မြန်မာနိုင်ငံမှာ တစ်ခုတည်းသာရှိတော့တဲ့ ရှေးဟောင်းသာသနိက အဆောက်အဦး

ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄)၊ မိုင်းလားမြို့၊ဟိုမိန်းစစ်ဆေးရေးဂိတ်မှ ကိုက် (၅၀) အလွန် တောင်ပေါ်သို့မော်တော်ယာဉ်ဖြင့်အတက် (၂) နာရီခန့်ကြာသော် တောတွင်းနေရာမှာတည်ရှိသော ဝပ်နှောင်လုံရှေးဟောင်းဘုန်းတော်ကြီးကျောင်း။

ရှမ်းအရှေ့ဒေသတောအတွင်း အရောက်ပေါက်နည်းပြီး သွားလာရန်ခက်ခဲတဲ့နေရာမှာ အရမ်းကိုခန်းနားထည်ဝါပြီး မြို့တွင်းကလို ပြုပြင်မှုတွေအစားထိုးမှုတွေ သိပ်မပြုလုပ်တဲ့အတွက် ရှေးလက်ရာအတိုင်း ဘုန်းတော်ကြီးကျောင်းအဟောင်းတွေကို မြင်တွေ့ရပါတယ်။

အနည်းဆုံး သက်တမ်း နှစ် (၆၀၀-၇၀၀) နီးပါးရှိကြပါတယ်။ရှမ်းအရှေ့ ရှေးဟောင်းဘုန်းတော်ကြီးကျောင်းရဲ့ ခေါင်မိုးတွေဟာ များသောအားဖြင့် ရိုးရာအုတ်ကြွပ်မိုးတွေ ဖြစ်ကြပါတယ်။

မြို့ပေါ်ကရှေးဟောင်း ဘုန်းတော်ကြီးကျောင်းတွေတောင် ခေတ်အဆက်ဆက်အလှူရှင်တွေ ပြုပြင်မွမ်းမံလာကြတာနဲ့ နောက်ပိုင်းမှာ ရိုးရာအုတ်ကြွပ်ခေါင်မိုးတောင် သိပ်မတွေ့ရတော့ပါဘူး။

 

အခုပုံမှာမြင်တွေ့ရတဲ့ ဝပ်နှောင်လုံဘုန်းတော်ကြီးကျောင်းရဲ့ ခေါင်အပေါ်တစ်ချို့အဆင့်နေရာမှာ ခဲပြားသတ္တုမိုးတစ်ချို့ ယနေ့ထက်တိုင်မြင်တွေ့နိုင်ပါသေးတယ်။

ခဲပြားသတ္တုမိုးတဲ့ ယဥ်ကျေးမှုရှေးဗိသုကာလက်ရာတစ်ချို့ ကျွန်တော်မမြင်ဖူးပေမဲ့ ကြားဖူးတာတစ်ခုကတော့ လှိုင်းတက်မြို့ဟောင်း နန်းတော်ရာခေါ်တဲ့ နေရာဝင်းအတွင်းမှာလည်း

ခဲပြားချပ်တွေတူးဖော်တွေ့ရကြောင်း ဒေသခံယာလုပ်အဘတစ်ဦးထံကလည်းကြားဖူးပါတယ်။ခဲပြားသတ္တုတွေများ မိုးခဲ့လေသလားအတွေးတွေနဲ့ ကျွန်တော်ဖတ်ကြည့်ဖူးတဲ့ သမိုင်းဆရာကြီးဒေါက်တာသန်းထွန်းရဲ့

နယ်လှည့်ရာဇဝင်စာအုပ် စာမျက်နှာ (၂၇၆) အပိုဒ်ရေထဲမှ တစ်ချို့ကိုထည့်တွဲဖော်ပြလိုက်ပါတယ် ။ဆရာကြီးဒေါက်တာသန်းထွန်း ရေးသားကိုးကားဖော်ပြတဲ့ (မန္တလေးနန်းတော် ၂၃ ၄) မှ

မန္တလေးနန်းတော်အမိုးနဲ့ပက်သက်ပြီး အခုလိုဖော်ပြထားတာဖြစ်ပါတယ်။ နန်းတော်အဆောက်အုံရှိသမျှအားလုံးသည် တစ်ထပ်တည်းသာရှိ၏။

 

