ဖမ်ဆီးထောင်ချထားပြီး တဖက်မှာ စစ်အုပ်စုနဲ့ နီးစပ်တဲ့ အနုပညာရှင်တွေကို ခေါ်ယူတွေ့ဆုံ ငွေကြေးထောက်ပံ့ခဲ့ တာဖြစ်ပါတယ်။

…………….

ဖမ္းဆီးခံ အႏုပညာညီအစ္ကိုေမာင္ႏွမေတြအတြက္ အာဏာသိမ္း စစ္ေခါင္းေဆာင္ဖိတ္တဲ့ ေတြ႕ဆုံပြဲကို တက္ေရာက္ခဲ့တာျဖစ္တယ္လို႔ ဝါရင့္သ႐ုပ္ေဆာင္ ထပ္ဆင့္အကယ္ဒမီ ရန္ေအာင္က သူ႔ရဲ႕ လူမႈကြန္ရက္ကေန ေျပာၾကားလိုက္ပါတယ္။

“ကြၽန္ေတာ္ရန္ေအာင္ရဲ႕သစၥာစကားပါ ခင္ဗ်ာ.. ေဇယ်ာသီရိဗိမၼာန္မွာ ေတြ႕ဆုံပြဲေလးတက္ေပးဖို႔ ဖိတ္ၾကားခံခဲ့ရပါတယ္၊ အခ်ိန္ေတာ္ေတာ္ၾကာၾကာ စဥ္းစားခဲ့ပါတယ္၊ မလြတ္ေျမာက္ေသးတဲ့ ကြၽန္ေတာ့ရဲ႕အႏုပညာညီအစ္ကိုေမာင္ႏွမေတြအတြက္ ေျပာဆိုတင္ျပဖို႔

အခြင့္အေရးေလးတစ္ခု ရႏိူင္ခဲ့ရင္ ဆိုတဲ့ ေမွ်ာ္လင့္ခ်က္တစ္ခုထဲနဲ႔ ဒီပြဲကိုတက္မယ္လို႔ ဆုံးျဖတ္တက္ေရာက္ခဲ့ပါတယ္၊ ဒိထက္ပိုၿပီး ဘာအေပးအယူ ဘာေမွ်ာ္လင့္ခ်က္မွ မရွိခဲ့ပါဘူး။” ဖမ္းဆီးခံထားရသူေတြ အျမန္ဆုံးလြတ္ေျမာက္ေရးအတြက္

သက္ညႇာစြာစဥ္းစားေပးဖို႔ တင္ျပခြင့္ရခဲ့တယ္လို႔လည္း အကယ္ဒမီ ရန္ေအာင္က ေျပာပါတယ္။ “ကြၽန္ေတာ့္ေစတနာအမွန္ေၾကာင့္ မလြတ္ေျမာက္ေသးတဲ့အႏုပညာရွင္ညီအစ္ကိုေမာင္ႏွမေတြ အျမန္ဆုံးလြတ္ေျမာက္ဖို႔အေရးကို သက္ညႇာစြာစဥ္းစားေပးဖို႔ တင္ျပခြင့္ရခဲ့ပါတယ္။

ဒါဟာ ဒီပြဲကိုတက္ေရာက္ခဲ့တဲ့ အေၾကာင္းရင္းမွန္ကန္တဲ့ ကြၽန္ေတာ့္ရဲ႕ သစၥာစကားပါ။ အခုလို ေစတနာအမွန္ရဲ႕ သစၥာစကားေၾကာင့္ ကိုယ္စိတ္ႏွလုံး႐ႊင္လန္းခ်မ္းေျမ့စြာေနထိုင္ရပါေစသား။” လို႔ မင္းသား ရန္ေအာင္က ေျပာပါတယ္။

အာဏာသိမ္း အၾကမ္းဖက္စစ္ေခါင္းေဆာင္ဟာ စာေပ၊ ႐ုပ္ရွင္၊ သဘင္၊ ဂီတ အႏုပညာရွင္ေတြကို ေအာက္တိုဘာ ၃၁ ရက္ညက ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္ကုန္းျမင့္သာ ေဇယ်ာသီရိဗိမၼာန္မွာ မွာေခၚယူေတြ႕ဆုံၿပီး ေငြက်ပ္သိန္း ၄၀၀၀၊ ဆန္ ၁၀၀ အိတ္၊ ဆီ ၅၀၀ ပိႆာနဲ႔ ပဲ ၃၀၀ ပိႆာ တို႔ ေပးအပ္ခဲ့ပါတယ္။

စစ္ေကာင္စီအၾကမ္းဖက္အဖြဲ႕ဟာ အကယ္ဒမီ လူမင္း၊ ေျပတီဦး၊ အိျႏၵာေက်ာ္ဇင္တို႔ အပါအဝင္ ျပည္သူဘက္က ရပ္တည္တဲ့ ထင္ရွားတဲ့ အႏုပညာရွင္အမ်ားအျပားကို ဖမ္ဆီးေထာင္ခ်ထားၿပီး တဖက္မွာ စစ္အုပ္စုနဲ႔ နီးစပ္တဲ့ အႏုပညာရွင္ေတြကို ေခၚယူေတြ႕ဆုံ ေငြေၾကးေထာက္ပံ့ခဲ့ တာျဖစ္ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*