မန္တလေး ပညာရေး ကောလိပ် က ဆရာမ ၁၉ ဦး ကိုဗစ်ရောဂါပိုးတွေ့

နိုဝင်ဘာ ၁၅

ကိုဗစ်ရောဂါပိုးတွေ့တဲ့ မန္တလေး ပညာရေးကောလိပ်က  ဆရာမ ၁၉ ဦးကို  ကန်တော်နဒီဆေးရုံကို ပို့ဆောင်ပေးလိုက်ပြီလို့ မန္တလေးတိုင်းဒေသကြီး ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ၃၃ လမ်းနှင့် ၃၅ လမ်း၊ ၆၆ လမ်းနှင့် ၆၈ လမ်းကြားရှိ မန္တလေး ပညာရေးတက္ကသိုလ် (TTC) တွင် သင်တန်းတက်ရောက်နေသည့် ဆရာမများကို  နိုဝင်ဘာ ၁၄ ရက်က COVID-19 ရောဂါပိုး ကူးစက်ခံရခြင်း ရှိ၊ မရှိ စစ်ဆေးခဲ့ရာ ၁၉ ဦးတွင် ရောဂါးပိုး တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။

အဆိုပါ ဆရာမများကို M-Rescueအဖွဲ့မှ ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေး၊  အောင်သပြေလူမှုကူညီရေး၊ ရွှေဘုန်းစေတနာလူမှုကူညီရေး ၊စေတနာမေတ္တာ ကရုဏာ လူမှု ကူညီရေး၊ဝါးရောင်းဝင်းလူမှုကူညီရေး၊မဏိမေခလာလူမှုကူညီရေး ၊မာလာမေတ္တာ လူမှုကူညီရေး၊

သုခဘုံလူမှုကူညီရေး၊ရွှေချည်စေတနာလူမှုကူညီရေးအသင်းတို့ မှစုပေါင်း၍ကူညီပို့ဆောင်ပေးခဲ့တာဖြစ်ကြောင်း သိရပါတယ်။ကိုဗစ်ပိုးတွေ့ခဲ့သူများမှာ အောင်မြေသာစံမြို့နယ်မှ ၁ ဦး၊ အမရပူရမြို့နယ် ဆင်ရွာမြင်းမူးကျေးရွာမှ ၁ ဦး၊ ပြင်ဦးလွင်မြို့ရပ်ကွက်ကြီး ၁၇ မှ ၁ ဦး၊ နွားထိုးကြီုး မာန်လည်၊ မင်းတဲကျေးရွာများ၂ ဦး၊

ကျောက်ဆည်မြို့နယ် ပေတောကြီးကျေးရွာမှ ၁ ဦး၊ မြစ်သားမြို့နယ် ရစ်ကန်ကျေးရွာမှ ၁ ဦး၊ စဉ့်ကိုင်မြို့နယ် တအုံကျေးရွာမှ ၁ ဦး၊ ကျောက်ပန်းတောင်းမြို့နယ် တောင်လှ၊ ပျဉ်မကြီး၊ မြောက်တောကျေးရွာမှ ၃ ဦး၊ ရမည်းသင်းမြို့နယ် ဝါတိုးအရှေ့၊ သိမ်ကုန်း၊ ရင်ဂတ်ကုန်းကျေးရွာများ ၃ ဦး၊ မိထ္ထီလာမြို့နယ် ရေချို၊

တမာကုန်းကျေး ရွာများမှ ၂ ဦး၊ သာစည်မြို့နယ် ဘူးရုံကျေးရွာမှ ၁ ဦး၊ ပျော်ဘွယ်မြို့နယ် အလယ်ကျွန်း၊ ကျောက်စာကျေးရွာများ ၂ ဦးတို့ဖြစ် ကြောင်း သိရပါတယ်။

 

…………………

 

နိုဝင်ဘာ ၁၅







Be the first to comment

Leave a Reply

Your email address will not be published.


*