လူသားတွေ နှစ်တစ်ထောင်လောက် အိပ်ပျော်သွားပြီး နိုးထလာရင် ကမ္ဘာကြီးမှာ ဖြစ်ပေါ်လာမယ့်အရာ (၈) ခု

လူသားတွေ မရှိတော့ရင်တောင် သူတို့စွန့်ပစ်ခဲ့တဲ့ အမှိုက်တွေက တန်ချိန်ပေါင်း ၃.၅ သန်းလောက် ရှိနေဦးမှာပါ။ ဒါဟာ ဂျပန်ကနေ ကယ်လီဖိုးနီးယားအထိပဲ ရှိပါသေးတယ်။ တကယ်လို့ လူ​တွေနောက်ထပ် နှစ်ပေါင်းတစ်ထောင်လောက် အိပ်ပျော်သွားပြီး

အမှိုက်ပုံထဲမှာ နိုးထလာရင်တောင် အံ့ဩစရာ မရှိပါဘူး။ ဒါကြောင့် လူသားတွေ မရှိတော့ရင်တောင် ကမ္ဘာကြီးက ပိုတောင် စိမ်းလန်းစိုပြေ နေနိုင်ပါသေးတယ်။

၁။ သစ်ပင်တွေဟာ နေရာတိုင်းမှာ ပြန်ပေါက်လာမယ်။

ပျက်စီးသွားတဲ့ မိုးသစ်တောတစ်ခုဟာ ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့အတွက် အနည်းဆုံးနှစ်ပေါင်း 4,000 ကျော် လိုအပ်ပါတယ်။ လူသားတွေရဲ့ ပယောဂတွေကြောင့်သာ သစ်တောတွေက နဂိုအတိုင်း ပြန်လည်ဖြစ်ဖို့ ခက်ခဲနေတာပါ။

 

ဒါကြောင့် လူသားတွေ မရှိတော့ရင်လည်း သစ်တောတွေက လျင်လျင်မြန်မြန် ကြီးထွားနိုင်မှာပါ။ သစ်တောတွေက ပြန်လည် ဖွံ့ဖြိုးလာတာကြောင့် တောတွင်း တိရစ္ဆာန်လေးတွေလည်း ပွားများလာနိုင်ပါတယ်။

သူတို့တွေဟာ တောထဲမှာ ပျော်ကြတာကြောင့် သစ်တောက သူတို့အတွက် အရာရာပါပဲ။ ဒီလိုတိရစ္ဆာန်လေးတွေ ပျော်ပြီး များပြားလာဖို့အတွက် နှစ်ပေါင်း ၁၆၀ ကျော်လောက် ကြာနိုင်ပါတယ်။

၂။ အဆောက်အအုံတွေက ပြိုကျပျက်စီးနေမယ်။

လူတွေ နေထိုင်အသုံးပြုနေတဲ့ အဆောက်အအုံတွေဟာ မပြုပြင်ပဲ ပစ်ထားမယ် ဆိုရင် နှစ် 20 ကနေ 30 အထိပဲ ခံနိုင်ရည်ရှိပါမယ်။ ခေါင်မိုးတွေကလည်း ပေါက်နေမယ်၊ နံရံတွေကလည်း ပြိုကျပြီးတော့ ရေတွေတောင် အိုင်နေနိုင်ပါသေးတယ်။

သစ်သားနဲ့ ပြုလုပ်ထားတဲ့ အဆောက်အအုံတွေကတော့ အရင် ပြိုကျမှာပါပဲ။ မှန်တွေနဲ့ ဆောက်ထားတဲ့ အဆောက်အအုံတွေကတော့ ရှေရှည် အာမမခံနိုင်ပါဘူး။ သဘာဝဘေး အမျိုးမျိုးနဲ့ ပျက်စီးနေမှာပါ။

နောက်ဆုံး ကျန်ခဲ့မှာကတော့ ကျောက်တုံးတွေနဲ့သာ ဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေပါပဲ။

၃။ ကမ္ဘာဂြိုဟ်ကြီးဟာ မှောင်မည်းနေမယ်။

လူတွေ အကုန်အိပ်စက်သွားတာနဲ့ ဓာတ်အားပေးစက်ရုံတွေကပါ လိုက်ပြီး ပိတ်သွားမှာပါပဲ။ Las Vegas နှင့် တချို့နေရာတွေလောက်သာ ရက်အနည်းငယ်လောက် မီးလင်းနေပါလိမ့်မယ်။ ရေခဲသေတ္တာဟာလည်း ကြွက်တွေနဲ့ပဲ ပြည့်သွားပါလိမ့်မယ်။

