လျှပ်စစ် ရထားနဲ့ ကားတွေပြေးဆွဲ ဖို့ တွက်ချက်ပြီးရင် ကြေညာမယ် ဟု နစကဥက္ကဌပြော

လွ်ပ္စစ္ ရထားနဲ႔ ကားေတြေျပးဆြဲဖို႔ မူဝါဒေတြတြက္ခ်က္ၿပီးရင္ ေၾကညာမယ္ဟု နစကဥကၠဌေျပာ

ေအာက္တိုဘာ ၂၅ရက္ေန႔ (မေန႔က)ေနျပည္ေတာ္မွာလုပ္တဲ့ ျပည္ေထာင္စုအစိုးရအစည္းအေဝးမွာ ျပည္တြင္းကအမ်ားျပည္သူသုံးသယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေတြအားလုံးမွာလွ်ပ္စစ္ကိုေျပာင္းဖို႔ႀကိဳးစားဖို႔လိုသလို

ဒါနဲ႔ပတ္သက္တဲ့မူဝါဒေတြအတြက္အခ်ိန္တစ္ခုတြက္ခ်က္ၿပီးေၾကညာသြားမယ္လို႔ နစကဥကၠဌကေျပာဆိုလိုက္ပါတယ္။ တစ္ႏိုင္ငံလုံးလွ်ပ္စစ္ရထားလမ္းနဲ႔ဆြဲရပါလိမ့္မယ္။တစ္ႏိုင္ငံလုံးလွ်ပ္စစ္ရထားနဲ႔ ေျပးရပါလိမ့္မယ္။

တစ္ႏိုင္ငံလုံးၿမိဳ႕ပတ္ရထားလမ္းဆိုၿမိဳ႕ပတ္လမ္းအတိုင္းသြားမယ္။ၿမိဳ႕ေပၚေတြမွာ သုံးတဲ့ကားေတြကလွ်ပ္စစ္ကားေတြျဖစ္ရမယ္။ဒီမူဝါဒကိုတြက္ေနပါတယ္။အခ်ိန္ေလးတစ္ခု တြက္ခ်က္ၿပီးလို႔ရွိရင္ ကြၽန္ေတာ္တို႔ေၾကျငာပါ့မယ္လို႔ ေျပာဆိုထားပါတယ္။

နစကဥကၠဌကPublic Transportationလုပ္ငန္းေတြကိုကြၽန္ေတာ္တို႔အားေပးဖို႔လိုတယ္။အဲ့ဒီ Transportation မွာလွ်ပ္စစ္ကိုရေအာင္ေျပာင္ေျပာင္းႏိုင္လို႔ရွိရင္ ဒီထက္ပိုအက်ိဳးရွိမယ္။

ဒါေၾကာင့္ကြၽန္ေတာ္တို႔လွ်ပ္စစ္ဓါတ္အားထုတ္လုပ္ေရးအတြက္တြန္းအားေပးေနျခင္းျဖစ္ပါတယ္။ တစ္ႏိုင္ငံလုံးလွ်ပ္စစ္ရထားလမ္းနဲ႔ဆြဲရပါလိမ့္မယ္။တစ္ႏိုင္ငံလုံးလွ်ပ္စစ္ရထားနဲ႔ေျပးရပါလိမ့္မယ္။

တစ္ႏိုင္ငံလုံးၿမိဳ႕ပတ္ရထားလမ္းဆို ၿမိဳ႕ပတ္ရထားလမ္းအတိုင္းသြားမယ္။ၿမိဳ႕ေပၚေတြမွာသုံးတဲ့ကားေတြကလွ်ပ္စစ္ကားေတြျဖစ္ရမယ္။
ဒီမူဝါဒကိုတြက္ေနပါတယ္။အခ်ိန္ေလးတစ္ခုတြက္လို႔ၿပီးလို႔ရွိရင္ကြၽန္ေတာ္တို႔ေၾကညာပါ့မယ္။

