ရေဦးမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ်တစ်ဦး နေအိမ်ကို စစ်ကောင်စီက နိုင်ငံပိုင်သိမ်း

စစ်ကိုင်းတိုင်း၊ရေဦးမြို့နယ်၊အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးရဲ့ နေအိမ်ကို အောက်တိုဘာလ ၂၅ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေက လာရောက်ချိတ်ပိတ်ကာ

အကြမ်းဖက် PDF နဲ့ ပတ်သက်တယ်လို့ဆိုကာ နိုင်ငံပိုင်သိမ်းဆည်း လိုက်တယ်လို့သိရပါတယ်။ မြို့ခံတစ်ဦးက “တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကိုမြင့်ထွေးကို အကြမ်းဖက် PDF ထောက်ပံ့သူ။

အကြမ်းဖက် PDF အားပေးသူဆိုပြီး စွပ်စွဲချက်နဲ့သူအိမ်ကို ဒီနေ့ ‌ညနေပိုင်းမှာ အကြမ်းဖက် PDF နဲ့ပတ်သက်လို့ နိုင်ငံပိုင်သိမ်းဆည်းတယ်ဆိုတဲ့ ဗီနိုင်းလာကပ်ပြီး ချိတ်ပိတ်သွားတယ်” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဦးမြင့်ထွေးနဲ့မိသားစုတွေဟာ တိမ်းရှောင်နေကြ ရတာဖြစ်ပြီး မြို့ပေါ်ကနေအိမ်ကိုလည်း စောင့်ရှောက်သူမရှိ ပစ်ထားခဲ့တာဖြစ်ပါတယ်။

ရေဦးမြို့နယ်၊ အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးဟာ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက် ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်ခဲ့သလို လတ်တလော စစ်ကိုင်းတိုင်းဒေသကြီး

လွှတ်တော်ကိုယ်စားပြုကော်မတီ (CRSH) မှာလည်း ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားကာ သားဖြစ်သူကလည်း PDF သင်တန်းဆင်းပြီးပြီလို့ သိရပါတယ်။

…zawgyi…

စစ္ကိုင္းတိုင္း၊ေရဦးၿမိဳ႕နယ္၊အမွတ္ ၂ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမင့္ေထြးရဲ႕ ေနအိမ္ကို ေအာက္တိုဘာလ ၂၅ ရက္ ညေနပိုင္းမွာ စစ္ေကာင္စီတပ္ဖြဲ႕ေတြက လာေရာက္ခ်ိတ္ပိတ္ကာ

အၾကမ္းဖက္ PDF နဲ႔ ပတ္သက္တယ္လို႔ဆိုကာ ႏိုင္ငံပိုင္သိမ္းဆည္း လိုက္တယ္လို႔သိရပါတယ္။ ၿမိဳ႕ခံတစ္ဦးက “တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ကိုျမင့္ေထြးကို အၾကမ္းဖက္ PDF ေထာက္ပံ့သူ။

အၾကမ္းဖက္ PDF အားေပးသူဆိုၿပီး စြပ္စြဲခ်က္နဲ႔သူအိမ္ကို ဒီေန႔ ‌ညေနပိုင္းမွာ အၾကမ္းဖက္ PDF နဲ႔ပတ္သက္လို႔ ႏိုင္ငံပိုင္သိမ္းဆည္းတယ္ဆိုတဲ့ ဗီႏိုင္းလာကပ္ၿပီး ခ်ိတ္ပိတ္သြားတယ္” လို႔ ေျပာပါတယ္။

ေဖေဖာ္ဝါရီ ၁ ရက္စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဦးျမင့္ေထြးနဲ႔မိသားစုေတြဟာ တိမ္းေရွာင္ေနၾက ရတာျဖစ္ၿပီး ၿမိဳ႕ေပၚကေနအိမ္ကိုလည္း ေစာင့္ေရွာက္သူမရွိ ပစ္ထားခဲ့တာျဖစ္ပါတယ္။

ေရဦးၿမိဳ႕နယ္၊ အမွတ္ ၂ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမင့္ေထြးဟာ ၂၀၁၅ ေ႐ြးေကာက္ပြဲနဲ႔ ၂၀၂၀ ေ႐ြးေကာက္ ေ႐ြးေကာက္ခံ ကိုယ္စားလွယ္ေလာင္းတစ္ဦးျဖစ္ခဲ့သလို လတ္တေလာ စစ္ကိုင္းတိုင္းေဒသႀကီး

လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ (CRSH) မွာလည္း ဥကၠ႒အျဖစ္တာဝန္ယူထားကာ သားျဖစ္သူကလည္း PDF သင္တန္းဆင္းၿပီးၿပီလို႔ သိရပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*