မြေအောက် ရထားလိုင်းတွေလည်း စနစ်ချို့ယွင်းသွားတာကြောင့် (၃၆) နာရီအတွင်းမှာပဲ ပြည့်နှက်သွားပါလိမ့်မယ်။ Alaska မှာရှိတဲ့ ရေနံတွင်းတွေကလည်း အပြည့်လွန်ပြီးတော့ အပြင်ကိုတောင် လျှံထွက်လာ နိုင်ပါတယ်။

ရေနံတွေ များလာရင် သမုဒ္ဒရာထဲထိတောင် စီးဆင်းသွားနိုင်ပါတယ်။

၄။ အိမ်မွေးတိရိစ္ဆာန်အများစု မျိုးသုဉ်းသွားမယ်။

ခွေးငယ်လေးတွေနှင့် သိုးလိုမျိုး တိရစ္ဆာန်လေးတွေအတွက် အလွန်အန္တရာယ်ကြီးမှာပဲ ဖြစ်ပါတယ်။ အဆောက်အအုံထဲမှာ နေထိုင်ရတာ အစပိုင်းမှာတော့ အဆင်ပြေနိုင်ပေမယ့် နောက်ပိုင်းကျရင် အခက်တွေ့နိုင်ပါတယ်။

ဂျာမန်သိုးထိန်းခွေး၊ တခြားခွေးတွေနှင့် တောရိုင်းမျိုးစိတ် စပ်ထားတဲ့ တိရိစ္ဆာန်တွေလောက်သာ ခံနိုင်ရည်ရှိမှာ ဖြစ်ပါတယ်။ ကြောင်တွေကတော့ ဘယ်ရောက်ရောက် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် နေတတ်ပါတယ်။

ဒါပေမယ့် သူတို့လည်း နည်းနည်းတော့ ကြိုးစားရမှာပါ။ နောက်ပိုင်းမှာတော့ တိရိစ္ဆာန်တွေ အချင်းချင်း ရန်ပွဲတွေ ဖြစ်လာနိုင်ပြီးတော့ အင်အားကြီးတဲ့အကောင်ပဲ ရှင်သန်နိုင်မှာပဲ ဖြစ်ပါတယ်။

၅။ ကမ္ဘာ့အထိမ်းအမှတ် နေရာတွေဟာ သမိုင်းပဲ ကျန်ခဲ့လိမ့်မယ်။

သံချေးတက်တာကြောင့် လူတွေ အမြတ်တနိုး တည်ဆောက်ခဲ့ရတဲ့ အဆောက်အအုံတွေ၊ အထိမ်းအမှတ်တွေ ယိုယွင်းသွားမှာပါ။ ရွှေကပဲ အချိန်အကြာကြီး ခံနိုင်ရည်ရှိတာပဲ ဖြစ်ပါတယ်။ လူသားတွေ ရုတ်တရက်ကြီး အိပ်စက်သွားရင်တောင်

သံချေးတက်တာကတော့ ပျောက်ပျက်မသွားပါဘူး။

ဘာကြောင့်လဲ ဆိုတော့ သတ္တုတွေမှာ အောက်ဆီဂျင် ပါဝင်နေလို့ပါပဲ။ အစပိုင်းမှာ သံချေး သေးသေးလေးတွေ တက်ပြီးတော့ နောက်ပိုင်းမှာတော့ အရာအားလုံးကို ပျက်စီးသွားစေမှာပါ။ ဒါကတော့ လူသားတွေ မပြုလုပ်ရင်တောင် သူ့ဟာသူ ဖြစ်ပျက်နေမယ့် အရာပါပဲ။

၆။ ချုံနွယ်တွေက မြို့ပြကို ဖုံးလွှမ်းသွားမယ်။

လူသားတွေရဲ့ လှုပ်ရှားမှုတွေကသာ ရုတ်တရက် ရပ်တန့်သွားခဲ့မယ် ဆိုရင် ချံနွယ်တွေက အဆောက်အအုံတွေ၊ လမ်းတွေကို ဖုံးလွှမ်းသွားဖို့ အချိန် ၅ နှစ်ခန့်ပဲ လိုအပ်ပါတယ်။ ဥပမာပြောရရင် တရုတ်ရွာ Houtouwan ဟာ 2002 ခုနှစ်မှာ လူနေနည်းသွားခဲ့ပြီး

