သက်တော်စောင့် ချယ်ရီထက်ကို စွဲဆိုထားသည့် အမှု ထောင်တွင်း တရားရုံးမှာ စစ်ဆေးမှု ပြုလုပ်

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့်ဖြစ်သည့် ချယ်ရီထက်ကို စွဲဆိုထားသည့်အမှု ကို  နေပြည်တော်အချုပ်ထောင်ရှိ ထောင်တွင်းတရားရုံးမှာ စစ်ဆေးမှုပြုလုပ်ခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သည့်အသိုင်းအဝိုင်းထံက သိရပါတယ်။

ချယ်ရီထက်အနေနဲ့ လက်ရှိအချိန်မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုဥပဒေပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရပြီး နိုဝင်ဘာလ ၂၄ရက်နေ့က နေပြည်တော်အချုပ်ထောင်ရှိ ထောင်တွင်းတရားရုံးမှာ ကြားနာစစ်ဆေးမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ချယ်ရီထက်ကို လူမှုကွန်ယက်စာမျက်နှာမှာ ပြောဆိုရေးသားမှုများအပါအဝင် ဘီးလင်းမြို့နယ်က NLD လွှတ်တော်ကိုယ်စားလှယ်နဲ့ ဆက်သွယ်မှုတို့ဖြင့် ယခုကဲ့သို့ ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်တယ်လို့ သိရပါတယ်။

ချယ်ရီထက်အနေနဲ့ ရဲခုံရုံးဘက်မှာလည်း ရဲစည်းကမ်းဖောက်ဖျက်သည်ဟုဆိုကာ အမှုရင်ဆိုင်နေရခြင်းဖြစ်ပြီး ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ချယ်ရီထက်အား ရဲဘက်တရားရုံးမှ ထောင်ဒဏ်ချမှတ်လိုက်သည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပါ။

နိုဝင်ဘာ ၂၄ ရက်နေ့က သူမအား စွဲဆိုထားသည့် ပုဒ်မ ၅၀၅(က)အမှုအတွက် စစ်ဆေးခဲ့ရာမှာ တရားလိုပြသက်သေအနေနဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဌာနက ဒုရဲမှူး ဇော်ဝင်းထွန်းကို စစ်ဆေးခဲ့သလို ခွင့်ပြုချက်မရှိဘဲ စွပ်စွဲခံရသူပိုင်သည့် ပစ္စည်းများကို ဖွင့်ယူစစ်ဆေးရန် လျှောက်ထားမှုကို သူမရဲ့ရှေ့နေများက ကန့်ကွက်ခဲ့တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့်ဖြစ်သူ ချယ်ရီထက်ကို NU နဲ့ ပတ်သက်သည်ဟုဆိုကာ စက်တင်ဘာလအတွင်းကစတင်ပြီး အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့က စစ်ဆေးမှုများပြုလုပ်နေကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

<<<<zawgyi>>>>

အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ သက္ေတာ္ေစာင့္ျဖစ္သည့္ ခ်ယ္ရီထက္ကို စြဲဆိုထားသည့္အမႈ ကို ေနျပည္ေတာ္အခ်ဳပ္ေထာင္ရွိ ေထာင္တြင္းတရား႐ုံးမွာ စစ္ေဆးမႈျပဳလုပ္ခဲ့တယ္လို႔ တရား႐ုံးနဲ႔နီးစပ္သည့္အသိုင္းအဝိုင္းထံက သိရပါတယ္။

ခ်ယ္ရီထက္အေနနဲ႔ လက္ရွိအခ်ိန္မွာ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈဥပေဒပုဒ္မ ၅၀၅(က)ျဖင့္ တရားစြဲဆိုခံထားရၿပီး ႏိုဝင္ဘာလ ၂၄ရက္ေန႔က ေနျပည္ေတာ္အခ်ဳပ္ေထာင္ရွိ ေထာင္တြင္းတရား႐ုံးမွာ ၾကားနာစစ္ေဆးမႈျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ခ်ယ္ရီထက္ကို လူမႈကြန္ယက္စာမ်က္ႏွာမွာ ေျပာဆိုေရးသားမႈမ်ားအပါအဝင္ ဘီးလင္းၿမိဳ႕နယ္က NLD လႊတ္ေတာ္ကိုယ္စားလွယ္နဲ႔ ဆက္သြယ္မႈတို႔ျဖင့္ ယခုကဲ့သို႔ ပုဒ္မ ၅၀၅(က)ျဖင့္ တရားစြဲဆိုထားျခင္းျဖစ္တယ္လို႔ သိရပါတယ္။

ခ်ယ္ရီထက္အေနနဲ႔ ရဲခုံ႐ုံးဘက္မွာလည္း ရဲစည္းကမ္းေဖာက္ဖ်က္သည္ဟုဆိုကာ အမႈရင္ဆိုင္ေနရျခင္းျဖစ္ၿပီး ၿပီးခဲ့သည့္ရက္ပိုင္းအတြင္းကလည္း ခ်ယ္ရီထက္အား ရဲဘက္တရား႐ုံးမွ ေထာင္ဒဏ္ခ်မွတ္လိုက္သည္ဟု သတင္းမ်ားထြက္ေပၚခဲ့ေသာ္လည္း အတည္ျပဳႏိုင္ျခင္းမရွိေသးပါ။

ႏိုဝင္ဘာ ၂၄ ရက္ေန႔က သူမအား စြဲဆိုထားသည့္ ပုဒ္မ ၅၀၅(က)အမႈအတြက္ စစ္ေဆးခဲ့ရာမွာ တရားလိုျပသက္ေသအေနနဲ႔ အၾကမ္းဖက္တိုက္ဖ်က္ေရးဌာနက ဒုရဲမႉး ေဇာ္ဝင္းထြန္းကို စစ္ေဆးခဲ့သလို ခြင့္ျပဳခ်က္မရွိဘဲ စြပ္စြဲခံရသူပိုင္သည့္ ပစၥည္းမ်ားကို ဖြင့္ယူစစ္ေဆးရန္ ေလွ်ာက္ထားမႈကို သူမရဲ႕ေရွ႕ေနမ်ားက ကန႔္ကြက္ခဲ့တယ္လို႔ သိရပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ သက္ေတာ္ေစာင့္ျဖစ္သူ ခ်ယ္ရီထက္ကို NU နဲ႔ ပတ္သက္သည္ဟုဆိုကာ စက္တင္ဘာလအတြင္းကစတင္ၿပီး အၾကမ္းဖက္ႏွိမ္နင္းေရးတပ္ဖြဲ႕က စစ္ေဆးမႈမ်ားျပဳလုပ္ေနေၾကာင္း စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္ထားတာျဖစ္ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*