ရုရှားတွင် ဓာတုစက်ရုံပေါက်ကွဲပြီး ၁၆ ဦး သေဆုံး

ရုရှားနိုင်ငံ အနောက်ပိုင်း ရေဇန်ပြည်နယ် ရှိ ယမ်းမှုန့်နဲ့ ဓာတုပစ္စည်း စက်ရုံတစ်ရုံ မှာ ပေါက်ကွဲမှု ဖြစ်ပြီး  မီးလောင်ကျွမ်းတာကြောင့် လူ ၁၆ ဦး သေဆုံးခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး အောက်တိုဘာ ၂၂ ရက်မှာ ရုရှား TASS သတင်းဌာနက ဖော်ပြပါတယ်။

အရေးပေါ်ဝန်ကြီးဌာန ကတော့ အဲ့ဒီမတော်တဆမှုမှာ သေဆုံးသူ ၁၂ ဦးရှိကြောင်း အတည်ပြုခဲ့ပြီး လေးဦး ပျောက်ဆုံးနေဆဲလို့ ဆိုပါတယ်။

မတော်တဆမှုဟာ စက်ရုံမှာ သင့်လျော်တဲ့ နည်းပညာဆိုင်ရာ လုပ်ငန်းစဉ်တွေ ကို လိုက်နာဖို့ ပျက်ကွက်တာ ကြောင့် ဖြစ်တယ်လို့ သတင်းရင်းမြစ်ရဲ့ ပြောဆိုချက်ကို TASS က ကိုးကား ဖော်ပြ ပါတယ်။

…………

႐ုရွားႏိုင္ငံ အေနာက္ပိုင္း ေရဇန္ျပည္နယ္ ရွိ ယမ္းမႈန႔္နဲ႔ ဓာတုပစၥည္း စက္႐ုံတစ္႐ုံ မွာ ေပါက္ကြဲမႈ ျဖစ္ၿပီး  မီးေလာင္ကြၽမ္းတာေၾကာင့္ လူ ၁၆ ဦး ေသဆုံးခဲ့တယ္လို႔ သတင္းရင္းျမစ္တစ္ခုကို ကိုးကားၿပီး ေအာက္တိုဘာ ၂၂ ရက္မွာ ႐ုရွား TASS သတင္းဌာနက ေဖာ္ျပပါတယ္။

အေရးေပၚဝန္ႀကီးဌာန ကေတာ့ အဲ့ဒီမေတာ္တဆမႈမွာ ေသဆုံးသူ ၁၂ ဦးရွိေၾကာင္း အတည္ျပဳခဲ့ၿပီး ေလးဦး ေပ်ာက္ဆုံးေနဆဲလို႔ ဆိုပါတယ္။

မေတာ္တဆမႈဟာ စက္႐ုံမွာ သင့္ေလ်ာ္တဲ့ နည္းပညာဆိုင္ရာ လုပ္ငန္းစဥ္ေတြ ကို လိုက္နာဖို႔ ပ်က္ကြက္တာ ေၾကာင့္ ျဖစ္တယ္လို႔ သတင္းရင္းျမစ္ရဲ႕ ေျပာဆိုခ်က္ကို TASS က ကိုးကား ေဖာ္ျပ ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*