သိန်း (၂၀၀) ထက်ပိုသော ငွေပေးချေမှု မှန်သမျှ ဘဏ်စနစ် ဖြင့်သာ ပေးချေရမည် ဟု ဗဟိုဘဏ် ထုတ်ပြန်

ကျပ်သိန်း၂၀၀ ထက်ပိုသော အရောင်းအဝယ်၊ ဝန်ဆောင်မှုလုပ်ငန်းမှန်သမျှကို ဘဏ်စနစ်အသုံးပြု၍ ဘဏ်စနစ်ဖြင့် ဆောင်ရွက်ကြရန် ဗဟိုဘဏ်က နိုဝင်ဘာလ ၃ ရက် ညပိုင်းတွင် ထုတ်ပြန်လိုက်ပါတယ်။

ကျပ်သိန်း ၂၀၀ ထက်ပိုသော ငွေပေးချေမှုများအား ဒစ်ဂျစ်တယ်ငွေပေးချေမှုနည်းလမ်းများဖြင့် ဆောင်ရွက်ရာတွင် မိုဘိုင်းဘဏ်လုပ်ငန်း (Mobile Banking)၊ အင်တာနက်ဘဏ်လုပ်ငန်း (Internet Banking) ဖြင့် ပေးချေခြင်း၊ ဘဏ်ကတ်များဖြင့် ပေးချေခြင်း၊ ချက်လက်မှတ်/ငွေပေးအမိန့်လွှာ (PO) များဖြင့် ပေးချေခြင်း

စာရင်းပြောင်းပေးချေခြင်း (Account Transfer) နှင့် ငွေသားဖြင့် ဘဏ်သို့ပေးသွင်းပြီး ငွေပေးသွင်းပြီးကြောင်း စာရွက်စာတမ်းအထောက်အ ထားများ တင်ပြ၍ ငွေပေးချေခြင်းနည်းလမ်းများကို အသုံးပြုရမည်ဟုလည်း ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။

ဤအမိန့်ကြော်ငြာစာသည် ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေရမည်ဖြစ်ပြီး ဤအမိန့် ကြော်ငြာစာကို လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ အရေးယူ ခြင်းခံရမည်ဟု ဗဟိုဘဏ် ဥက္ကဋ္ဌဦးသန်းညိန်းက လက်မှတ်ရေးထိုးထားပါတယ်။

အရောင်းအဝယ်ငွေပေးချေမှုတို့တွင်လည်း အွန်လိုင်းငွေပေးချေမှုတို့ကို အချို့သည်သာ လက်ခံပြီး အချို့ကမူလက်မခံကြသေးပေ။လက်ခံသူတို့သည်ပင် ရာခိုင်နှုန်းယူနေကြမှုများရှိနေသည်။

လက်ရှိတွင်အင်တာနက်ငွေပေးချေမှုများကို နေရာတိုင်းတွင် တွင်ကျယ်စွာအသုံးပြုနိုင်ရေး လိုအပ်ချက်များရှိနေသေးသည်။ ရန်ကုန်မြို့ပေါ်ရှိ အချို့သောစားသောက်ဆိုင်အချို့သည်ပင်လျှင် အေတီအမ်ကဒ်ဖြင့်ငွေရှင်းပါက ၇ ရာခိုင်နှုန်း၊ K pay ဖြင့် ငွေရှင်းပါက ၈ ရာခိုင်နှုန်းစသည်ဖြင့်တောင်းယူနေတာတွေလည်း ရှိနေပါတယ်။

………………..

က်ပ္သိန္း၂၀၀ ထက္ပိုေသာ အေရာင္းအဝယ္၊ ဝန္ေဆာင္မႈလုပ္ငန္းမွန္သမွ်ကို ဘဏ္စနစ္အသုံးျပဳ၍ ဘဏ္စနစ္ျဖင့္ ေဆာင္႐ြက္ၾကရန္ ဗဟိုဘဏ္က ႏိုဝင္ဘာလ ၃ ရက္ ညပိုင္းတြင္ ထုတ္ျပန္လိုက္ပါတယ္။

က်ပ္သိန္း ၂၀၀ ထက္ပိုေသာ ေငြေပးေခ်မႈမ်ားအား ဒစ္ဂ်စ္တယ္ေငြေပးေခ်မႈနည္းလမ္းမ်ားျဖင့္ ေဆာင္႐ြက္ရာတြင္ မိုဘိုင္းဘဏ္လုပ္ငန္း (Mobile Banking)၊ အင္တာနက္ဘဏ္လုပ္ငန္း (Internet Banking) ျဖင့္ ေပးေခ်ျခင္း၊ ဘဏ္ကတ္မ်ားျဖင့္ ေပးေခ်ျခင္း၊ ခ်က္လက္မွတ္/ေငြေပးအမိန႔္လႊာ (PO) မ်ားျဖင့္ ေပးေခ်ျခင္း

စာရင္းေျပာင္းေပးေခ်ျခင္း (Account Transfer) ႏွင့္ ေငြသားျဖင့္ ဘဏ္သို႔ေပးသြင္းၿပီး ေငြေပးသြင္းၿပီးေၾကာင္း စာ႐ြက္စာတမ္းအေထာက္အ ထားမ်ား တင္ျပ၍ ေငြေပးေခ်ျခင္းနည္းလမ္းမ်ားကို အသုံးျပဳရမည္ဟုလည္း ဗဟိုဘဏ္က ထုတ္ျပန္ထားပါတယ္။

ဤအမိန႔္ေၾကာ္ျငာစာသည္ ထုတ္ျပန္သည့္ေန႔မွစ၍ အက်ိဳးသက္ေရာက္ေစရမည္ျဖစ္ၿပီး ဤအမိန႔္ ေၾကာ္ျငာစာကို လိုက္နာရန္ပ်က္ကြက္ပါက တည္ဆဲဥပေဒ တစ္ရပ္ရပ္အရ အေရးယူ ျခင္းခံရမည္ဟု ဗဟိုဘဏ္ ဥကၠ႒ဦးသန္းညိန္းက လက္မွတ္ေရးထိုးထားပါတယ္။

အေရာင္းအဝယ္ေငြေပးေခ်မႈတို႔တြင္လည္း အြန္လိုင္းေငြေပးေခ်မႈတို႔ကို အခ်ိဳ႕သည္သာ လက္ခံၿပီး အခ်ိဳ႕ကမူလက္မခံၾကေသးေပ။လက္ခံသူတို႔သည္ပင္ ရာခိုင္ႏႈန္းယူေနၾကမႈမ်ားရွိေနသည္။

လက္ရွိတြင္အင္တာနက္ေငြေပးေခ်မႈမ်ားကို ေနရာတိုင္းတြင္ တြင္က်ယ္စြာအသုံးျပဳႏိုင္ေရး လိုအပ္ခ်က္မ်ားရွိေနေသးသည္။ ရန္ကုန္ၿမိဳ႕ေပၚရွိ အခ်ိဳ႕ေသာစားေသာက္ဆိုင္အခ်ိဳ႕သည္ပင္လွ်င္ ေအတီအမ္ကဒ္ျဖင့္ေငြရွင္းပါက ၇ ရာခိုင္ႏႈန္း၊ K pay ျဖင့္ ေငြရွင္းပါက ၈ ရာခိုင္ႏႈန္းစသည္ျဖင့္ေတာင္းယူေနတာေတြလည္း ရွိေနပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*