လှေနံနှစ်ဖက်နင်းတဲ့ တရုတ်က စစ်ကောင်စီနဲ့ ဆက်ဆံသလို NLD ကိုလည်း မပစ်ပယ်

လွန်ခဲ့သည့်နှစ်လက တရုတ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အင်န်အယ်လ်ဒီ) နှင့် ၎င်း၏ဆက်ဆံရေးကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းလာသည်။ဤလုပ်ရပ်သည် စစ်တပ်၏ အာဏာတည်မြဲမှုအပေါ် ဘေဂျင်း၏

ယုံကြည်မှုကျဆင်းလာသည့်လက္ခဏာဖြစ်ကြောင်း လေ့လာသုံးသပ်သူအများစုက ထင် ကြေးပေးကြသည်။ ထိုယူဆချက် မှန်ကန်ပါရဲ့လား။မြန်မာအာဏာရှင်များနှင့် တရုတ်၏ ကျွမ်းကျင်ပါးနပ်သည့် ဆက်ဆံရေးကို အဓိပ္ပါယ်ဖွင့်ရန်မှာ အင်မတန် ရှုပ်ထွေးလှသည်။

အချက်အလက်အရ ပြောရမည်ဆိုပါက တရုတ်သည် မည်သည့်ထောက်ပံ့မှုမျှမပါဘဲအင်န်အယ်လ်ဒီနှင့် ဆက်သွယ်မှုများ ပြုလုပ်နေစဥ်မှာပင်၊ သြဂုတ်လမှစတင်ကာ စစ်အာဏာရှင်များကို တိုက်ရိုက်အကျိုးဖြစ်ထွန်းစေမည့် စီးပွားရေး၊ သံတမန်ရေးနှင့်

လူသားချင်း စာနာထောက်ထားမှုလုပ်ငန်းများဖြင့် စစ်တပ်နှင့်ဆက်ဆံရေးကို ခိုင်မာအောင် တရုတ်က တည်ဆောက်နေသည်။ထို့အတူတရုတ်၏ ပါတီချင်းဆက်ဆံရေး ဆိုသည့် သံတမန်နည်းလမ်းသည် အင်န်အယ်လ်ဒီကို ထောက်ပံ့ကူညီရန်ထက်

အစွန်းမရောက်အောင် ထိန်းချုပ်ရန် ကြိုးပမ်းမှုပင်ဖြစ်သည်။ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းမှုမတိုင်မီက တရုတ်သည် အင်န်အယ်လ်ဒီ၏ ထိပ်တန်း နိုင်ငံတကာမိတ်ဖက်နိုင်ငံ များထဲတွင် ပါဝင်ခဲ့သည်။၂၀၁၅ ခုနှစ်မှ ကိုဗစ်−နိုင်တီးကြောင့် တရုတ်နယ်စပ်ကို ပိတ်လိုက်သည့်

၂၀၂၀ ပြည့်နှစ် အစောပိုင်းကာလအထိ အန်င်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံသို့ ငါးကြိမ်သွားရောက်ခဲ့ပြီးဥက္ကဋ္ဌ ရှီကျင့်ဖျင်နှင့် ငါးကြိမ်တွေ့ဆုံခဲ့သည်။

ထိုခရီးစဉ်အတွင်း ရှီက ” တရုတ်-မြန်မာအသိုက်အ၀န်းကို အတူတကွဖန်တီးရန်” အင်န်အယ်လ်ဒီ ဦးဆောင်သည့် အစိုးရနှင့် ပူးပေါင်းလုပ်ဆောင် ဟုကြေညာခဲ့သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ခံထားရသည့် အစိုးရခေါင်းဆောင်များအား ဖမ်းဆီးထိန်းသိမ်းပြီး အာဏာသိမ်းလိုက်ချိန်တွင်

တရုတ်သည် အင်န်အယ်လ်ဒီနှင့် ဆက်ဆံရေးကို ချက်ချင်းဆိုသလို ဖြတ်တောက်လိုက်သည်။အင်န်အယ်လ်ဒီပါတီနှင့် ဧပြီလက ဖွဲ့စည်းလိုက်သည့် စင်ပြိုင်အစိုးရ (အမျိုး သားညီညွတ်ရေးအစိုးရ−အင်န်ယူဂျီ)က

