မင်္ဂလာဒုံလေတပ် လုံခြုံရေးဂိတ်ကို ပစ်ခေတ်နေသည့် ရုပ်သံ ဗီဒီယိုဖိုင်

မင်္ဂလာဒုံလေတပ် လုံခြုံရေးဂိတ်ကို ပစ်ခေတ်နေသည့် ရုပ်သံဗီဒီယိုဖိုင်

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ၊အနန်းပင်ရပ်ကွက် ခေရပင်ရိပ်မွန်လမ်း ရှိမင်္ဂလာဒုံလေတပ် လုံခြုံရေးဂိတ် ကို သေနတ်ဖြင့် ပစ်ခေတ်နေသည့် ရုပ်သံဗီဒီယိုဖိုင် တစ်ခုကို မဇ္ဈိမ သတင်းဌာနက လက်ခံရရှိခဲ့သည်။

မင်္ဂလာဒုံလေတပ်လုံခြုံရေးဂိတ် ကို ဒေသပြည်သူ့ကာကွယ်ရေးတပ် ဖြစ်သည့် မင်္ဂလာဒုံ Fight For Freedom (FFF) က၎င်းတို့လက်ချက်ဖြစ်တယ်လို့ ပြောသည်။

“ ပြည်သူတွေအား မတရားဖိနှိပ်ရက်စက်နေမှုအပေါ် မင်္ဂလာဒုံ Fight For Freedom (FFF) လက်စားချေမှု “ ဟု မဇ္ဈိမ သတင်းဌာနကို ပြောသည်။ ဖြစ်စဉ်မှာ နိုဝင်ဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်းအချိန်က မင်္ဂလာဒုံလေတပ်လုံခြုံရေးဂိတ်ကို ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက

သေနတ်ဖြင့် ပစ်ခေတ်ခဲ့ကြောင်းကို ပြည်တွင်းအခြေစိုက်သတင်းမီဒီယာများက သတင်းဖော်ပြခဲ့သည်။

ယင်းကဲ့သို့ သေနတ်ဖြင့် ပစ်ခေတ်ခံရမှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် လေတပ်သား နှစ်ဦး သေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သတင်းထွက်ပေါ်နေသည်။

………………………..

မဂၤလာဒုံေလတပ္ လုံၿခဳံေရးဂိတ္ကို ပစ္ေခတ္ေနသည့္ ႐ုပ္သံဗီဒီယိုဖိုင္

ရန္ကုန္တိုင္းေဒသႀကီး မဂၤလာဒုံၿမိဳ႕နယ္ ၊အနန္းပင္ရပ္ကြက္ ေခရပင္ရိပ္မြန္လမ္း ရွိမဂၤလာဒုံေလတပ္ လုံၿခဳံေရးဂိတ္ ကို ေသနတ္ျဖင့္ ပစ္ေခတ္ေနသည့္ ႐ုပ္သံဗီဒီယိုဖိုင္ တစ္ခုကို မဇၩိမ သတင္းဌာနက လက္ခံရရွိခဲ့သည္။

မဂၤလာဒုံေလတပ္လုံၿခဳံေရးဂိတ္ ကို ေဒသျပည္သူ႔ကာကြယ္ေရးတပ္ ျဖစ္သည့္ မဂၤလာဒုံ Fight For Freedom (FFF) က၎တို႔လက္ခ်က္ျဖစ္တယ္လို႔ ေျပာသည္။

“ ျပည္သူေတြအား မတရားဖိႏွိပ္ရက္စက္ေနမႈအေပၚ မဂၤလာဒုံ Fight For Freedom (FFF) လက္စားေခ်မႈ “ ဟု မဇၩိမ သတင္းဌာနကို ေျပာသည္။ ျဖစ္စဥ္မွာ ႏိုဝင္ဘာလ ၇ ရက္ေန႔ မြန္းလြဲပိုင္းအခ်ိန္က မဂၤလာဒုံေလတပ္လုံၿခဳံေရးဂိတ္ကို ေဒသျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ားက

ေသနတ္ျဖင့္ ပစ္ေခတ္ခဲ့ေၾကာင္းကို ျပည္တြင္းအေျခစိုက္သတင္းမီဒီယာမ်ားက သတင္းေဖာ္ျပခဲ့သည္။

ယင္းကဲ့သို႔ ေသနတ္ျဖင့္ ပစ္ေခတ္ခံရမႈေၾကာင့္ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ေလတပ္သား ႏွစ္ဦး ေသဆုံးကာ ႏွစ္ဦးထိခိုက္ဒဏ္ရာရရွိေၾကာင္း သတင္းထြက္ေပၚေနသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*