မကွေး နှင့် တောင်တွင်းကြီး တွင် ဆိုင်ကယ် ၂ ယောက်စီးသူများ ကို စစ်တပ် က ဖမ်းဆီးရိုက်နှက် နေ

မကွေးတိုင်း၊ မကွေးမြို့နဲ့ တောင်တွင်းကြီးမြို့တွေမှာ ဆိုင်ကယ်ဆိုင်ကယ်ကို ၂ ယောက် စီးနင်းလာတဲ့ ဒေသခံပြည်သူတွေကို နိုဝင်ဘာ ၃ ရက်နေ့က အကြမ်းဖက်စစ် ကောင်စီတပ်သားတွေ ဖမ်းဆီးရိုက်နှက်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

မကွေးဒေသခံတဦးက “ဆိုင်ကယ်ကို ၂ ယောက်မစီးရဘူးတဲ့လေ။ ညက လော်နဲ့လိုက်အော်တယ်။ စျေးဝယ်တို့၊ ကျန်းမာရေးတို့ ဘယ်လိုလုပ်ကြမလဲ။ ပြည်သူတွေကို စစ်တပ်က အရမ်းဒုက္ခပေးလွန်းနေပြီ” လို့ ပြောပါတယ်။

မကွေးမြို့ကို အနီးအနားကျေးရွာတွေက ဆိုင်ကယ် ၂ ယောက်စီးနင်းပြီး လာရောက်ကြတဲ့ပြည်သူတွေကို ဖမ်းဆီးရိုက်နှက်နေတာတွေရှိနေတယ်လို့ သိရပါတယ်။

မကွေးမြို့နဲ့ တောင်တွင်းကြီးမြို့တွေမှာ ဆိုင်ကယ်စီးနင်းသူတွေဟာ အမျိုးသားဆို ၁ ဦးတည်း၊ အမျိုးသမီးဆို ၂ ဦးသာ စီးနင်းဖို့ အကြမ်းဖက်စစ်ကောင်စီက ကန့်သတ်လိုက်တာလို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

“လျှပ်စစ်ရုံးကို မီတာဆောင်လာတဲ့ ဆိုင်ကယ် ၂ ယောက်စီးလာတဲ့သူတွေကို စစ်သားတွေက ရိုက်နေတယ်။ ကြိုပြီးတော့လည်း ကြေညာမထားဘူး။ မြို့ပေါ်က လမ်းဆုံနေရာတွေမှာ ဖမ်းပြီးရိုက်နေတာဗျာ။ စစ်တပ်က တော်တော်ရမ်းကားနေပါပြီ” လို့ တောင်တွင်းကြီး ဒေသခံတဦးက ပြောပါတယ်။

တောင်တွင်းကြီးမြို့မှာ ပြီးခဲ့တဲ့လကတည်းက စစ်ကောင်စီရဲ့ ဆွေမျိုးတော်စပ်သူ အမျိုးသမီး ၁ ဦးနဲ့ ပြည်ခိုင်ဖြိုးပါတီအမာခံ စစ်ကောင်စီသတင်းပေး ၁ ဦးတို့ သေနတ်နဲ့ပစ်သတ်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက အပြစ်မဲ့ဒေသခံပြည်သူတွေကို ဖမ်းဆီးတာအပါအဝင်

လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နေ့စဉ်နဲ့အမျှ ပြုလုပ်နေတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

………………

မေကြးတိုင္း၊ မေကြးၿမိဳ႕နဲ႔ ေတာင္တြင္းႀကီးၿမိဳ႕ေတြမွာ ဆိုင္ကယ္ဆိုင္ကယ္ကို ၂ ေယာက္ စီးနင္းလာတဲ့ ေဒသခံျပည္သူေတြကို ႏိုဝင္ဘာ ၃ ရက္ေန႔က အၾကမ္းဖက္စစ္ ေကာင္စီတပ္သားေတြ ဖမ္းဆီး႐ိုက္ႏွက္ေနတယ္လို႔ ေဒသခံေတြဆီကသိရပါတယ္။

မေကြးေဒသခံတဦးက “ဆိုင္ကယ္ကို ၂ ေယာက္မစီးရဘူးတဲ့ေလ။ ညက ေလာ္နဲ႔လိုက္ေအာ္တယ္။ ေစ်းဝယ္တို႔၊ က်န္းမာေရးတို႔ ဘယ္လိုလုပ္ၾကမလဲ။ ျပည္သူေတြကို စစ္တပ္က အရမ္းဒုကၡေပးလြန္းေနၿပီ” လို႔ ေျပာပါတယ္။

မေကြးၿမိဳ႕ကို အနီးအနားေက်း႐ြာေတြက ဆိုင္ကယ္ ၂ ေယာက္စီးနင္းၿပီး လာေရာက္ၾကတဲ့ျပည္သူေတြကို ဖမ္းဆီး႐ိုက္ႏွက္ေနတာေတြရွိေနတယ္လို႔ သိရပါတယ္။

မေကြးၿမိဳ႕နဲ႔ ေတာင္တြင္းႀကီးၿမိဳ႕ေတြမွာ ဆိုင္ကယ္စီးနင္းသူေတြဟာ အမ်ိဳးသားဆို ၁ ဦးတည္း၊ အမ်ိဳးသမီးဆို ၂ ဦးသာ စီးနင္းဖို႔ အၾကမ္းဖက္စစ္ေကာင္စီက ကန႔္သတ္လိုက္တာလို႔ ေဒသခံျပည္သူေတြက ေျပာပါတယ္။

“လွ်ပ္စစ္႐ုံးကို မီတာေဆာင္လာတဲ့ ဆိုင္ကယ္ ၂ ေယာက္စီးလာတဲ့သူေတြကို စစ္သားေတြက ႐ိုက္ေနတယ္။ ႀကိဳၿပီးေတာ့လည္း ေၾကညာမထားဘူး။ ၿမိဳ႕ေပၚက လမ္းဆုံေနရာေတြမွာ ဖမ္းၿပီး႐ိုက္ေနတာဗ်ာ။ စစ္တပ္က ေတာ္ေတာ္ရမ္းကားေနပါၿပီ” လို႔ ေတာင္တြင္းႀကီး ေဒသခံတဦးက ေျပာပါတယ္။

ေတာင္တြင္းႀကီးၿမိဳ႕မွာ ၿပီးခဲ့တဲ့လကတည္းက စစ္ေကာင္စီရဲ႕ ေဆြမ်ိဳးေတာ္စပ္သူ အမ်ိဳးသမီး ၁ ဦးနဲ႔ ျပည္ခိုင္ၿဖိဳးပါတီအမာခံ စစ္ေကာင္စီသတင္းေပး ၁ ဦးတို႔ ေသနတ္နဲ႔ပစ္သတ္ခံရၿပီးေနာက္ အၾကမ္းဖက္စစ္ေကာင္စီတပ္သားေတြက အျပစ္မဲ့ေဒသခံျပည္သူေတြကို ဖမ္းဆီးတာအပါအဝင္

လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို ေန႔စဥ္နဲ႔အမွ် ျပဳလုပ္ေနတယ္လို႔ ေဒသခံျပည္သူေတြဆီက သိရပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*