ဗဟိုဘဏ်က တရားဝင်ကြောင်းကြေငြာလိုက်တဲ့ USDT ဆိုတာ

USDT ဆိုတာ ဘာလဲ?
——————————-
USDT ဆိုတာက crypto currency တစ်မျိုးပါပဲ
BTC တို့လို့ ETH တို့လို့ အခြား Crypto Currency တွေနဲ့ မတူတာကတော့ USDT ဟာ Stable Coin (စျေးငြိမ်) ဖြစ်ပါတယ် ။ USDT ဟာ ပြင်ပ အမေရိကန် ဒေါ်လာ 1$ နဲ့ ညီမျှအောင် လုပ်ထားတဲ့အတွက်
လက်ရှိ ပြင်ပ USD ပေါက်စျေးနဲ့ အနီးစပ်ဆုံးဖြစ်ပြီး ဝယ်ထားလိုက်မယ်ဆိုရင် BTC လို အခြားသော Crypto လို စျေးနှုန်းအပြောင်းအလဲ အတက်အကျ မရှိသောကြောင့် ဆုံးရှုံးနိုင်ခြေ နည်းပါတယ် ။(ဒေါ်လာစျေးအတိုင်းတော့ စျေး အတက်အကျရှိ) ဒီ USDT ကို ပြည်တွင်းသုံး Digital Currency အဖြစ်သတ်မှတ်လိုက်တော့
ဘာအကျိုးရှိမလဲ ?
—————————
Crypto ဆိုတာကတော့အလွယ်ပြောရရင် Decentralized(ဗဟိုထိန်းချုပ်မှုမရှိ) ဖြစ်တဲ့ currency ပေါ့ ။ ဒါကိုငွေကြေးအဖြစ်သုံးတဲ့ အကျိုးကတော့ ဗဟိုထိန်းချုပ်မှုမရှိတဲ့အတွက် ငွေလွှဲငွေပြောင်း လုပ်ရာမှာ အခုလက်ရှိ ဘဏ် acc တွေလို
ကိုဘယ်သူ ၊ မဘယ်ဝါ ဆိုတဲ့ personal အချက်အလက်တွေကို မြင်ရတော့မှာ မဟုတ်ပါဘူး။ ဒီလို လူနာမည်နဲ့ အချက်အလက်တွေအစား encryption လုပ်ထားတဲ့ Digital ကိန်းဂဏန်း တွေကိုသာ အသုံးပြုပြီး ငွေပေး ငွေယူလုပ်ကြတာမို့လို့ ကိုယ်လွှဲတာပါ။
ကိုယ်ယူတာပါဆိုတာကို ကိုယ်ကမပြောရင် ဘယ်သူမှမသိနိုင်တော့ပါဘူး ။ ဒါပေမဲ့ ကိုယ်တွေငွေပေး ငွေယူလုပ်လိုက်တဲ့ transition တွေကိုတော့ လူအများကြည့်ရှု့နိုင်တဲ့ Network တွေပေါ်မှာ တင်ထားလို့ ပွင့်လင်းမှုလဲရှိနေပြန်ပါတယ် ။
ကိုဘယ်သူမှ ဦးဘယ်သူကို ဘယ်လောက်ဆိုတာမျိုး တော့မြင်ရမှာမဟုတ်ပဲ 0ajshgd46djdkskl မှ 12NsUKp28kslah သို့ ဆိုတာကိုပဲ လူတွေက မြင်ရမှာပါ ။
ဒီတော့ လုံခြုံပြီး ပွင့်လင်းတယ်လို့ ဆိုရမှာဖြစ်ပါတယ် ။
ဒီတော့ အစိုးရတစ်ရပ်က ထိန်းချုပ်ထားတဲ့ ငွေကြေးလွှဲပြောင်းမှုတွေလို လူပုဂ္ဂိုလ်ဆိုင်ရာ အချက်အလက်တွေကို အစိုးရကဖြစ်စေ အဖွဲ့အစည်းတစ်ခုက ဖြစ်စေ ဘဏ်တစ်ခုကဖြစ်စေ ကြည့်လို့ လိုက်လို့မရတော့ပါဘူး ။
ဒါပေမဲ့ ကိုယ်တွေငွေလွှဲလိုက်တဲ့ transitions သည် စောစောကလို ဘယ်သူမှဖော်ဖို့မဖြစ်နိုင်တဲ့ ဝှက်စာတွေနဲ့ လူအများမြင်သာထင်သာကြည့်နိုင်ပြန်ပါတယ် ။
ဒီအားသာချက်တွေကြောင့် ငွေလွှဲလို့ ၊လှူလို့ အကောင့်ပိတ်ခံရတာတွေ ၊အဖမ်းခံရတာတွေ ၊ freeze ခံရတာတွေ
ဘယ်တော့မှဖြစ်လာတော့မှာမဟုတ်သလို ကိုယ်လှူတာကိုလည်း ကိုယ်ပြောမှသာ သိကြပြီး လုံခြုံတဲ့ အားသာချက်ကို ရရှိနိုင်ပါတယ် ။
အားနည်းချက် / သတိထားရမည့်အချက်
