ရန်ကုန်မြို့ ရှိ ဘားဆိုင် နှင့် ကလပ်အချို့ကို စစ်ကောင်စီ က ယာယီပိတ်ခိုင်း

ရန်ကုန်မြို့မှာရှိတဲ့ ဘားဆိုင်နဲ့ ကလပ်တချို့ကို နိုဝင်ဘာ ၆ ရက်ကစပြီး စစ်ကောင်စီက ယာယီပိတ်ခိုင်းထား တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က တာဝန်ရှိသူ တချို့က ခေတ္တပိတ်ထားဖို့ ညွှန်ကြားလာတာဖြစ်တယ်လို့ ဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။

“ဘာလို့ ပိတ်ခိုင်းတယ်ဆိုတာတော့ မသိဘူး၊ ခေတ္တပိတ်ထားဖို့ပဲ ပြောလာတာ။ ဘယ်အချိန် ပြန်ဖွင့်ရ မလဲတော့ မသိသေးဘူး” လို့ ဘားဆိုင်ပိုင်ရှင် တစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့ရှိ ဘားဆိုင်၊ ဘီယာဆိုင်နဲ့ ကလပ်တွေကို ယာယီပိတ်ခိုင်းထားပေမဲ့ စားသောက်ဆိုင်တွေ ကိုတော့ ပိတ်ခိုင်းထားတာ မရှိဘူးလို့ သိရပါတယ်။

“ကိုဗစ်တုန်းကတောင် ဖွင့်နေကြတာပဲ။ အခုတော့ ဘာလို့ ပိတ်ခိုင်းလဲ မသိပါဘူး။ သူတို့ ပိတ်ဆို တော့လည်း ပိတ်ထားရတာပေါ့” လို့ ဘားဆိုင်ပိုင်ရှင် တစ်ဦးက ပြောပါတယ်။

ရန်ကုန်က ဘားဆိုင်တချို့ကတော့ လူမှုကွန်ရက်စာမျက်နှာကနေ နိုဝင်ဘာ ၇ ရက်က စပြီး ခေတ္တ ပိတ်ထားမယ်လို့ ကြေညာထားကြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်က မရမ်းကုန်းမြို့နယ်၊ ကန်ရိပ်သာလမ်းမှာရှိတဲ့ Brave Bar ကို စစ်တပ်က ဝင်ရောက်စစ်ဆေးပြီး အမျိုးသားနဲ့ အမျိုးသမီး ၂၅၀ လောက်ကို မရမ်းကုန်းရဲစခန်းမှာ ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူတွေထဲမှာ လူကြီးသားသမီးတွေ ပါနေလို့ ခံဝန်ဖြင့်ပြန်လွှတ်ပေးခဲ့ရ တယ်။

……………..

ရန္ကုန္ၿမိဳ႕မွာရွိတဲ့ ဘားဆိုင္နဲ႔ ကလပ္တခ်ိဳ႕ကို ႏိုဝင္ဘာ ၆ ရက္ကစၿပီး စစ္ေကာင္စီက ယာယီပိတ္ခိုင္းထား တယ္လို႔ သိရပါတယ္။

စစ္ေကာင္စီဘက္က တာဝန္ရွိသူ တခ်ိဳ႕က ေခတၱပိတ္ထားဖို႔ ၫႊန္ၾကားလာတာျဖစ္တယ္လို႔ ဆိုင္ပိုင္ရွင္ေတြက ေျပာပါတယ္။

“ဘာလို႔ ပိတ္ခိုင္းတယ္ဆိုတာေတာ့ မသိဘူး၊ ေခတၱပိတ္ထားဖို႔ပဲ ေျပာလာတာ။ ဘယ္အခ်ိန္ ျပန္ဖြင့္ရ မလဲေတာ့ မသိေသးဘူး” လို႔ ဘားဆိုင္ပိုင္ရွင္ တစ္ဦးက ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕ရွိ ဘားဆိုင္၊ ဘီယာဆိုင္နဲ႔ ကလပ္ေတြကို ယာယီပိတ္ခိုင္းထားေပမဲ့ စားေသာက္ဆိုင္ေတြ ကိုေတာ့ ပိတ္ခိုင္းထားတာ မရွိဘူးလို႔ သိရပါတယ္။

“ကိုဗစ္တုန္းကေတာင္ ဖြင့္ေနၾကတာပဲ။ အခုေတာ့ ဘာလို႔ ပိတ္ခိုင္းလဲ မသိပါဘူး။ သူတို႔ ပိတ္ဆို ေတာ့လည္း ပိတ္ထားရတာေပါ့” လို႔ ဘားဆိုင္ပိုင္ရွင္ တစ္ဦးက ေျပာပါတယ္။

ရန္ကုန္က ဘားဆိုင္တခ်ိဳ႕ကေတာ့ လူမႈကြန္ရက္စာမ်က္ႏွာကေန ႏိုဝင္ဘာ ၇ ရက္က စၿပီး ေခတၱ ပိတ္ထားမယ္လို႔ ေၾကညာထားၾကပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၇ ရက္က မရမ္းကုန္းၿမိဳ႕နယ္၊ ကန္ရိပ္သာလမ္းမွာရွိတဲ့ Brave Bar ကို စစ္တပ္က ဝင္ေရာက္စစ္ေဆးၿပီး အမ်ိဳးသားနဲ႔ အမ်ိဳးသမီး ၂၅၀ ေလာက္ကို မရမ္းကုန္းရဲစခန္းမွာ ဖမ္းဆီးခဲ့ၿပီး ဖမ္းဆီးခံရသူေတြထဲမွာ လူႀကီးသားသမီးေတြ ပါေနလို႔ ခံဝန္ျဖင့္ျပန္လႊတ္ေပးခဲ့ရ တယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*