ဘယ္ႏွစ္မွာေတာ့ လွ်ပ္စစ္ကားသုံးတဲ့စနစ္ကိုဘယ္အဆင့္မွာေျပာင္းၿပီးသားျဖစ္ရမယ္။Private useေတြေပါ့ဗ်ာ။ ကိုယ္ပိုင္ကားေတြကားငယ္ေလးေတြဆိုလို႔ရွိရင္လုပ္ငန္းခြင္သုံးတဲ့ကားႀကီးေတြကေတာ့ျဖစ္ေကာင္းျဖစ္ႏိုင္မွာေပါ့ေလ။

နည္းပညာေတြအရတစ္ျခားႏိုင္ငံေတြမွာျဖစ္ေနတဲ့အေျခအေနေတြကို ကြၽန္ေတာ္တို႔ၾကည့္ရဦးမယ္။အခုနေျပာတဲ့လူစီးကားကေတာ့ျဖစ္တယ္။ဘတ္စ္ကားေတြျဖစ္ႏိုင္တယ္။

ဒီဟာေတြဟာ ဘယ္ႏွစ္မွာလွ်ပ္စစ္စနစ္ကိုေျပာင္းရမယ္ဆိုၿပီးကြၽန္ေတာ္တို႔လုပ္ရမယ္။ဒါမွမလုပ္ရင္လည္းကြၽန္ေတာ္တို႔က်န္ခဲ့လိမ့္မယ္။ဆီဖိုးနဲ႔မြဲလိမ့္မယ္လို႔ဆိုၿပီး ေျပာဆိုထားပါတယ္။

ျပည္တြင္းမွာအခုလိုလွ်ပ္စစ္ဘတ္စ္ကားေတြ၊လွ်ပ္စစ္ရထားလမ္းေတြေျပးဆြဲေတာ့မယ့္ အေၾကာင္းအရာနဲ႔ပတ္သက္လို႔ နစကဥကၠ႒ေျပာဆိုလာတာဆိုရင္၃ႀကိမ္ဝန္းက်င္ေလာက္ရွိေနၿပီျဖစ္ပါတယ္။

လတ္တေလာမွာႏိုင္ငံေရးမတည္ၿငိမ္မႈေတြေၾကာင့္ တိုင္းျပည္ရဲ႕စီးပြားေရးက်ဆင္းေနတယ္လို႔ ႏိုင္ငံတကာကေထာက္ျပေျပာဆိုေနခ်ိန္မွာ အခုလိုေျပာဆိုမႈေတြအတြက္လည္း ႏိုင္ငံေရးေလ့လာသုံးသပ္သူေတြနဲ႔လူထုၾကားေဝဖန္တာေတြလည္းေတြ႕ရပါတယ္။

………………………

လျှပ်စစ် ရထားနဲ့ ကားတွေပြေးဆွဲဖို့ မူဝါဒတွေတွက်ချက်ပြီးရင် ကြေညာမယ်ဟု နစကဥက္ကဌပြော

အောက်တိုဘာ ၂၅ရက်နေ့ (မနေ့က)နေပြည်တော်မှာလုပ်တဲ့ ပြည်ထောင်စုအစိုးရအစည်းအဝေးမှာ ပြည်တွင်းကအများပြည်သူသုံးသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေအားလုံးမှာလျှပ်စစ်ကိုပြောင်းဖို့ကြိုးစားဖို့လိုသလို

ဒါနဲ့ပတ်သက်တဲ့မူဝါဒတွေအတွက်အချိန်တစ်ခုတွက်ချက်ပြီးကြေညာသွားမယ်လို့ နစကဥက္ကဌကပြောဆိုလိုက်ပါတယ်။ တစ်နိုင်ငံလုံးလျှပ်စစ်ရထားလမ်းနဲ့ဆွဲရပါလိမ့်မယ်။တစ်နိုင်ငံလုံးလျှပ်စစ်ရထားနဲ့ ပြေးရပါလိမ့်မယ်။