———————————————————-
Crypto ဟာ အပေါ်ကပြောခဲ့သလို လူပုဂ္ဂိုလ် အချက်အလက်တွေကို ဘယ်သူမှမသိနိုင်အောင် ကာကွယ်ထားတာမို့လို့ မသမာသူအချို့ရဲ့ လိမ်လည်မှုတွေ အများကြီး လာနိုင်သလို အလိမ်ခံရပြီဆိုရင်လည်း ဘယ်လိုမှ နောက်ကြောင်းလိုက်ဖို့ မဖြစ်နိုင်တော့ပါဘူး ။
ဒီလိုမဖြစ်အောင် သတိထားရမှာကတော့ ကိုယ့် ရဲ crypto ငွေတွေ ထည့်ထားတဲ့ wallet (Kpay CBpay လို အရာမျိုး ) ရဲ့ လုံခြုံရေးအချက်အလက်တွေကို ဘယ်သူ့ကိမှ မပေးဖို့နဲ့ ကိုယ်ငွေလွှဲမည့်အခါမျိုးမှာ ကိုယ်လွှဲရမဲ့ wallet address သေခြာမှန်မမှန် စစ်ဖို့ နဲ့ internet ပေါ် က လူပေါင်းစုံ ကို မယုံဖို့ပါပဲ ။
နောက်တစ်ချက်ဖြည့်စွက်လိုတာက Network ပေါင်းများစွာရှိလို့ ကိုယ်ငွေလွှဲမဲ့ wallet address နဲ့ ကိုယ့် wallet address ဟာ Networkချင်းမတူရင် ကိုယ်လွှဲလိုက်တဲ့ crypto များ ဆုံးရှုံးနိုင်ပါတယ် ။ များသောအားဖြင့် သုံးကြတဲ့ network တွေကတော့
BTC network
ETH network
BSC network , etc… ဖြစ်ကြပါတယ်။ ဒါကြောင့်ဒီအချက်ကလဲ ဂရုကြီးကြီးစိုက်ရမဲ့အချက်ပါ။
USDT ကို မြန်မာငွေနဲ့ ဘယ်လိုလဲမလဲ?
——————————————
လက်ရှိမှာ crypto ငွေကြေးကို မြန်မာငွေနဲ့ ဝယ်လို့ရတဲ့ Exchange က Binance (.) com မှာပဲ ဖြစ်ပါတယ် ။ ဒီ Exchange မှာ acc register လုပ်ပြီး တာနဲ့ တန်းဝယ်လို့မရပဲ KYC ဆိုတဲ့ ကိုယ့်ရဲ့ အချက်အလက်တွေကိုတင်ရပါတယ် {passport / driver license} ။
ဒီလိုတင်ရပေမဲ့ ဒီအချက်အလက်တွေက လုံခြုံပါတယ် ။ ပြီးရင်တော့ P2P ဆိုတဲ့ peer to peer (လူလူချင်း အရောင်းအဝယ် ) မှာ သွားပြီး မြန်မာငွေကြေးနဲ့ လက်ခံရောင်းချနေတဲ့ merchandiserတွေစီကနေ ဝယ်လို့ရပါပြီ ။
သူတို့စီကနေ ဝယ်တဲ့အခါမှာ ပြည်တွင်းသုံး digital money တွေနဲ့ ဝယ်ယူလို့ရတာကြောင့် ငွေလွှဲချိန်မှာ remarkထဲမှာ crypto နဲ့ပတ်သတ်တဲ့အချက်အလက်တွေ ထည့်မရေးမိရင် အဆင်ပြေလုံခြုံပါတယ် ။
ဒီလိုဝယ်ဖို့အခက်အခဲရှိတဲ့သူတွေအနေနဲ့ကတော့ အပြင်မှာ ရောင်းချတဲ့ ယုံကြည်ရတဲ့ လူတွေစီကနေ ဝယ်နိုင်ပါတယ် ။ ကိုယ့်ဘက်ကနေ Mobile pay နဲ့သော်လည်းကောင်း ငွေသားနဲ့သော်လည်းကောင်း ပိုက်ဆံပေးပြီး Crypto wallet (Kpay app လို မျိုးအလားတူ app}ကနေ crypto တွေ လက်ခံယုံပါပဲ ။
ကိုယ် crypto တွေ ပြန်လွှဲချင်လဲ ဒီwallet တွေကနေ ပြန်လွှဲရတာပါ ။လက်ရှိမှာ လူသုံးများတဲ့ wallet တွေကTrust walletCoinbase wallet
အစရှိသဖြင့်အများကြီး ရှိပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*