သိပ္ပံလမ်းပေါ်ရှိ ရွေး/ကော် ဥက္ကဌဟောင်းပိုင် နေအိမ် မိုင်းပစ်ခံရ၊

အောက်တိုဘာ – ၁၄

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာကွက်သစ်၊ (၅၇)လမ်းနှင့် (၅၈)လမ်းကြား၊ သိပ္ပံလမ်းပေါ်ရှိ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌဟောင်း၊ စစ်ဗိုလ်ချုပ်ကြီးဟောင်း

ဦးတင်အေး ပိုင်သည့် ခြံဝင်းအတွင်း ယနေ့ အောက်တိုဘာ (၁၄)ရက် မနက်ပိုင်းက လက်လုပ်မိုင်း ပစ်သွင်းခံရကြောင်း သတင်းရရှိသည်။
လက်ရှိတွင် မြန်မာဘီယာရုံးအဖြစ် ဖွင့်လှစ်ထားပြီး

ယခင်က မက်ဆင်ဂျာနှင့် မန္တလေးအလင်း သတင်းစာတိုက် ရုံးအဖြစ် ဖွင့်လှစ်ခဲ့သည့် အဆိုပါ နေအိမ်ခြံဝန်းအတွင်းသို့ ယနေ့ မနက် (၈)နာရီဝန်းကျင်တွင်

အမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့် ရောက်လာပြီး လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခဲ့ခြင်း ဖြစ်သည်ဟု စစ်ကောင်စီ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းမှ သတင်းရရှိသည်။

​ထိုသို့ လက်လုပ်မိုင်းဖြင့် ပစ်ပေါက်စဥ် ရုံးဝန်ထမ်းများက တွေ့ရှိသဖြင့် မပေါက်သေးခင် ရေဖြင့်ဝိုင်းဝန်း ပက်ဖျန်းခဲ့ကြောင်း၊ ထို့အပြင် ခြံဝန်းအနီးတွင်လည်း ကီးပက်ဖုန်းဖြင့် ပြုလုပ်ထားပြီး

ဂျပ်ဖာအတွင်း ထည့်သွင်းထားသည့် မပေါက်ကွဲသေးသည့် လက်လုပ်ချိန်ကိုက်မိုင်းတစ်လုံး တွေ့ရှိခဲ့သည်ဟု ဆိုသည်။အဆိုပါ ဖြစ်စဥ်နှင့် ပတ်သက်၍ စစ်ကောင်စီလက်အောက်ခံ

ရဲနှင့်စစ်သားများက မပေါက်ကွဲသေးသည့် ချိန်ကိုက်မိုင်းကို ဖယ်ရှားရှင်းလင်းခဲ့သည်ဟု ဆိုသည်။အဆိုပါ မိုင်းပစ်ပေါက်ခံရသည့် သိပ္ပံလမ်းပေါ်ရှိ ခြံဝန်းသည် ဗိုလ်ချုပ်ကြီးဟောင်း၊ ရွေးကောက်ပွဲ ကော်မရှင်

ဥက္ကဌဟောင်း ဦးတင်အေး မိသားစု၏ ပိုင်ဆိုင်မှုများအနက်မှ တစ်ခုဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။

………………

ေအာက္တိုဘာ – ၁၄

မႏၲေလးၿမိဳ႕၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ကန္သာယာကြက္သစ္၊ (၅၇)လမ္းႏွင့္ (၅၈)လမ္းၾကား၊ သိပၸံလမ္းေပၚရွိ ေ႐ြးေကာက္ပြဲေကာ္မရွင္ ဥကၠဌေဟာင္း၊ စစ္ဗိုလ္ခ်ဳပ္ႀကီးေဟာင္း

ဦးတင္ေအး ပိုင္သည့္ ၿခံဝင္းအတြင္း ယေန႔ ေအာက္တိုဘာ (၁၄)ရက္ မနက္ပိုင္းက လက္လုပ္မိုင္း ပစ္သြင္းခံရေၾကာင္း သတင္းရရွိသည္။
လက္ရွိတြင္ ျမန္မာဘီယာ႐ုံးအျဖစ္ ဖြင့္လွစ္ထားၿပီး

ယခင္က မက္ဆင္ဂ်ာႏွင့္ မႏၲေလးအလင္း သတင္းစာတိုက္ ႐ုံးအျဖစ္ ဖြင့္လွစ္ခဲ့သည့္ အဆိုပါ ေနအိမ္ၿခံဝန္းအတြင္းသို႔ ယေန႔ မနက္ (၈)နာရီဝန္းက်င္တြင္

အမ်ိဳးသားႏွစ္ဦး ဆိုင္ကယ္ျဖင့္ ေရာက္လာၿပီး လက္လုပ္မိုင္းျဖင့္ ပစ္ေပါက္ခဲ့ျခင္း ျဖစ္သည္ဟု စစ္ေကာင္စီ ရဲတပ္ဖြဲ႕အသိုင္းအဝိုင္းမွ သတင္းရရွိသည္။

​ထိုသို႔ လက္လုပ္မိုင္းျဖင့္ ပစ္ေပါက္စဥ္ ႐ုံးဝန္ထမ္းမ်ားက ေတြ႕ရွိသျဖင့္ မေပါက္ေသးခင္ ေရျဖင့္ဝိုင္းဝန္း ပက္ဖ်န္းခဲ့ေၾကာင္း၊ ထို႔အျပင္ ၿခံဝန္းအနီးတြင္လည္း ကီးပက္ဖုန္းျဖင့္ ျပဳလုပ္ထားၿပီး

ဂ်ပ္ဖာအတြင္း ထည့္သြင္းထားသည့္ မေပါက္ကြဲေသးသည့္ လက္လုပ္ခ်ိန္ကိုက္မိုင္းတစ္လုံး ေတြ႕ရွိခဲ့သည္ဟု ဆိုသည္။အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ စစ္ေကာင္စီလက္ေအာက္ခံ

ရဲႏွင့္စစ္သားမ်ားက မေပါက္ကြဲေသးသည့္ ခ်ိန္ကိုက္မိုင္းကို ဖယ္ရွားရွင္းလင္းခဲ့သည္ဟု ဆိုသည္။အဆိုပါ မိုင္းပစ္ေပါက္ခံရသည့္ သိပၸံလမ္းေပၚရွိ ၿခံဝန္းသည္ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း၊ ေ႐ြးေကာက္ပြဲ ေကာ္မရွင္

ဥကၠဌေဟာင္း ဦးတင္ေအး မိသားစု၏ ပိုင္ဆိုင္မႈမ်ားအနက္မွ တစ္ခုျဖစ္သည္ဟု နီးစပ္သူမ်ားက ေျပာသည္။

 

Be the first to comment

Leave a Reply

Your email address will not be published.


*