ဝန်ကြီးချုပ် အိမ် ဖောက်ခွဲရေး ဒရုန်းဖြင့် တိုက်ခိုက် ခံရ

အီရတ်ဝန်ကြီးချုပ် မူစတာဖှာ အယ်လ် ခါဒီမီရဲ့အိမ်ကို ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ထားတဲ့ ဒရုမ်းယာဉ်တစီးက နိုဝင်ဘာ ၇ ရက် အစောပိုင်းမှာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။

ဒါဟာ လုပ်ကြံဖို့ ကြိုးစားမှုဖြစ်ပြီး ဝန်ကြီးချုပ်က အထိအခိုက်မရှိ လွတ်မြောက်ခဲ့တယ်လို့ အီရတ်စစ်တပ်က ပြောပါတယ်။

ဘဂ္ဂဒက်ရဲ့ အစိမ်းရောင်ဇုန်ထဲမှာ ရှိတဲ့ ဝန်ကြီးချုပ်ရဲ့အိမ် ပစ်မှတ်ထား တိုက်ခိုက်ခံရတယ်လို့ အီရတ် စစ်တပ်က ကြေညာချက် ထုတ်ပြန်ပေမယ့် အသေးစိတ် အချက်အလက်တွေကို မဖော်ပြ ခဲ့ပါဘူး။

တိုက်ခိုက်ခံရတဲ့ အစီရင်ခံစာ ထွက်ပြီး မကြာခင်ပဲ ဝန်ကြီးချုပ်က သူ ဘေးကင်းကြောင်းနဲ့ အီရတ်ရဲ့ ကောင်းကျိုးအတွက် တည်တည်ငြိမ်ငြိမ် ရှိကြဖို့နဲ့ အစွန်းမရောက်ကြဖို့ တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ တိုက်တွန်းခဲ့ပါတယ်။

ဝန်ကြီးချုပ်ရဲ့ အိမ်ကို ဖောက်ခွဲရေးပစ္စည်း တကြိမ်ထက်မနည်း ထိမှန်ခဲ့တယ်လို့ အစိုးရ အရာရှိ ၂ ယောက်က ပြောပါတယ်။

အီရတ်ဝန်ကြီးချုပ် ဘေးကင်းကြောင်း ရိုက်တာသတင်းမှာလည်း ဖော်ပြပါတယ်။

အစိုးရအဆောက်အအုံတွေနဲ့ နိုင်ငံခြားသံရုံးတွေ ရှိရာ အစိမ်းရောင်ဇုန်ထဲမှာ အခြေစိုက်တဲ့ အနောက်တိုင်း သံတမန်တွေကလည်း ပေါက်ကွဲသံ၊ သေနတ်သံတွေ ကြားခဲ့ကြောင်း ပြောပါတယ်။

ဒီတိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်း ဘယ်အုပ်စုကမှ မကြေညာသေးပါဘူး။

အီရန်နဲ့ မိတ်ဖက်ပြုထားတဲ့ လက်နက်ကိုင် အုပ်စုတွေကို ထောက်ခံသူတွေက အရင်လက ကျင်းပ တဲ့ အထွေထွေ ရွေးကောက်ပွဲ ရလဒ်ကို ဆန့်ကျင်ပြီး အစိမ်းရောင်ဇုန်နားမှာ လတ်တလော ရက်တွေအတွင်း ဆန္ဒပြခဲ့ကြဖူးပါတယ်။

……………….

အီရတ္ဝန္ႀကီးခ်ဳပ္ မူစတာဖွာ အယ္လ္ ခါဒီမီရဲ႕အိမ္ကို ေဖာက္ခြဲေရးပစၥည္းေတြ တပ္ဆင္ထားတဲ့ ဒ႐ုမ္းယာဥ္တစီးက ႏိုဝင္ဘာ ၇ ရက္ အေစာပိုင္းမွာ ပစ္မွတ္ထား တိုက္ခိုက္ခဲ့ပါတယ္။

ဒါဟာ လုပ္ႀကံဖို႔ ႀကိဳးစားမႈျဖစ္ၿပီး ဝန္ႀကီးခ်ဳပ္က အထိအခိုက္မရွိ လြတ္ေျမာက္ခဲ့တယ္လို႔ အီရတ္စစ္တပ္က ေျပာပါတယ္။

ဘဂၢဒက္ရဲ႕ အစိမ္းေရာင္ဇုန္ထဲမွာ ရွိတဲ့ ဝန္ႀကီးခ်ဳပ္ရဲ႕အိမ္ ပစ္မွတ္ထား တိုက္ခိုက္ခံရတယ္လို႔ အီရတ္ စစ္တပ္က ေၾကညာခ်က္ ထုတ္ျပန္ေပမယ့္ အေသးစိတ္ အခ်က္အလက္ေတြကို မေဖာ္ျပ ခဲ့ပါဘူး။

တိုက္ခိုက္ခံရတဲ့ အစီရင္ခံစာ ထြက္ၿပီး မၾကာခင္ပဲ ဝန္ႀကီးခ်ဳပ္က သူ ေဘးကင္းေၾကာင္းနဲ႔ အီရတ္ရဲ႕ ေကာင္းက်ိဳးအတြက္ တည္တည္ၿငိမ္ၿငိမ္ ရွိၾကဖို႔နဲ႔ အစြန္းမေရာက္ၾကဖို႔ တြစ္တာ လူမႈကြန္ရက္ေပၚကေန တိုက္တြန္းခဲ့ပါတယ္။

ဝန္ႀကီးခ်ဳပ္ရဲ႕ အိမ္ကို ေဖာက္ခြဲေရးပစၥည္း တႀကိမ္ထက္မနည္း ထိမွန္ခဲ့တယ္လို႔ အစိုးရ အရာရွိ ၂ ေယာက္က ေျပာပါတယ္။

အီရတ္ဝန္ႀကီးခ်ဳပ္ ေဘးကင္းေၾကာင္း ႐ိုက္တာသတင္းမွာလည္း ေဖာ္ျပပါတယ္။

အစိုးရအေဆာက္အအုံေတြနဲ႔ ႏိုင္ငံျခားသံ႐ုံးေတြ ရွိရာ အစိမ္းေရာင္ဇုန္ထဲမွာ အေျခစိုက္တဲ့ အေနာက္တိုင္း သံတမန္ေတြကလည္း ေပါက္ကြဲသံ၊ ေသနတ္သံေတြ ၾကားခဲ့ေၾကာင္း ေျပာပါတယ္။

ဒီတိုက္ခိုက္မႈအတြက္ တာဝန္ရွိေၾကာင္း ဘယ္အုပ္စုကမွ မေၾကညာေသးပါဘူး။

အီရန္နဲ႔ မိတ္ဖက္ျပဳထားတဲ့ လက္နက္ကိုင္ အုပ္စုေတြကို ေထာက္ခံသူေတြက အရင္လက က်င္းပ တဲ့ အေထြေထြ ေ႐ြးေကာက္ပြဲ ရလဒ္ကို ဆန႔္က်င္ၿပီး အစိမ္းေရာင္ဇုန္နားမွာ လတ္တေလာ ရက္ေတြအတြင္း ဆႏၵျပခဲ့ၾကဖူးပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*