ဗဟိုဘဏ် ဒေါ်လာ သန်း ၈၀ ရောင်းချခဲ့ရာ စက်သုံးစီ ကဏ္ဍမှ သန်း၃၀ ရရှိထားပြီး အထူးစျေးနှုန်းဖြင့် ရောင်းချပေးရန် တောင်းဆို

ဗဟိုဘဏ် ဒေါ်လာ သန်း၈၀ရောင်းချခဲ့ရာ စက်သုံးစီ ကဏ္ဍမှ သန်း၃၀ ရရှိထားပြီး အထူးစျေးနှုန်းဖြင့် ရောင်းချပေးရန်အဝေးပြေးကုန်စည်ပို့ဆောင်ရေးအသင်းက တောင်းဆို

အောက်တိုဘာလအတွင်းမှာပဲ ဒေါ်လာ သန်း၅၀တစ်ကြိမ် သန်း၃၀ တစ်ကြိမ် စုစုပေါင်း ဒေါ်လာသန်း၈၀ စံချိန်တင်ရောင်းချပေးခဲတာဖြစ်ပါတယ်။ ခုလို ဗဟိုဘဏ် က ဒေါ်လာသန်း၈၀ရောင်းချခဲ့ရာ

စက်သုံးဆီကဏ္ဍမှ ခွဲတမ်းအဖြစ် သန်း၃၀ရရှိထားခဲ့ရာ အထူးစျေး ဖြင့်ရောင်းချပေးရန် အဝေးပြေးကုန်စည် ပို့ဆောင်ရေးအသင်းက တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတော်မှ စက်သုံးဆီများကို ပြတ်လပ်မှုမရှိစေဘဲ နိုင်ငံအနှံ့အပြားက စက်သုံးဆီဆိုင်တွေမှာ အထူးစျေးနှုန်းဖြင့် ရောင်းချပေးရန်အဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်​ငန်းရှင်များအသင်း MHFTSAက

ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများထံ တင်ပြထားတယ်လို့ သိရှိရပါတယ်။ကုန်စည်စီးဆင်းမှုအားကောင်းတဲ့ နိုဝင်ဘာလမှ မေလအထိ ပွင့်လင်းရာသီဖြစ်လို့

စပါး၊ပဲ၊ပြောင်း၊နှမ်း အစရှိတဲ့စားသောက်ကုန်များနဲ့ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်ချိန်ဖြစ်တာကြောင့် နှစ်စဥ်နှစ်တိုင်း ကုန်စည်ပို့ဆောင်ခ အနည်းငယ်မြင့်တက်မှုတွေရှိတာကို ကြုံတွေ့ရတယ်လို့ MHFTSA ဥက္ကဌ ဦးကျင်သိန်းကပြောပါတယ်။

နိုင်ငံခြား​ငွေလိုအပ်ချက် အများဆုံးရှိတဲ့လုပ်ငန်းများကို ​မြန်မာနိုင်ငံဗဟိုဘဏ်ရဲ့ ပြင်ပပေါက်စျေးထက်နည်းပါးတဲ့ ပမာဏနဲ့ အမေရိကန်ဒေါ်လာသန်းပေါင်းများစွာကို စျေးပြိုင်လေလံနဲ့ရောင်းချပေးခဲ့ပြီး

အဲ့ဒီထဲမှာ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချတဲ့လုပ်ငန်းများလည်းပါဝင်လျက်ရှိပါတယ်။ယခုလအတွင်းဗဟိုဘဏ်ကရောင်းချပေးခဲ့တဲ့ ဒေါ်လာသန်း၈၀အနက် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေး MPTAအပါအဝင်

စက်သုံးဆီကဏ္ဍမှာပါဝင်ပတ်သက်သူတွေအတွက် ဒေါ်လာသန်း၃၀ အထိ ခွဲတမ်းရရှိခဲ့ပါတယ်။ ခွဲတမ်းရရှိတဲ့ပမာဏကို နိုင်ငံတော်က အထူးစျေးနှုန်းဖြင့် လုပ်ငန်းရှင်များကတဆင့်စက်သုံးဆီအသုံးပြုသူများထံ

ရောင်းချပေးခဲ့ပြီး အများစုက အဝေးပြေးကုန်စည် ပို့ဆောင်ရေးအသင်းနဲ့ ကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း ပင်လယ်ငါးဖမ်းလုပ်ငန်းမှ ငါးဖမ်းလှေများပါဝင်ခဲ့တယ်လို့ဆိုပါတယ်။