တစ်နိုင်ငံလုံးမြို့ပတ်ရထားလမ်းဆိုမြို့ပတ်လမ်းအတိုင်းသွားမယ်။မြို့ပေါ်တွေမှာ သုံးတဲ့ကားတွေကလျှပ်စစ်ကားတွေဖြစ်ရမယ်။ဒီမူဝါဒကိုတွက်နေပါတယ်။အချိန်လေးတစ်ခု တွက်ချက်ပြီးလို့ရှိရင် ကျွန်တော်တို့ကြေငြာပါ့မယ်လို့ ပြောဆိုထားပါတယ်။

နစကဥက္ကဌကPublic Transportationလုပ်ငန်းတွေကိုကျွန်တော်တို့အားပေးဖို့လိုတယ်။အဲ့ဒီ Transportation မှာလျှပ်စစ်ကိုရအောင်ပြောင်ပြောင်းနိုင်လို့ရှိရင် ဒီထက်ပိုအကျိုးရှိမယ်။

ဒါကြောင့်ကျွန်တော်တို့လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးအတွက်တွန်းအားပေးနေခြင်းဖြစ်ပါတယ်။ တစ်နိုင်ငံလုံးလျှပ်စစ်ရထားလမ်းနဲ့ဆွဲရပါလိမ့်မယ်။တစ်နိုင်ငံလုံးလျှပ်စစ်ရထားနဲ့ပြေးရပါလိမ့်မယ်။

တစ်နိုင်ငံလုံးမြို့ပတ်ရထားလမ်းဆို မြို့ပတ်ရထားလမ်းအတိုင်းသွားမယ်။မြို့ပေါ်တွေမှာသုံးတဲ့ကားတွေကလျှပ်စစ်ကားတွေဖြစ်ရမယ်။
ဒီမူဝါဒကိုတွက်နေပါတယ်။အချိန်လေးတစ်ခုတွက်လို့ပြီးလို့ရှိရင်ကျွန်တော်တို့ကြေညာပါ့မယ်။

ဘယ်နှစ်မှာတော့ လျှပ်စစ်ကားသုံးတဲ့စနစ်ကိုဘယ်အဆင့်မှာပြောင်းပြီးသားဖြစ်ရမယ်။Private useတွေပေါ့ဗျာ။ ကိုယ်ပိုင်ကားတွေကားငယ်လေးတွေဆိုလို့ရှိရင်လုပ်ငန်းခွင်သုံးတဲ့ကားကြီးတွေကတော့ဖြစ်ကောင်းဖြစ်နိုင်မှာပေါ့လေ။

နည်းပညာတွေအရတစ်ခြားနိုင်ငံတွေမှာဖြစ်နေတဲ့အခြေအနေတွေကို ကျွန်တော်တို့ကြည့်ရဦးမယ်။အခုနပြောတဲ့လူစီးကားကတော့ဖြစ်တယ်။ဘတ်စ်ကားတွေဖြစ်နိုင်တယ်။

ဒီဟာတွေဟာ ဘယ်နှစ်မှာလျှပ်စစ်စနစ်ကိုပြောင်းရမယ်ဆိုပြီးကျွန်တော်တို့လုပ်ရမယ်။ဒါမှမလုပ်ရင်လည်းကျွန်တော်တို့ကျန်ခဲ့လိမ့်မယ်။ဆီဖိုးနဲ့မွဲလိမ့်မယ်လို့ဆိုပြီး ပြောဆိုထားပါတယ်။

ပြည်တွင်းမှာအခုလိုလျှပ်စစ်ဘတ်စ်ကားတွေ၊လျှပ်စစ်ရထားလမ်းတွေပြေးဆွဲတော့မယ့် အကြောင်းအရာနဲ့ပတ်သက်လို့ နစကဥက္ကဋ္ဌပြောဆိုလာတာဆိုရင်၃ကြိမ်ဝန်းကျင်လောက်ရှိနေပြီဖြစ်ပါတယ်။

လတ်တလောမှာနိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် တိုင်းပြည်ရဲ့စီးပွားရေးကျဆင်းနေတယ်လို့ နိုင်ငံတကာကထောက်ပြပြောဆိုနေချိန်မှာ အခုလိုပြောဆိုမှုတွေအတွက်လည်း နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့လူထုကြားဝေဖန်တာတွေလည်းတွေ့ရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*