ဝါရှင်တန်နှင့် နယူးယောက်ရှိ ရုရှားဆက်နွှယ်နေအိမ်အချို့ FBI စီးနင်းရှာဖွေ

အမေရိကန်ပြည်ထောင်စု ထောက်လှမ်းရေးဗျူရို FBI ဟာ ဝါရှင်တန်နဲ့ နယူးယောက်မြို့တွေက ရုရှားနဲ့ဆက်နွှယ်တဲ့ မသင်္ကာတဲ့ အိမ်တချို့ကို အောက်တိုဘာ ၁၉ ရက်က ဝင်ရောက်စီးနင်းခဲ့ပါတယ်။

ရုရှားအစိုးရနဲ့နီးစပ်ပြီး နိုင်ငံရေး ဩဇာလည်း ရှိတဲ့ ဘီလျံနာ သူကြွယ်ကြီး အာလက် ဂျီရီပတ်စ်ကာ၊ အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ ၂၀၁၆ အမေရိကန် သမ္မတ မဲဆွယ်လှုပ်ရှားမှု ဥက္ကဋ္ဌ ပေါလ် မနာဖော့ထ်တို့နဲ့ ပတ်သက်တဲ့ အိမ်တွေကို စီးနင်းခဲ့တာပါ။

ဝါရှင်တန်ရဲ့ အချမ်းသာဆုံး ရပ်ကွက်တခုရှိ အိမ်ကြီးတလုံးထဲကနေ သေတ္တာတွေကို FBI က သယ်ထုတ်ခဲ့ပါတယ်။ခြံဝင်းရှေ့မှာတော့ ရာဇဝတ်မှုဖြစ်ရာ နေရာမို့ မဝင်ရဆိုတဲ့ အဝါရောင် စာတမ်းတွေ ချိတ်ဆွဲ ထားပါတယ်။

တရားရုံး ခွင့်ပြုချက်အရ စီးနင်းတာလို့ FBI ပြောခွင့်ရက အတည်ပြု ပြောဆိုပါတယ်။ ရှာဖွေရတဲ့ အကြောင်းရင်း အတိအကျကိုတော့ ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ FBI ပြောခွင့်ရကလည်း အသေးစိတ် အချက်အလက်တွေကို မပေးသေးပါဘူး။

ဂျီရီပတ်စ်ကာရဲ့ ကိုယ်စားလှယ်ကတော့ ဝါရှင်တန်နဲ့ နယူးယောက်က အိမ်တွေဟာ ဂျီရီပတ်စ်ကာ ရဲ့ ဆွေမျိုးတွေ ပိုင်တဲ့အိမ်တွေလို့ ပြောပါတယ်။ ဂျီရီ ပတ်စ်ကာကတော့ ဘယ်ရောက်နေလည်းဆိုတာ ချက်ချင်း မဆုံးဖြတ်နိုင်သေးပါဘူး။

………………

အေမရိကန္ျပည္ေထာင္စု ေထာက္လွမ္းေရးဗ်ဴ႐ို FBI ဟာ ဝါရွင္တန္နဲ႔ နယူးေယာက္ၿမိဳ႕ေတြက ႐ုရွားနဲ႔ဆက္ႏႊယ္တဲ့ မသကၤာတဲ့ အိမ္တခ်ိဳ႕ကို ေအာက္တိုဘာ ၁၉ ရက္က ဝင္ေရာက္စီးနင္းခဲ့ပါတယ္။

႐ုရွားအစိုးရနဲ႔နီးစပ္ၿပီး ႏိုင္ငံေရး ဩဇာလည္း ရွိတဲ့ ဘီလ်ံနာ သူႂကြယ္ႀကီး အာလက္ ဂ်ီရီပတ္စ္ကာ၊ အေမရိကန္ သမၼတေဟာင္း ေဒၚနယ္ထရမ့္ရဲ႕ ၂၀၁၆ အေမရိကန္ သမၼတ မဲဆြယ္လႈပ္ရွားမႈ ဥကၠ႒ ေပါလ္ မနာေဖာ့ထ္တို႔နဲ႔ ပတ္သက္တဲ့ အိမ္ေတြကို စီးနင္းခဲ့တာပါ။

ဝါရွင္တန္ရဲ႕ အခ်မ္းသာဆုံး ရပ္ကြက္တခုရွိ အိမ္ႀကီးတလုံးထဲကေန ေသတၱာေတြကို FBI က သယ္ထုတ္ခဲ့ပါတယ္။ၿခံဝင္းေရွ႕မွာေတာ့ ရာဇဝတ္မႈျဖစ္ရာ ေနရာမို႔ မဝင္ရဆိုတဲ့ အဝါေရာင္ စာတမ္းေတြ ခ်ိတ္ဆြဲ ထားပါတယ္။

တရား႐ုံး ခြင့္ျပဳခ်က္အရ စီးနင္းတာလို႔ FBI ေျပာခြင့္ရက အတည္ျပဳ ေျပာဆိုပါတယ္။ ရွာေဖြရတဲ့ အေၾကာင္းရင္း အတိအက်ကိုေတာ့ ခ်က္ခ်င္း ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ FBI ေျပာခြင့္ရကလည္း အေသးစိတ္ အခ်က္အလက္ေတြကို မေပးေသးပါဘူး။

ဂ်ီရီပတ္စ္ကာရဲ႕ ကိုယ္စားလွယ္ကေတာ့ ဝါရွင္တန္နဲ႔ နယူးေယာက္က အိမ္ေတြဟာ ဂ်ီရီပတ္စ္ကာ ရဲ႕ ေဆြမ်ိဳးေတြ ပိုင္တဲ့အိမ္ေတြလို႔ ေျပာပါတယ္။ ဂ်ီရီ ပတ္စ္ကာကေတာ့ ဘယ္ေရာက္ေနလည္းဆိုတာ ခ်က္ခ်င္း မဆုံးျဖတ္ႏိုင္ေသးပါဘူး။

Be the first to comment

Leave a Reply

Your email address will not be published.


*