မိုးကုတ်မြို့က NLD အမတ်များနေအိမ် ဝင်ရောက်ရှာဖွေခံရ၊ တူမ နှင့်မြေးဖြစ်သူ ကို ဖမ်းဆီး

မန္တ​လေးတိုင်း မိုးကုတ်မြို့မှာ အောက်တိုဘာ ၂၄ ရက်နေ့ ညနေပိုင်းက NLD ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံကျော် နေအိမ်ကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ရှာဖွေကာ တူမနဲ့ မြေးဖြစ်သူကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ တိုင်းဒေသကြီး ၁ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ထွန်းလင်းနေအိမ်ပါ ရှာဖွေခံရတယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးက “ပြည်သူ့လွှတ်တော်အမတ် ဦးနိုင်ငံကျော်အိမ်ကို ဝင်ရှာတာ၊ သူက ရှောင်နေတာကြာပြီ။ စကစက လူတွေ ဝင်ရှာချိန် သူ့တူမက ဖုန်းနဲ့ဓာတ်ပုံရိုက်တော့ ဖလပ်မီးပွင့်သွားတော့ တူမကော မြေးကိုကော ဖမ်းသွားတာ” လို့ ပြောပါတယ်။

မိုးကုတ်မြို့က ​ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံကျော်ရဲ့ တူမဖြစ်သူ မကံကြည်ကြည်နဲ့ မြေးဖြစ်သူ မောင်ရှိုင်းဝဏ္ဏတို့ ဖမ်းဆီးခံထားရတာလို့ သိရပါတယ်။

မိုးကုတ်မြို့အနောက်ပိုင်းက တိုင်းဒေသကြီး ၁ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ထွန်းလင်း နေအိမ်ကိုလည်း စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေခဲ့ကြပြီး တိမ်းရှောင်နေတာကြောင့် အဖမ်းမခံရဘူးလို့ သိရပါတယ်။

တိုင်းဒေသကြီး ၁ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ထွန်းလင်းက ပထမတစ်ကြိမ် ဖမ်းဆီးခံရဖူးပြီး ပြန်လွတ်လာခဲ့ပြီး​နောက် အခုနောက်တစ်ကြိမ် ပြန်ရှာဖွေခံရတာလို့ ဆိုပါတယ်။

မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်တွေက အောက်တိုဘာ ၂၄ ရက်နေ့ညပိုင်းမှာ လက်နက်အင်အား လူအင်အားအပြည့်နဲ့ ကင်းလှည့်စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

……………..

မႏၲ​ေလးတိုင္း မိုးကုတ္ၿမိဳ႕မွာ ေအာက္တိုဘာ ၂၄ ရက္ေန႔ ညေနပိုင္းက NLD ပါတီက ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးႏိုင္ငံေက်ာ္ ေနအိမ္ကို စစ္ေကာင္စီတပ္ေတြက ဝင္ေရာက္ရွာေဖြကာ တူမနဲ႔ ေျမးျဖစ္သူကို ဖမ္းဆီးသြားတယ္လို႔ သိရပါတယ္။

ဒါ့အျပင္ စစ္ေကာင္စီတပ္ေတြဟာ တိုင္းေဒသႀကီး ၁ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိန္ထြန္းလင္းေနအိမ္ပါ ရွာေဖြခံရတယ္လို႔ သိရပါတယ္။

ေဒသခံတစ္ဦးက “ျပည္သူ႔လႊတ္ေတာ္အမတ္ ဦးႏိုင္ငံေက်ာ္အိမ္ကို ဝင္ရွာတာ၊ သူက ေရွာင္ေနတာၾကာၿပီ။ စကစက လူေတြ ဝင္ရွာခ်ိန္ သူ႔တူမက ဖုန္းနဲ႔ဓာတ္ပုံ႐ိုက္ေတာ့ ဖလပ္မီးပြင့္သြားေတာ့ တူမေကာ ေျမးကိုေကာ ဖမ္းသြားတာ” လို႔ ေျပာပါတယ္။

မိုးကုတ္ၿမိဳ႕က ​ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးႏိုင္ငံေက်ာ္ရဲ႕ တူမျဖစ္သူ မကံၾကည္ၾကည္နဲ႔ ေျမးျဖစ္သူ ေမာင္ရႈိင္းဝဏၰတို႔ ဖမ္းဆီးခံထားရတာလို႔ သိရပါတယ္။

မိုးကုတ္ၿမိဳ႕အေနာက္ပိုင္းက တိုင္းေဒသႀကီး ၁ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိန္ထြန္းလင္း ေနအိမ္ကိုလည္း စစ္ေကာင္စီတပ္က ဝင္ေရာက္ရွာေဖြခဲ့ၾကၿပီး တိမ္းေရွာင္ေနတာေၾကာင့္ အဖမ္းမခံရဘူးလို႔ သိရပါတယ္။

တိုင္းေဒသႀကီး ၁ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိန္ထြန္းလင္းက ပထမတစ္ႀကိမ္ ဖမ္းဆီးခံရဖူးၿပီး ျပန္လြတ္လာခဲ့ၿပီး​ေနာက္ အခုေနာက္တစ္ႀကိမ္ ျပန္ရွာေဖြခံရတာလို႔ ဆိုပါတယ္။

မိုးကုတ္ၿမိဳ႕မွာ စစ္ေကာင္စီတပ္ေတြက ေအာက္တိုဘာ ၂၄ ရက္ေန႔ညပိုင္းမွာ လက္နက္အင္အား လူအင္အားအျပည့္နဲ႔ ကင္းလွည့္စစ္ေဆးေနတယ္လို႔လည္း သိရပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*