တရုတ်ထံ စာများပေးပို့ခြင်းနှင့် တောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း လပေါင်းများစွာသည်အထိ ပြန်လည်တုံ့ပြန်ခြင်းမရှိခဲ့ပေ။
တရုတ်သံရုံးသည် ဖယ်ရှားခံလိုက်ရသည့် မြန်မာအရပ်ဘက်ခေါင်းဆောင်များအပေါ်

စိတ်စေတနာကောင်းများ ထားရှိရေးထက် တရုတ်၏အကျိုးစီးပွားများကို ကာကွယ်ရေးအတွက် အကူအညီတောင်းရန်သာ အာရုံစိုက်လုပ်ဆောင်ခဲ့သည်။

ဇူလိုင်လတွင် အင်န်အယ်လ်ဒီက ကွန်မြူနစ်ပါတီနှစ် ၁၀၀ပြည့်,နှစ်ပတ်လည်အတွက် ဂုဏ်ပြုစာပေးပို့လိုက်ချိန်မှသာ ဘေဂျင်းက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

ယင်းအခြေအနေသည် စစ်တပ်အပေါ် တရုတ်၏ဦးတည်ချက်ကို အနည်းငယ်သာ အပြောင်းအလဲသာ ဖြစ်စေခဲ့သည်။ ထို့နောက် သတင်းပတ်အများအတွင်း တရုတ်သည် စစ်ကောင်စီအား

အရေးပါသည့် အစည်းအဝေးများသို့ တက်ရောက်ရန် ဖိတ်ကြားခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို တိုးတက်စေခဲ့သည်။တရုတ်က မင်းအောင်လှိုင်အား အန်င်အယ်လ်ဒီပါတီ ဖျက်သိမ်းရေးကို တား မြစ်ခဲ့သည်ဟု

ပြောဆိုမှုများရှိနေသည့်တိုင် တရုတ်သည် လွန်ခဲ့သည့်ရှစ်လတာအတွင်း အင်န်အယ်လ်ဒီလုပ်ဆောင်ခဲ့သည့် (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်

တွေ့ဆုံဆွေးနွေးရေးနှင့် ရိုဟင်ဂျာများနှင့် ဆက်ဆံရေးတိုးတက်မြှင့်ခြင်း အပါအဝင် မည်သည့်လုပ်ဆောင်ချက်ကိုမျှ အသိအမှတ်မပြုခဲ့ပေ။
တရုတ်အစိုးရက“ မြန်မာ-တရုတ်ချစ်ကြည်ရေးသည်

မြန်မာနိုင်ငံသားအားလုံးအတွက် လမ်းဖွင့်ထားသည်” ဟု အခိုင်အမာပြောဆိုထားပြီး အင်န်အယ်လ်ဒီပါတီနှင့် ခိုင်မာသည့် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားမည် ဟုဆိုသည်။

သို့သော် လွန်ခဲ့သည့် သုံးလတာကာလအတွင်း တရုတ်ဘက်မှ ပါဝင်ပတ်သတ်သူများ၏ လုပ်ဆောင်ချက်များအား အနီးကပ်လေ့လာကြည့်ရာ အထက်ပါပြောဆိုချက်များနှင့် အင်မတန်ကွာဟနေသည်ကို တွေ့ရသည်။

တရုတ်၏လုပ်ရပ်များနှင့် ပတ်သတ်ပြီး အခြေခံအကျဆုံး မေးခွန်းတစ်ခုမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် အင်န်အယ်လ်ဒီအပေါ် ထားရှိသည့် တရုတ်၏ စစ်မှန်သည့်သဘောထားမှာ မည်သို့ရှိနေသနည်း ဆိုသည့်မေးခွန်းပင် ဖြစ်သည်။

(Jason Tower ရေးသားသော China and Myanmar’s Ousted Leaders: Mixed Signals, Cold Interests ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆို တင်ဆက်ထားခြင်း ဖြစ်ပါသည်။)crd;

Be the first to comment

Leave a Reply

Your email address will not be published.


*