နိုင်ငံကအထူးစျေးနှုန်းနဲ့ရောင်းချပေးတဲ့စက်သုံးဆီများကိုကုန်စည်မော်တော်ယာဉ် များကိုအပြည့်ဝရောင်းချပေးဖို့ ကုန်တင်မော်တော်ယာဉ် များကို ခရီးစဥ်အနီးအဝေးပေါ်မူတည်ပြီးရောင်းချပေးဖို့နဲ့

ကုန်ပါတဲ့ယာဉ်များကိုသာရောင်းချပြီး ကုန်မပါတဲ့ယာဉ်များကိုမရောင်းဖို့MHFTSAဘက်ကတင်ပြထားပါတယ်။စီးပွားကူးသန်းဝန်ကြီးဌာနနဲ့ MPTAတို့ပူးပေါင်းပြီး ဗဟိုဘဏ်ကရောင်းချပေးတဲ့နိုင်ငံခြားငွေနဲ့ဝယ်ယူထားတဲ့

စက်သုံးဆီများကို နိုဝင်ဘာ ၂၂ရက်မှ စတင်ကာ နိုင်ငံတစ်ဝှမ်းကအရောင်းဆိုင်၅၀ ထံ 92 Ron လီတာ ၁၉.၆သန်း၊ ဒီဇယ်လီတာ ၁၂.၂သန်းနဲ့ ပရီမီယံ ဒီဇယ်လီတာ ၁၈.၃သန်းကိုရောင်းချပေးထားတယ်လို့သိရပါတယ်။

….zawgyi….

ဗဟိုဘဏ္ ေဒၚလာ သန္း၈၀ေရာင္းခ်ခဲ့ရာ စက္သုံးစီ က႑မွ သန္း၃၀ ရရွိထားၿပီး အထူးေစ်းႏႈန္းျဖင့္ ေရာင္းခ်ေပးရန္အေဝးေျပးကုန္စည္ပို႔ေဆာင္ေရးအသင္းက ေတာင္းဆို

ေအာက္တိုဘာလအတြင္းမွာပဲ ေဒၚလာ သန္း၅၀တစ္ႀကိမ္ သန္း၃၀ တစ္ႀကိမ္ စုစုေပါင္း ေဒၚလာသန္း၈၀ စံခ်ိန္တင္ေရာင္းခ်ေပးခဲတာျဖစ္ပါတယ္။ ခုလို ဗဟိုဘဏ္ က ေဒၚလာသန္း၈၀ေရာင္းခ်ခဲ့ရာ

စက္သုံးဆီက႑မွ ခြဲတမ္းအျဖစ္ သန္း၃၀ရရွိထားခဲ့ရာ အထူးေစ်း ျဖင့္ေရာင္းခ်ေပးရန္ အေဝးေျပးကုန္စည္ ပို႔ေဆာင္ေရးအသင္းက ေတာင္းဆိုလိုက္ပါတယ္။

ႏိုင္ငံေတာ္မွ စက္သုံးဆီမ်ားကို ျပတ္လပ္မႈမရွိေစဘဲ ႏိုင္ငံအႏွံ႔အျပားက စက္သုံးဆီဆိုင္ေတြမွာ အထူးေစ်းႏႈန္းျဖင့္ ေရာင္းခ်ေပးရန္အေဝးေျပးကုန္စည္ပို႔ေဆာင္ေရးဝန္ေဆာင္မႈလုပ္​ငန္းရွင္မ်ားအသင္း MHFTSAက

ပို႔ေဆာင္ဆက္သြယ္ေရးဝန္ႀကီးဌာနအပါအဝင္ သက္ဆိုင္ရာ အာဏာပိုင္အဖြဲ႕အစည္းမ်ားထံ တင္ျပထားတယ္လို႔ သိရွိရပါတယ္။ကုန္စည္စီးဆင္းမႈအားေကာင္းတဲ့ ႏိုဝင္ဘာလမွ ေမလအထိ ပြင့္လင္းရာသီျဖစ္လို႔

