ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီအိမ်ကို စစ်ကောင်စီချိပ်ပိတ် မိသားစုတွေကို ပြောင်း‌ ရွှေ့ခိုင်းနေ

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ အောင်ဆန်းရပ်ကွက်ထဲမှာရှိတဲ့ ဝန်ကြီးချုပ်ဟောင်းမန်းဂျော်နီရဲ့အိမ်ကို ရက်ပိုင်းအတွင်းချိပ်ပိတ်ဖို့စစ်ကောင်စီကညွှန်ကြားမှုတွေလုပ်ထားပြီးမိသားစုတွေကိုလည်းရက်ပိုင်းအတွင်း

ပြောင်းရွှေ့ ခိုင်းထားတယ်လို့မိသားစုနဲ့နီးစပ်သူတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ ဝန်ကြီးချုပ်ဟောင်းမန်းဂျော်နီရဲ့ လက်နက်ကိုင်စစ်ရေးလေ့ကျင့်နေတဲ့ ဓါတ်ပုံတွေ လူမှုကွန်ရက်ပေါ်မှာထွက်ပေါ်လာပြီးနောက်

ပိုင်းမှာကျုံပျော်မှာနေထိုင်တဲ့သူ့ရဲ့ သားဖြစ်သူကို နှစ်ကြိမ်တိုင်တိုင် ခေါ်ယူစစ်ဆေးမှုလုပ်တာတွေ၊မြို့မှာရှိတဲ့ဘုရားကျောင်းကို စစ်ကောင်စီတပ်တွေဝင်ရောက်စစ်ဆေးတာတွေရှိခဲ့တယ်လို့လည်းဒေသခံတွေကပြောကြားထားပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဝန်ကြီးချုပ်မန်းဂျော်နီရဲ့ မိသားစုဝင်တွေကိုစစ်ကောင်စီကအသွားအလာကန့်သတ်စောင့်ကြည့်မှုတွေလုပ်ခဲ့ပြီးနောက် အခုလို နေအိမ်တွေကို ချိပ်ပိတ်ဖို့ညွှန်ကြားလာတာပဲဖြစ်ပါတယ်။

လက်ရှိကျုံပျော်မြို့နယ်၊အောင်ဆန်းရပ်ကွက်ထဲမှာ မန်းဂျော်နီရဲ့ သားနှစ်ဦး၊ ချွေးမနှစ်ဦးနဲ့အတူမြေးဖြစ်သူတို့ပဲ နေထိုင်ကြပြီး ကျန်မိသားစုဝင်တွေကတော့ရပ်ဝေးမှာဖြစ်တယ်လို့မိသားစုနဲ့နီးစပ်သူတွေရဲ့ပြောပြချက်အရသိရပါတယ်။

မန်းဂျော်နီဟာအသက် ၈ဝအရွယ်ရှိပြီဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကနေ ရွေးကောက်ပွဲလေးကြိမ်ဆက်တိုက်အနိုင်ရခဲ့ပါတယ်။

စစ်ကောင်စီဘက်ကတော့ နေအိမ်နဲ့ အဆောက်အဦတချို့ကို အောက်တိုဘာ လ ၂၇ ရက်နေ့နောက်ပိုင်းမှာ ချိပ်ပိတ်တာတွေလုပ်လာသလို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ နိုင်ငံတော်ဘဏ္ဍာအဖြစ် ပိတ်သိမ်းတယ်ဆိုပြီးလုပ်ဆောင်လာတာကိုတွေ့ရပါတယ်။

ဒါတွေနဲ့ပတ်သက်လို့ တရားဥပဒေကြောင်းအရ တရားစွဲဆိုမှုတွေလုပ်ပြီး အမိန့်ချထားတာမဟုတ်သေးတဲ့အတွက် ဥပဒေကြောင်းအရတရားရုံးရဲ့အမိန့်မပါဘဲ ချိပ်ပိတ်ပိုင်ခွင့်မရှိဘူးလို့ဝါရင့်တရားလွှတ်တော်ရှေ့နေတစ်ဦးကသုံးသပ်ပြောဆိုထားပါတယ်။

ဘီဘီစီမြန်မာပိုင်း

ဓါတ်ပုံ – မန်းဂျော်နီဖေ့ဘွတ်ခ်

…………….

