လျှပ်စစ်ရထား/ဘတ်(စ်)ကားတွေ အကြောင်းပြောပြီးလက်တွေ့မှာတော့ လျှပ်စစ်မီးဖြတ်တော့မယ်လို့ စကစပြော

လျှပ်စစ်ရထား/ဘတ်(စ်)ကားတွေ အကြောင်းပြောနေပေမဲ့ လက်တွေ့မှာတော့ လျှပ်စစ်မီးဖြတ်တော့မယ်လို့ စကစလျှပ်စစ်ဌာနပြော

လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လျော့နည်းလာပြီး ဓာတ်အားလိုင်းတချို့ ပြုပြင်ဖို့ တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ နိုဝင်ဘာ ၁၉ ရက်ကစလို့ တစ်နေ့ကို နှစ်နာရီ ဝန်အား လျှော့ချသွားမယ်လို့ စစ်ကောင်စီ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၁၉ ရက်နေ့က ထုတ်ပြန်တဲ့စာမှာ ဖော်ပြထားပါတယ်။

ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းတောင်၊ ရှမ်းမြောက်၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး အရှေ့၊ ပဲခူး အနောက်နဲ့ ဧရာဝတီ စတဲ့ဒေသတွေက လျှပ်စစ်ဓာတ်အား ပမာဏကို အဓိက လျှော့ချထားဖို့ ရည်ရွယ်ထားတာ တွေ့ရပါတယ်။

အဲဒီတိုင်းနဲ့ပြည်နယ် ၁၀ ခုတို့မှာ ပုံမှန် လျှပ်စစ်ဓာတ်အားလိုအပ်ချက် ၂၇၅ မဂ္ဂါဝပ်ရှိနေပြီး ဒီထဲက ၁၅၀ မဂ္ဂါဝပ်ကို ညနေ ၆ နာရီကနေ ၈ နာရီအတွင်း လျှော့ချသွားမယ်လို့ ဆိုထားတာပါ။

အဲဒီဒေသတွေမှာ နေ့တိုင်း မီးမပျက်စေဖို့အတွက် သင့်တော်တဲ့ အုပ်စုခွဲပြီး တစ်လကြာတဲ့အထိ အလှည့်ကျ လျှပ်စစ်ဓာတ်အားကို လျှော့ချသွားမယ်လို့ တွေ့ရပါတယ်။ဒီလိုလျှပ်စစ်ဓာတ်အားလျှော့တာကြောင့် လျှပ်စစ်မီးပျက်တာတွေ ရှိလာနိုင်တယ်လို့လည်း ပြောထားပါတယ်။

ဒါနဲ့ပတ်သက်လို့ ရန်ကုန်မြို့နေ ပြည်သူတစ်ယောက်ကတော့ “ဖြတ်မယ်ဆိုလည်း အချိန်အတိအကျ ဖြတ်လေ။ လူတွေက ဟင်းချက်တာ၊ ထမင်းချက်တာတွေ လုပ်ရဦးမှာမလား။ ဒီလို နှစ်နာရီဖြတ်တော့ မီတာခတွေက ဆက်တက်နေဦးမှာလား” လို့ ထောက်ပြပြောပါတယ်။

လျှပ်စစ်ဓာတ်အား လျှော့ချခံရမယ့်အထဲမှာ စစ်ကိုင်းတိုင်းက ၂၅ မဂ္ဂါဝပ်၊ ဧရာဝတီတိုင်းက ၂၀ မဂ္ဂါဝပ်နဲ့ မကွေးတိုင်းက ၂၀ မဂ္ဂါဝပ် နဲ့ ပမာဏာ အများဆုံး အလျှော့ခံရမှာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနရဲ့ အောက်တိုဘာလ ၇ ရက်နေ့ စာရင်းအရ လျှပ်စစ်ဓာတ်အား ၃၇၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ခဲ့ပြီး မြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်က ၁၄၀၀ မဂ္ဂါဝပ်ကျော်အထိ အများဆုံး သုံးစွဲနေသလို မန္တလေးက မဂ္ဂါဝပ် ၆၀၀ ကျော်အထိ သုံးစွဲနေတာ တွေ့ရပါတယ်။

နေပြည်တော်မှာတော့ ၁၄၆ မဂ္ဂါဝပ် သုံးစွဲနေခဲ့တာတွေ့ရပြီး ဒါဟာ အခု တိုင်းနဲ့ ပြည်နယ် ၁၀ ခုက လျှပ်စစ်ဓာတ်အားလျှော့ချမယ့် ၁၅၀ မဂ္ဂါဝပ် နဲ့ သိပ်မကွာတဲ့ ပမာဏကို နေပြည်တော်တစ်ခုတည်းက သုံးစွဲနေတာ ဖြစ်ပါတယ်။

…………………

လွ်ပ္စစ္ရထား/ဘတ္(စ္)ကားေတြ အေၾကာင္းေျပာေနေပမဲ့ လက္ေတြ႕မွာေတာ့ လွ်ပ္စစ္မီးျဖတ္ေတာ့မယ္လို႔ စကစလွ်ပ္စစ္ဌာနေျပာ

