ဖလမ်း-ဟားခါးလမ်းတွင် ပိတ်မိနေသော စစ်ကောင်စီတပ် ချင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် အများအပြားသေဆုံးဒဏ်ရာရ၊ စစ်ကား ၇ စီး ပျက်စီး (ရုပ်/သံ)

အောက်တိုဘာ ၁၆

ချင်းပြည်နယ်၊ ဖလမ်းမြို့မှ ဟားခါးဘက်သို ထွက်ခွာလာသည့် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းသည် ဖလမ်းမြို့နယ်အတွင်း ချင်းပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် အများအပြားသေဆုံးကာ၊

၁၅ ဦး ဒဏ်ရာရပြီး စစ်ကား ၇ စီး ပျက်စီးသွားကြောင်း ချင်းသတင်းရင်းမြစ်များထံမှ သိရသည်။အောက်တိုဘာလ ၁၄ ရက်တွင် ဖလမ်းမြို့မှ ထွက်ခွာလာသော သံချပ်ကာအမြှောက်ကား ၂ စီးပါ၊ စစ်ကောင်စီယာဉ်တန်းအား

ဖလမ်းမြို့နယ်အတွင်း၌ ချင်းအမျိုးသားတပ်ဦး CNA၊ CNDF၊ CDF ပူးပေါင်းတပ်ဖွဲ့များမှ အောက်တိုဘာ ၁၄ ရက်နှင့် ၁၅ ရက်များတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စစ်ယာဉ်တန်းသည် ယနေ့တွင် ဖလမ်းမြို့ဘက်သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သတင်းရရှိသည်။အဆိုပါ စစ်ယာဉ်တန်းသည် အောက်တိုဘာလ ၁၆ ရက် ယနေ့နံနက်

၁၀ နာရီ ဝန်းကျင်တွင် ဖလမ်းမြို့ဘက် ပြန်လည်ဆုတ်ခွာသွားပြီး လုံပီးကျေးရွာအနီးတွင် ချင်းတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်ခြင်းခံခဲ့ရကြောင်း ထပ်မံ သိရှိရသည်။

ဖလမ်း-ဟားခါးလမ်းမတွင် ကြားဖြတ်တိုက်ခိုက်ခံနေရသော အကြမ်းဖက်စစ်ကောင်စီတပ်သည် လက်ရှိတွင် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေတွင်ရှိနေပြီး ဖလမ်းမြို့နယ်အတွင်းရှိ တားလ်၊

တလန်ရောန်၊ ရီလ်သီး၊ လုံပီးကျေးရွာများအတွင်း ဝင်ရောက်မီးရှို့ခြင်း၊ အများပြည်သူပိုင် ပစ္စည်းများအား ခိုးယူခြင်းများ ပြုလုပ်နေကြသည်။စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးရှို့ဖျက်ဆီးမှုကြောင့် ရာလ်သီးကျေးရွာရှိ

နေအိမ် ၁၀ လုံးကျော်နှင့် တလန်ရောန်ကျေးရွာရှိ နေအိမ် ၁၀ လုံးကျော် မီးလောင်ပျက်စီးခဲ့ရသည်။စစ်ကောင်စီဘက်မှ အကျအဆုံးစာရင်းနှင့် တိုက်ပွဲဖြစ်စဉ်အသေးစိတ်အား ချင်းတပ်ဖွဲ့များက တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ဖလမ်းမြို့မှ ထွက်ခွာလာသော စစ်ကောင်စီစစ်ကြောင်းသည် Camp Victoria ရှိ ချင်းအမျိုးသားတပ်ဦး ဌာနချုပ်အား တိုက်ခိုက်ရန် ထိုးစစ်ဆင်လာသော စစ်ကြောင်းဖြစ်ပြီး အဆိုပါ စစ်ကောင်စီတပ်အနေဖြင့်

ပြန်ဆုတ်ခွာဖို့ မလွယ်တော့ကြောင်း CNA ပြောခွင့်ရ ဆလိုင်းထက်နီက Hakha Times သတင်းဌာနသို့ ပြောကြားထားသည်။”ဌာနချုပ်အနီးအနားအထိ မကပ်နိုင်အောင် ကာထားမယ်။ တကယ်လို့ ချဥ်းကပ်နိုင်တယ်ထားပါ။

သူတို့အတွက် ပြန်ဆုတ်ဖို့ မလွယ်တော့ဘူး လို့ဘဲဖြေပါရစေ” ဟု ချင်းအမျိုးသားတပ်ဦး ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီမှ ဆိုသည်။
အလားတူ ချင်းတောင်ပိုင်းရှိ မင်းတပ်-မတူပီ လမ်းပိုင်းတွင်လည်း

စစ်ကောင်စီတပ်နှင့် CDF တပ်ဖွဲ့များ ထိတွေ့ပစ်ခတ်မှုများရှိပြီး လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့များသည် လက်နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းသန်းဖြစ်ခတ်ကာ မင်းတပ် ၁၆ မိုင်စခန်းတွင် စခန်းချနေကြောင်း CDF သတင်းရင်းမြစ်များထံမှ သိရသည်။

ဗီဒီယို – အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်မီးရှို့မှုကြောင့် အောက်တိုဘာလ ၁၄ ရက်တွင် တလန်ရောန်ကျေးရွာတွင် မီးလောင်နေသည့် မြင်ကွင်း

Be the first to comment

Leave a Reply

Your email address will not be published.


*