ဆယ်စုနှစ် ၂ ခုအကြာမှာ သဘာဝဟာ လုံးဝကို လွှမ်းမိုးသွားခဲ့ပါတယ်။ အဆောက်အဦတွေကို စပျစ်နွယ်ပင်တွေနှင့် ivy တွေများစွာက ဖုံးအပ်ထားပါတယ်။ ဒါကြောင့် နှစ်ပေါင်း 980 အကြာမှာ အခြေအနေ ဘယ်လောက် ဆိုးလာမလဲဆိုတာ သင်တွေးကြည့်လို့ ရနိုင်ပါတယ်။

၇။ မြို့တွေကို ရေတွေ လွှမ်းမိုးနေမယ်။

အမ်စတာဒမ်လိုမျိုး မြို့ကြီးတွေ ဆက်လက်တည်ရှိနေရတဲ့ အကြောင်းရင်းဟာ ရေနုတ်မြောင်းစနစ်တွေ၊ ဆည်တွေနှင့် တံတားတွေကြောင်ပဲ ဖြစ်ပါတယ်။ ရေမြောင်းတွေ၊ ဆည်တွေက လူတွေ နေထိုင်နေတဲ့ နေရာကို ရေကြီးတာတွေ၊

ဆူနာမီလိုမျိုး ဘဘာဝဘေးတွေကနေ ကာကွယ်ပေးထားပါတယ်။ ဒါတွေကို လူတွေက မထိန်းသိမ်း မပြုလုပ်ဘူး ဆိုရင် နေရာတွေအကုန်လုံး ရေအောက်ရောက်သွားမှာပါ။

အထူးသဖြင့် New York City၊ Miami နဲ့ New Orleans လိုမျိုး မြို့ကြီးတွေပါပဲ။ ယနေ့ခေတ် တွက်ချက်မှုတွေအရ ဒီမြို့ကြီးတွေဟာ နောက်ထပ် နှစ်ပေါင်း (၇၀) လောက်ကြာရင် ရေပြင်အဆမတန် မြင့်တက်တာကို ခံရနိုင်ပါတယ်။

ဒါပေမယ့် လူတွေသာ မရှိတော့ရင် ဒီလိုဖြစ်လာဖို့ အချိန်ပိုကြာ နိုင်ပါတယ်။

၈။ လူသားတွေဟာ နေရာအတွက် တိုက်ခိုက်ကြရမယ်။

လူသားတွေဟာ တောရိုင်းတိရိစ္ဆာန်တွေနှင့် ရင်ဆိုင်ရမှာ ဖြစ်တာကြောင့် သူတို့ရဲ့ ရှင်သန်မှုအတွက် ထပ်မံတိုက်ပွဲဝင် ရပါဦးမယ်။ အုပ်စုလိုက် ပူးပေါင်းလုပ်ဆောင်တာကတော့ အောင်မြင်စေနိုင်မှာပါပဲ။ ကြောင်တွေ၊ ခွေးတွေလို တိရိစ္ဆာန်တွေနဲ့ မိတ်ဆွေဖွဲ့နည်းကို

သူတို့ မှတ်မိနေဦးမှာပါ။ အခုအချိန်နဲ့ ကျောက်ခေတ်ကြားကွာခြားတာကတော့ ခေတ်သစ် အဆောက်အအုံ အဟောင်းတွေ ကျန်နေတာပါပဲ။ အရာအားလုံးကို ပြန်လည် တည်ဆောက်ဖို့အတွက်လည်း နည်းပညာ ဗဟုသုတတွေလည်း ရှိနေပါပြီ။

အစာရှာဖွေဖို့နှင့် အခြားသားရဲတိရစ္ဆာန်ကြီးတွေကို ရင်ဆိုင်ဖို့အတွက်ကတော့ ရှေးရိုးနည်းလမ်းတွေကိုပဲ အသုံးပြုရမှာပါပဲ။ ဒါပေမယ့် အပေါ်မှာ ပြောခဲ့သလိုပဲ အကုန်လုံးသာ စုပေါင်းလုပ်ဆောင်မယ် ဆိုရင်တော့ အောင်မြင်နိုင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*