ဝန္ႀကီးခ်ဳပ္ေဟာင္းမန္းေဂ်ာ္နီအိမ္ကိုစစ္ေကာင္စီခ်ိပ္ပိတ္ၿပီး မိသားစုေတြကိုေျပာင္း‌ ေ႐ႊ႕ခိုင္းေနတယ္လို႔ ဆို

ဧရာဝတီတိုင္း၊ က်ဳံေပ်ာ္ၿမိဳ႕နယ္၊ ေအာင္ဆန္းရပ္ကြက္ထဲမွာရွိတဲ့ ဝန္ႀကီးခ်ဳပ္ေဟာင္းမန္းေဂ်ာ္နီရဲ႕အိမ္ကို ရက္ပိုင္းအတြင္းခ်ိပ္ပိတ္ဖို႔စစ္ေကာင္စီကၫႊန္ၾကားမႈေတြလုပ္ထားၿပီးမိသားစုေတြကိုလည္းရက္ပိုင္းအတြင္း

ေျပာင္းေ႐ႊ႕ ခိုင္းထားတယ္လို႔မိသားစုနဲ႔နီးစပ္သူေတြဆီကသိရပါတယ္။ ၿပီးခဲ့တဲ့ ၾသဂုတ္လထဲမွာ ဝန္ႀကီးခ်ဳပ္ေဟာင္းမန္းေဂ်ာ္နီရဲ႕ လက္နက္ကိုင္စစ္ေရးေလ့က်င့္ေနတဲ့ ဓါတ္ပုံေတြ လူမႈကြန္ရက္ေပၚမွာထြက္ေပၚလာၿပီးေနာက္

ပိုင္းမွာက်ဳံေပ်ာ္မွာေနထိုင္တဲ့သူ႔ရဲ႕ သားျဖစ္သူကို ႏွစ္ႀကိမ္တိုင္တိုင္ ေခၚယူစစ္ေဆးမႈလုပ္တာေတြ၊ၿမိဳ႕မွာရွိတဲ့ဘုရားေက်ာင္းကို စစ္ေကာင္စီတပ္ေတြဝင္ေရာက္စစ္ေဆးတာေတြရွိခဲ့တယ္လို႔လည္းေဒသခံေတြကေျပာၾကားထားပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဝန္ႀကီးခ်ဳပ္မန္းေဂ်ာ္နီရဲ႕ မိသားစုဝင္ေတြကိုစစ္ေကာင္စီကအသြားအလာကန႔္သတ္ေစာင့္ၾကည့္မႈေတြလုပ္ခဲ့ၿပီးေနာက္ အခုလို ေနအိမ္ေတြကို ခ်ိပ္ပိတ္ဖို႔ၫႊန္ၾကားလာတာပဲျဖစ္ပါတယ္။

လက္ရွိက်ဳံေပ်ာ္ၿမိဳ႕နယ္၊ေအာင္ဆန္းရပ္ကြက္ထဲမွာ မန္းေဂ်ာ္နီရဲ႕ သားႏွစ္ဦး၊ ေခြၽးမႏွစ္ဦးနဲ႔အတူေျမးျဖစ္သူတို႔ပဲ ေနထိုင္ၾကၿပီး က်န္မိသားစုဝင္ေတြကေတာ့ရပ္ေဝးမွာျဖစ္တယ္လို႔မိသားစုနဲ႔နီးစပ္သူေတြရဲ႕ေျပာျပခ်က္အရသိရပါတယ္။

မန္းေဂ်ာ္နီဟာအသက္ ၈ဝအ႐ြယ္ရွိၿပီျဖစ္ၿပီး အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီကေန ေ႐ြးေကာက္ပြဲေလးႀကိမ္ဆက္တိုက္အႏိုင္ရခဲ့ပါတယ္။

စစ္ေကာင္စီဘက္ကေတာ့ ေနအိမ္နဲ႔ အေဆာက္အဦတခ်ိဳ႕ကို ေအာက္တိုဘာ လ ၂၇ ရက္ေန႔ေနာက္ပိုင္းမွာ ခ်ိပ္ပိတ္တာေတြလုပ္လာသလို အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒနဲ႔ ႏိုင္ငံေတာ္ဘ႑ာအျဖစ္ ပိတ္သိမ္းတယ္ဆိုၿပီးလုပ္ေဆာင္လာတာကိုေတြ႕ရပါတယ္။

ဒါေတြနဲ႔ပတ္သက္လို႔ တရားဥပေဒေၾကာင္းအရ တရားစြဲဆိုမႈေတြလုပ္ၿပီး အမိန႔္ခ်ထားတာမဟုတ္ေသးတဲ့အတြက္ ဥပေဒေၾကာင္းအရတရား႐ုံးရဲ႕အမိန႔္မပါဘဲ ခ်ိပ္ပိတ္ပိုင္ခြင့္မရွိဘူးလို႔ဝါရင့္တရားလႊတ္ေတာ္ေရွ႕ေနတစ္ဦးကသုံးသပ္ေျပာဆိုထားပါတယ္။

ဘီဘီစီျမန္မာပိုင္း

ဓါတ္ပုံ – မန္းေဂ်ာ္နီေဖ့ဘြတ္ခ္

Be the first to comment

Leave a Reply

Your email address will not be published.


*