အမိုးများတင်ထားပုံမှာလည်း သဘောလက္ခဏာတူ၍ ဘုန်းတော်ကြီးကျောင်းများမှာ မြင်ရပုံနှင့်မခြားနားချေ။ အဆောက်အဦး၏ အရေးပါပုံကိုလိုက်၍ ဘုံပြာသာဒ်အဆင့်ဆင့် တင်သည်ကိုတွေနိုင်ပါသည်။

အုတ်ကျွတ်မိုးဖြစ်ကောင်း၏ ဟုမျှော်လင့်ထားသော်လည်း အခုံးငယ်များပါသည့် သာမာန်သွပ်ပြားမိုးထားသည်ကို တွေ့နေရပါသည်။ဥရောပတိုက်မှရယူလာသည့် အလေ့ဟူ၍ လုံးဝမယူဆနိုင်ချေ။

အိန္ဒိယနှင့်တရုတ်တို့၏ ရှေးပဝေသဏီမှစ၍ နန်းတော်အတွက် အမိုးကိုငွေပြားသို့မဟုတ် ခဲပြားဖြစ်စေလိုသောဆန္ဒရှိပါသည်။တရုတ်မှတ်တမ်းများတွင် မြန်မာမြို့တော်၏ နန်းတော်အမိုးသည် ငွေဟုဖော်ပြဖူး၏။

ကမ္ဘောဇနန်းတော်တို့၌လည်း ငွေမိုးပင်တွေ့နိုင်ပါသည်။ထို့ကြောင့်မန္တလေး(နန်းတော်)မှ ာသွပ်မိုးတွေ့နေရခြင်းမှာ ရှေးထုံးကိုလိုက်၍ ငွေနှင့်ခဲမရနိုင်လင့်ကစား ထိုသတ္တုတို့အရောင်ရှိသော

သွပ်ပြားကိုသုံးခြင်းဖြင့်ရှေးထုံးပယ်ရာမရောက် ဆိုပြီး (မန္တလေးနန်းတော် ၂၃ ၄) ကဖော်ပြထားသည်။အသစ်ပြန်လည် မွန်းမံတည်ဆောက်ခြင်းနှင့်ပက်သက်ပြီး ဖော်ပြထားဟန်ရှိတဲ့အချက်ကို ဖတ်ရှုမိရင်း

ရှေးယခင်က ငွေအမိုးခဲသတ္တပြာအမိုးတွေ မြန်မာနိုင်ငံမှာအသုံးပြုခဲ့ကြောင်းအထောက်အထားတွေကို အခုလိုဖတ်မိတာနဲ့တိုက်ဆိုင်ပြီး ရှမ်းအရှေ့မှာတောင် တစ်နေရာတည်းသာကျန်ရှိနေတဲ့ နှစ်(၇၀၀)

ကျော်ဝန်းကျင်က ခဲသတ္တုပြားမိုး ရှေးအထောက်အထားကို ဖော်ပြလိုက်ရခြင်းဖြစ်ပါတယ်။ဝပ်နှောင်လုံဘုန်းတော်ကြီးကျောင်း ခေါင်မိုးတစ်ချို့ဟာယနေ့ခေတ်မှာ နှစ်ကာလတွေပြောင်းလဲလာတာနဲ့အမျှ

အထက်ပိုင်းခဲမိုးလက်ကျန်ကျန်ရှိနေပြီး အောက်ပိုင်းခေါင်မိုး ရိုးရာအုတ်ကြွပ်မိုးအဟောင်းနေရာတွေမှာတော ခေတ်မှီယနေ့ခေတ်အုတ်ကြွပ်မိုးပြောင်ပြောင်ကြီးတွေ အစားထိုးဝင်ရောက်နေပါပြီ။

 

ဒါကိုအခုပိုစ့်ရဲ့ ပုံတစ်ချို့မှာ မြင်တွေ့နိုင်ပါတယ်။ ကျွန်တော်ဟာ ဝါသနာရှင်တစ်ယောက်အနေနဲ့ လေ့လာမိသမျှ သိထားတဲ့ အချက်အနည်းငယ်မျှဖြင့် ရှေးဟောင်းယဉ်ကျေးမှုအမွေနှစ်တွေစိတ်ဝင်စားတဲ့မိတ်ဆွေတွေ

လေ့လာမြင်တွေ့နိုင်စေဖို့ရည်ရွယ်ပြီး အခုလို ဖော်ပြပေးလိုက်ပါတယ်။

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*