ရေအားလျှပ်စစ်နှင့် ဓာတ်အားခွဲရုံများတည်ဆောက်ခြင်းနှင့်ပတ်သက်ပြီး ရုရှား နှင့် မြန်မာ နှစ်နိုင်ငံ ဆွေးနွေးနေ

မြန်မာနိုင်ငံ၌ ရေအားလျှပ်စစ်နှင့် ဓာတ်အားခွဲရုံများတည်ဆောက်ခြင်းနှင့်ပတ်သက်ပြီး ရုရှားနိုင်ငံနှင့် မြန်မာ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များ ဆွေးနွေးလျက်ရှိသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပသည့် Russian Energy Week International Forum(REW 2021)သို့ တက်ရောက်ရန် မော်စကိုမြို့သို့ရောက်ရှိနေသည့်

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးအောင်သန်းဦးနှင့်အဖွဲ့သည် အောက်တိုဘာ ၁၁ ရက်နေ့တွင် ORGRES ကုမ္ပဏီနှင့် ရုရှားကုန်သည်ကြီး များအသင်းတို့မှ

တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။အဆိုပါဆွေးနွေးရာ၌ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်

ရုရှားနိုင်ငံမှ ရေအားလျှပ်စစ်နှင့် ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်လိုသော ORGRES ကုမ္ပဏီမှ Mr.Alexander Nazarov နှင့် တွေ့ ဆုံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

အလားတူ ရုရှားကုန်သည်ကြီးများအသင်း၏ဥက္ကဋ္ဌနှင့် တွေ့ဆုံ၍ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ နှစ်နိုင်ငံရင်း နှီးမြှုပ်နှံမှုကိစ္စရပ်များကိုလည်း ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့မှ ဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။

…………..

ျမန္မာႏိုင္ငံ၌ ေရအားလွ်ပ္စစ္ႏွင့္ ဓာတ္အားခြဲ႐ုံမ်ားတည္ေဆာက္ျခင္းႏွင့္ပတ္သက္ၿပီး ႐ုရွားႏိုင္ငံႏွင့္ ျမန္မာ ႏွစ္ႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈကိစၥရပ္မ်ား ေဆြးေႏြးလ်က္ရွိသည္။

႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ေမာ္စကိုၿမိဳ႕၌ က်င္းပသည့္ Russian Energy Week International Forum(REW 2021)သို႔ တက္ေရာက္ရန္ ေမာ္စကိုၿမိဳ႕သို႔ေရာက္ရွိေနသည့္

လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ ႀကီး ဦးေအာင္သန္းဦးႏွင့္အဖြဲ႕သည္ ေအာက္တိုဘာ ၁၁ ရက္ေန႔တြင္ ORGRES ကုမၸဏီႏွင့္ ႐ုရွားကုန္သည္ႀကီး မ်ားအသင္းတို႔မွ

တာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံ၍ ႏွစ္ႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာကိစၥရပ္မ်ားကို ေဆြးေႏြးခဲ့ေၾကာင္း သိရွိရသည္။အဆိုပါေဆြးေႏြးရာ၌ ျပည္ေထာင္စုဝန္ႀကီးႏွင့္အဖြဲ႕သည္

႐ုရွားႏိုင္ငံမွ ေရအားလွ်ပ္စစ္ႏွင့္ ဓာတ္အားခြဲ႐ုံမ်ား တည္ေဆာက္ျခင္းလုပ္ငန္းတို႔ကို ေဆာင္႐ြက္လိုေသာ ORGRES ကုမၸဏီမွ Mr.Alexander Nazarov ႏွင့္ ေတြ႕ ဆုံၿပီး ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္ႏိုင္မည့္ အခြင့္အလမ္းမ်ားကို ေဆြးေႏြးခဲ့ေၾကာင္း သိရွိရသည္။

အလားတူ ႐ုရွားကုန္သည္ႀကီးမ်ားအသင္း၏ဥကၠ႒ႏွင့္ ေတြ႕ဆုံ၍ လွ်ပ္စစ္ႏွင့္စြမ္းအင္က႑ဆိုင္ရာ ႏွစ္ႏိုင္ငံရင္း ႏွီးျမႇဳပ္ႏွံမႈကိစၥရပ္မ်ားကိုလည္း ျပည္ေထာင္စုဝန္ႀကီးႏွင့္အဖြဲ႕မွ ေဆြးေႏြးခဲ့ၾကေၾကာင္းသိရွိရသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*