လွ်ပ္စစ္ဓာတ္အားထုတ္လုပ္မႈ ေလ်ာ့နည္းလာၿပီး ဓာတ္အားလိုင္းတခ်ိဳ႕ ျပဳျပင္ဖို႔ တိုင္းနဲ႔ျပည္နယ္ ၁၀ ခုမွာ ႏိုဝင္ဘာ ၁၉ ရက္ကစလို႔ တစ္ေန႔ကို ႏွစ္နာရီ ဝန္အား ေလွ်ာ့ခ်သြားမယ္လို႔ စစ္ေကာင္စီ လွ်ပ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီးဌာနရဲ႕ ႏိုဝင္ဘာ ၁၉ ရက္ေန႔က ထုတ္ျပန္တဲ့စာမွာ ေဖာ္ျပထားပါတယ္။

ကခ်င္၊ ကယား၊ ကရင္၊ ခ်င္း၊ မြန္၊ ရခိုင္၊ ရွမ္းေတာင္၊ ရွမ္းေျမာက္၊ စစ္ကိုင္း၊ မေကြး၊ ပဲခူး အေရွ႕၊ ပဲခူး အေနာက္နဲ႔ ဧရာဝတီ စတဲ့ေဒသေတြက လွ်ပ္စစ္ဓာတ္အား ပမာဏကို အဓိက ေလွ်ာ့ခ်ထားဖို႔ ရည္႐ြယ္ထားတာ ေတြ႕ရပါတယ္။

အဲဒီတိုင္းနဲ႔ျပည္နယ္ ၁၀ ခုတို႔မွာ ပုံမွန္ လွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္ ၂၇၅ မဂၢါဝပ္ရွိေနၿပီး ဒီထဲက ၁၅၀ မဂၢါဝပ္ကို ညေန ၆ နာရီကေန ၈ နာရီအတြင္း ေလွ်ာ့ခ်သြားမယ္လို႔ ဆိုထားတာပါ။

အဲဒီေဒသေတြမွာ ေန႔တိုင္း မီးမပ်က္ေစဖို႔အတြက္ သင့္ေတာ္တဲ့ အုပ္စုခြဲၿပီး တစ္လၾကာတဲ့အထိ အလွည့္က် လွ်ပ္စစ္ဓာတ္အားကို ေလွ်ာ့ခ်သြားမယ္လို႔ ေတြ႕ရပါတယ္။ဒီလိုလွ်ပ္စစ္ဓာတ္အားေလွ်ာ့တာေၾကာင့္ လွ်ပ္စစ္မီးပ်က္တာေတြ ရွိလာႏိုင္တယ္လို႔လည္း ေျပာထားပါတယ္။

ဒါနဲ႔ပတ္သက္လို႔ ရန္ကုန္ၿမိဳ႕ေန ျပည္သူတစ္ေယာက္ကေတာ့ “ျဖတ္မယ္ဆိုလည္း အခ်ိန္အတိအက် ျဖတ္ေလ။ လူေတြက ဟင္းခ်က္တာ၊ ထမင္းခ်က္တာေတြ လုပ္ရဦးမွာမလား။ ဒီလို ႏွစ္နာရီျဖတ္ေတာ့ မီတာခေတြက ဆက္တက္ေနဦးမွာလား” လို႔ ေထာက္ျပေျပာပါတယ္။

လွ်ပ္စစ္ဓာတ္အား ေလွ်ာ့ခ်ခံရမယ့္အထဲမွာ စစ္ကိုင္းတိုင္းက ၂၅ မဂၢါဝပ္၊ ဧရာဝတီတိုင္းက ၂၀ မဂၢါဝပ္နဲ႔ မေကြးတိုင္းက ၂၀ မဂၢါဝပ္ နဲ႔ ပမာဏာ အမ်ားဆုံး အေလွ်ာ့ခံရမွာ ျဖစ္ပါတယ္။

စစ္ေကာင္စီရဲ႕ လွ်ပ္စစ္နဲ႔စြမ္းအင္ဝန္ႀကီးဌာနရဲ႕ ေအာက္တိုဘာလ ၇ ရက္ေန႔ စာရင္းအရ လွ်ပ္စစ္ဓာတ္အား ၃၇၀၀ မဂၢါဝပ္ ထုတ္လုပ္ႏိုင္ခဲ့ၿပီး ၿမိဳ႕ႀကီးေတြျဖစ္တဲ့ ရန္ကုန္က ၁၄၀၀ မဂၢါဝပ္ေက်ာ္အထိ အမ်ားဆုံး သုံးစြဲေနသလို မႏၲေလးက မဂၢါဝပ္ ၆၀၀ ေက်ာ္အထိ သုံးစြဲေနတာ ေတြ႕ရပါတယ္။

ေနျပည္ေတာ္မွာေတာ့ ၁၄၆ မဂၢါဝပ္ သုံးစြဲေနခဲ့တာေတြ႕ရၿပီး ဒါဟာ အခု တိုင္းနဲ႔ ျပည္နယ္ ၁၀ ခုက လွ်ပ္စစ္ဓာတ္အားေလွ်ာ့ခ်မယ့္ ၁၅၀ မဂၢါဝပ္ နဲ႔ သိပ္မကြာတဲ့ ပမာဏကို ေနျပည္ေတာ္တစ္ခုတည္းက သုံးစြဲေနတာ ျဖစ္ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*