လားရႈိး -မူဆယ္ ျပည္ေထာင္စုလမ္းမႀကီးေပၚက ကုန္တင္ကားမ်ားကို စစ္ေကာင္စီတပ္ ေခ်ာဆြဲေန

ရှမ်းပြည််နယ်မြောက်ပိုင်း၊ လားရှိုး -မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ် သွားလာနေကြသော ကုန်တင်ကားများကို စစ်ကောင်စီတပ်သားများက တားဆီးကာ ၎င်းတို့အား အတင်းအဓမ္မ ပို့ဆောင်ရန် စေခိုင်းနေကြောင်း သိရသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးကတည်းက လားရှိုး -မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကုန်တင်ကားများကို ပစ်မှတ်ထားကာ အတင်းအဓမ္မပို့ဆောင်စေခိုင်းမှုများဖြစ်ပေါ်ခဲ့ပြီး

ယခုရက်ပိုင်းတွင် အဓမ္မခိုင်းစေမှု ပိုမိုများပြားလာကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲရသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။”အာဏာသိမ်း ကတည်းက အခုလို ခဏခဏဖြစ်တယ်။

သူတို့တောထဲကနေ ထွက်လာပြီဆိုရင် ကားတွေပဲ အတင်းတားပြီးတော့ လိုက်တယ်။ ဒီရက်ပိုင်းပိုများလာတယ်။ ဒီနေ့မနက်ပိုင်း ( ၉.၁၀.၂၀၂၁) ကဆိုရင်တာလုံနဲ့မှော်တောင်းကြား

အယောက်သုံးဆယ်ကျော်လောက် ၁၂ ဘီးကားတစ်စီးနဲ့ အတင်းတောင်းလိုက်တယ် ” ဟု ဆိုသည်။လားရှိုး -မူဆယ်လမ်းပိုင်း၊ လာရှိုး -သိန္နှလမ်းပိုင်းတို့တွင် ယခုကဲ့သို့

စစ်ကောင်စီတပ်သားများက ကားချောဆွဲမှုများ ဖြစ်ပေါ်နေပြီး ယာဉ်မောင်းများ အနေဖြင့် တိုက်ပွဲများကြား ပစ်ခတ်ခံရမည်ကို စိုးရိမ်နေကြသည်။

အာဏာသိမ်းစစ်တပ်သည် ရှမ်းပြည်မြောက်ပိုင်း မုံးကိုးဒေသတွင် ကိုးကန့် MNDAA တပ်နှင့် တိုက်ပွဲများဖြစ်ပွားနေပြီး သိန္နီ၊ ကွတ်ခိုင်၊ ကွမ်းလုံဒေသများတွ င်စစ်အင်အားများ ပိုမိုဖြည့်တင်းထားကြောင်း သိရသည်။


zawgyi

ရွမ္းျပည္္နယ္ေျမာက္ပိုင္း၊ လားရႈိး -မူဆယ္ ျပည္ေထာင္စုလမ္းမႀကီးေပၚ သြားလာေနၾကေသာ ကုန္တင္ကားမ်ားကို စစ္ေကာင္စီတပ္သားမ်ားက တားဆီးကာ ၎တို႔အား အတင္းအဓမၼ ပို႔ေဆာင္ရန္ ေစခိုင္းေနေၾကာင္း သိရသည္။

စစ္ေကာင္စီ အာဏာသိမ္းၿပီးကတည္းက လားရႈိး -မူဆယ္ ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ ကုန္တင္ကားမ်ားကို ပစ္မွတ္ထားကာ အတင္းအဓမၼပို႔ေဆာင္ေစခိုင္းမႈမ်ားျဖစ္ေပၚခဲ့ၿပီး

ယခုရက္ပိုင္းတြင္ အဓမၼခိုင္းေစမႈ ပိုမိုမ်ားျပားလာေၾကာင္း ကိုယ္တိုင္ႀကဳံေတြ႕ခဲရသည့္ ယာဥ္ေမာင္းတစ္ဦးက ေျပာသည္။”အာဏာသိမ္း ကတည္းက အခုလို ခဏခဏျဖစ္တယ္။

သူတို႔ေတာထဲကေန ထြက္လာၿပီဆိုရင္ ကားေတြပဲ အတင္းတားၿပီးေတာ့ လိုက္တယ္။ ဒီရက္ပိုင္းပိုမ်ားလာတယ္။ ဒီေန႔မနက္ပိုင္း ( ၉.၁၀.၂၀၂၁) ကဆိုရင္တာလုံနဲ႔ေမွာ္ေတာင္းၾကား

အေယာက္သုံးဆယ္ေက်ာ္ေလာက္ ၁၂ ဘီးကားတစ္စီးနဲ႔ အတင္းေတာင္းလိုက္တယ္ ” ဟု ဆိုသည္။လားရႈိး -မူဆယ္လမ္းပိုင္း၊ လာရႈိး -သိႏၷွလမ္းပိုင္းတို႔တြင္ ယခုကဲ့သို႔

စစ္ေကာင္စီတပ္သားမ်ားက ကားေခ်ာဆြဲမႈမ်ား ျဖစ္ေပၚေနၿပီး ယာဥ္ေမာင္းမ်ား အေနျဖင့္ တိုက္ပြဲမ်ားၾကား ပစ္ခတ္ခံရမည္ကို စိုးရိမ္ေနၾကသည္။

အာဏာသိမ္းစစ္တပ္သည္ ရွမ္းျပည္ေျမာက္ပိုင္း မုံးကိုးေဒသတြင္ ကိုးကန္႔ MNDAA တပ္ႏွင့္ တိုက္ပြဲမ်ားျဖစ္ပြားေနၿပီး သိႏၷီ၊ ကြတ္ခိုင္၊ ကြမ္းလုံေဒသမ်ားတြ င္စစ္အင္အားမ်ား ပိုမိုျဖည့္တင္းထားေၾကာင္း သိရသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*