ယခုဘဏ္ဍာနှစ်အစ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် တရုတ်နိုင်ငံကအများဆုံးဖြစ်

နိုဝင်ဘာ ၂၀

ယခုဘဏ္ဍာနှစ်အစ မြန်မာနိုင်ငံသို့ဝင်ရောက်လာသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတွင် တရုတ်နိုင်ငံအများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်း တရုတ်နိုင်ငံကဒေါ်လာ ၇ ဒသမ ၁သန်း၊ တိုင်ပေက ဒေါ်လာ ၃ ဒသမ ၂၀၈ သန်း၊ R.O.Kက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၃ ဒသမ ၀၇၅ သန်း၊ နီပေါက ဒေါ်လာ ၁ ဒသမ ၅ သန်း စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၄ ဒသမ ၈၈၃ သန်း ၀င်ရောက်ထားကြောင်း သိရပါတယ်။

ပြီးခဲ့သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃ ဒသမ ၇၉၁ ဘီလီယံဝင်ရောက်ထားပြီးUK က ဒေါ်လာ ၂ ဒသမ ၅၀၆ ဘီလီယံကျော်ဖြင့် အများဆုံးရင်းနှီးမြှုပ်နှံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများစုမှာ စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံကြပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင်လည်း ရင်းနှီးမြှုပ်နှံမှုများကြောင်း သိရပါတယ်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ၄ ဒသမ ၂၃၅ ဘီလီယံရှိသော လုပ်ငန်းသစ် ၁၄၅ ခုနှင့် ထပ်မံတိုးမြှင့်ခွင့်ပေးသောရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁ ဒသမ ၂၉၁ ဘီလီယံကို ခွင့်ပြုပေးခဲ့သောကြောင့်

စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၅ ဒသမ ၅၂၆ ဘီလီယံကို ခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။

 

…………………………

 

ႏိုဝင္ဘာ ၂၀

ယခုဘ႑ာႏွစ္အစ ျမန္မာႏိုင္ငံသို႔ဝင္ေရာက္လာေသာ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈမ်ားတြင္ တ႐ုတ္ႏိုင္ငံအမ်ားဆုံးျဖစ္ေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ကုမၸဏီမ်ား ၫႊန္ၾကားမႈဦးစီးဌာနမွ သိရပါတယ္။

၂၀၂၁ ခုႏွစ္ ေအာက္တိုဘာလအတြင္း တ႐ုတ္ႏိုင္ငံကေဒၚလာ ၇ ဒသမ ၁သန္း၊ တိုင္ေပက ေဒၚလာ ၃ ဒသမ ၂၀၈ သန္း၊ R.O.Kက ရင္းႏွီးျမႇဳပ္ႏွံမႈ တိုးျမႇင့္ျခင္းအပါအဝင္ ေဒၚလာ ၃ ဒသမ ၀၇၅ သန္း၊ နီေပါက ေဒၚလာ ၁ ဒသမ ၅ သန္း စုစုေပါင္း ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ၁၄ ဒသမ ၈၈၃ သန္း ၀င္ေရာက္ထားေၾကာင္း သိရပါတယ္။

ၿပီးခဲ့သည့္ ၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္အတြင္း ျမန္မာႏိုင္ငံသို႔ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ေဒၚလာ ၃ ဒသမ ၇၉၁ ဘီလီယံဝင္ေရာက္ထားၿပီးUK က ေဒၚလာ ၂ ဒသမ ၅၀၆ ဘီလီယံေက်ာ္ျဖင့္ အမ်ားဆုံးရင္းႏွီးျမႇဳပ္ႏွံခဲ့ေၾကာင္း သိရပါတယ္။

ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈအမ်ားစုမွာ စြမ္းအင္က႑တြင္ ရင္းႏွီးျမႇဳပ္ႏွံၾကၿပီး ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးက႑ႏွင့္ ကုန္ထုတ္လုပ္မႈက႑တြင္လည္း ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားေၾကာင္း သိရပါတယ္။

ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္အေနျဖင့္ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္က ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ ၄ ဒသမ ၂၃၅ ဘီလီယံရွိေသာ လုပ္ငန္းသစ္ ၁၄၅ ခုႏွင့္ ထပ္မံတိုးျမႇင့္ခြင့္ေပးေသာရင္းႏွီးျမႇဳပ္ႏွံမႈ ေဒၚလာ ၁ ဒသမ ၂၉၁ ဘီလီယံကို ခြင့္ျပဳေပးခဲ့ေသာေၾကာင့္

စုစုေပါင္း ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ ေဒၚလာ ၅ ဒသမ ၅၂၆ ဘီလီယံကို ခြင့္ျပဳေပးခဲ့ေၾကာင္း သိရပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*