စပါး၊ပဲ၊ေျပာင္း၊ႏွမ္း အစရွိတဲ့စားေသာက္ကုန္မ်ားနဲ႔ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား လုပ္ကိုင္ခ်ိန္ျဖစ္တာေၾကာင့္ ႏွစ္စဥ္ႏွစ္တိုင္း ကုန္စည္ပို႔ေဆာင္ခ အနည္းငယ္ျမင့္တက္မႈေတြရွိတာကို ႀကဳံေတြ႕ရတယ္လို႔ MHFTSA ဥကၠဌ ဦးက်င္သိန္းကေျပာပါတယ္။

ႏိုင္ငံျခား​ေငြလိုအပ္ခ်က္ အမ်ားဆုံးရွိတဲ့လုပ္ငန္းမ်ားကို ​ျမန္မာႏိုင္ငံဗဟိုဘဏ္ရဲ႕ ျပင္ပေပါက္ေစ်းထက္နည္းပါးတဲ့ ပမာဏနဲ႔ အေမရိကန္ေဒၚလာသန္းေပါင္းမ်ားစြာကို ေစ်းၿပိဳင္ေလလံနဲ႔ေရာင္းခ်ေပးခဲ့ၿပီး

အဲ့ဒီထဲမွာ စက္သုံးဆီတင္သြင္းျဖန္႔ျဖဴးေရာင္းခ်တဲ့လုပ္ငန္းမ်ားလည္းပါဝင္လ်က္ရွိပါတယ္။ယခုလအတြင္းဗဟိုဘဏ္ကေရာင္းခ်ေပးခဲ့တဲ့ ေဒၚလာသန္း၈၀အနက္ ျမန္မာႏိုင္ငံ စက္သုံးဆီတင္သြင္းေရာင္းခ်ျဖန္႔ျဖဴးေရး MPTAအပါအဝင္

စက္သုံးဆီက႑မွာပါဝင္ပတ္သက္သူေတြအတြက္ ေဒၚလာသန္း၃၀ အထိ ခြဲတမ္းရရွိခဲ့ပါတယ္။ ခြဲတမ္းရရွိတဲ့ပမာဏကို ႏိုင္ငံေတာ္က အထူးေစ်းႏႈန္းျဖင့္ လုပ္ငန္းရွင္မ်ားကတဆင့္စက္သုံးဆီအသုံးျပဳသူမ်ားထံ

ေရာင္းခ်ေပးခဲ့ၿပီး အမ်ားစုက အေဝးေျပးကုန္စည္ ပို႔ေဆာင္ေရးအသင္းနဲ႔ ကုန္ေသတၱာတင္ေမာ္ေတာ္ယာဥ္မ်ားအသင္း ပင္လယ္ငါးဖမ္းလုပ္ငန္းမွ ငါးဖမ္းေလွမ်ားပါဝင္ခဲ့တယ္လို႔ဆိုပါတယ္။

ႏိုင္ငံကအထူးေစ်းႏႈန္းနဲ႔ေရာင္းခ်ေပးတဲ့စက္သုံးဆီမ်ားကိုကုန္စည္ေမာ္ေတာ္ယာဥ္ မ်ားကိုအျပည့္ဝေရာင္းခ်ေပးဖို႔ ကုန္တင္ေမာ္ေတာ္ယာဥ္ မ်ားကို ခရီးစဥ္အနီးအေဝးေပၚမူတည္ၿပီးေရာင္းခ်ေပးဖို႔နဲ႔

ကုန္ပါတဲ့ယာဥ္မ်ားကိုသာေရာင္းခ်ၿပီး ကုန္မပါတဲ့ယာဥ္မ်ားကိုမေရာင္းဖို႔MHFTSAဘက္ကတင္ျပထားပါတယ္။စီးပြားကူးသန္းဝန္ႀကီးဌာနနဲ႔ MPTAတို႔ပူးေပါင္းၿပီး ဗဟိုဘဏ္ကေရာင္းခ်ေပးတဲ့ႏိုင္ငံျခားေငြနဲ႔ဝယ္ယူထားတဲ့

စက္သုံးဆီမ်ားကို ႏိုဝင္ဘာ ၂၂ရက္မွ စတင္ကာ ႏိုင္ငံတစ္ဝွမ္းကအေရာင္းဆိုင္၅၀ ထံ 92 Ron လီတာ ၁၉.၆သန္း၊ ဒီဇယ္လီတာ ၁၂.၂သန္းနဲ႔ ပရီမီယံ ဒီဇယ္လီတာ ၁၈.၃သန္းကိုေရာင္းခ်ေပးထားတယ္လို႔သိရပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*